စဉ်းစားကြစေလိုပါတယ် ( ၇၈ ) ( ရှက်မိပါတယ် ၊ တောင်းပန်ပါတယ် )


ငါတို့ တာဝန်မကျေ ခဲ့ဘူး ၊ အခုတော့ ညီငယ်တွေ အသက်သွေးချွေးတွေ ထပ်ရင်းနေရပြီ ။ - တောင်းပန်ပါတယ် ၊ ညီငယ်တို့ရေ ။

ငါတို့ တာဝန်မကျေ ခဲ့ဘူး ၊ အခုတော့ ညီငယ်တွေ အသက်သွေးချွေးတွေ ထပ်ရင်းနေရပြီ ။
– တောင်းပန်ပါတယ် ၊ ညီငယ်တို့ရေ ။

 

Photo Credit to Original Uploader.

( https://www.facebook.com/photo.php?fbid=1058460814167907&set=a.

437738462906815.128726.100000119948962&type=1 )

 

– နောက်ဆုံး တော့ ၊ ဒါပါဘဲလေ ၊

ခေတ် အဆက်ဆက် မှာ ၊ တိုင်းပြည် အတွက် ၊ တရား မျှတမှု အတွက် ၊

ဘာအကျိုး အမြတ်ကိုမှ မမျှော်ကိုးဘဲ ကိုယ်ကျိုး စွန့်ရဲ ၊ အသေခံရဲတာ ၊

ဒီ ဖြူ စင်တဲ့ ၊ အရောင် မစွန်းသေးတဲ့ ၊ စွန့်လွှတ်ရဲတဲ့ ကျောင်းသားတွေဘဲ ရှိတာလေ ။

သူတို့ကတော့ ခေတ် အဆက်ဆက် မှာ မတရားမှုတွေ ရှိနေတိုင်း ၊

ရှေ့ဆုံးကနေ ၊ ရင်မြေ ကတုတ် လုပ်ပြီး ၊ တွန်းလှန်နေဦးမှာပါဘဲလေ ။

 

ကျနော် ကတော့ ၊ ကိုယ်တွေရဲ့ ခေတ်တွေမှာတုန်းက ၊

ဒီလို မတရားမှုတွေ ဒင်းကြမ်းဖြစ်နေတဲ့ စံနစ်ဆိုးကြီးကို မဖယ်ရှားနိုင်ခဲ့ဘဲ ၊

ညီငယ် ကျောင်းသားတွေကို ဒီစံနစ်ဆိုး ပါတ်ဝန်းကျင်ကြီးကိုသာ လက်လွှဲပေးနိုင်လို့ ။

 

– ပြောရရင် ၊ အာဏာရှင် စံနစ်ဆိုးတွေကို ကိုယ့်ခေတ်မှာ အပြီးပြတ် မ တွန်းလှန်နိုင်ခဲ့လို့ ၊

ကျနော်တို့ ခေတ်ရဲ့ တာဝန်ကို ကျနော်တို့ မကျေ ပွန်ခဲ့လို့ ။

 

အခု ညီငယ် ကျောင်းသားတွေ က ကိုယ်တွေရဲ့ ၊ မ ပြီးဆုံးခဲ့တဲ့ ၊

မကျေ ပွန်ခဲ့တဲ့ တာဝန်တွေကို ဆက်ထမ်းဆောင်နေရတာ မြင်တိုင်း ။

 

သတ္တိ သွေးနည်းခဲ့တဲ့ ၊ တာဝန်မကျေ ခဲ့တဲ့ ကိုယ့် ဘဝ အတွက် ၊

ကျနော် အရှက်ရမိပါတယ် ။ ဝမ်းနည်း ခံစားရပါတယ် ။

 

ခေတ်ကောင်း ၊ စံနစ်ကောင်း ၊ ပါတ်ဝန်းကျင်ကောင်း ကို ၊

ညီငယ် ကျောင်းသားတွေကို လက်လွှဲ မပေးနိုင်ခဲ့တဲ့ အတွက် ၊

အရှက်ရ မိပါတယ် ၊ တောင်းပန်ပါတယ် ၊ ညီငယ် ကျောင်းသားတို့ရေ ။

 

အကိုကြီး တစ်ယောက် အနေနှင့် ၊ ငါတို့ တာဝန်မကျေ ခဲ့ဘူးကွာ ၊

အခုတော့ ညီငယ်တွေ အသက်သွေးချွေးတွေ ထပ်ရင်းနေရပြီ ။

– တောင်းပန်ပါတယ် ၊ ညီငယ်တို့ရေ ။

 

– တောင်းပန်ပါတယ် ။

– တောင်းပန်ပါတယ် ။

– တောင်းပန်ပါတယ် ။

– တောင်းပန်ပါတယ် ။

Foreign Resident

About Foreign Resident

Foreign Resident has written 200 post in this Website..

စားဝတ်နေရေးအတွက် သင်္ဘောလိုက်နေရင်း ၊ ကံဇတ်ဆရာရဲ့အလိုကျ ကျွန်းကြီးတစ်ကျွန်း ပေါ်မှာ သောင်တင်နေမိပြီး ၊ အမိမြေကို လွမ်းဆွတ်နေရသူပါ ။