လေပြေ

အတွေးရယ်လည် ရနံ့ပြယ်ပန်းအဝေးတစ်နေရာက
ခြေရာလိုက်ရှာရင်း မြေမှာဝေဆဲပေါ့

ကိုင်းခြောက်တို့ အသံပေးကြတယ်
လှိုင်းအောက်ကငါးကလေးလူးလွန့်ရင်း
မြူးတူးနေပြန်သေးတယ်
ခြေရာလိုက်ရှာဆဲပါ

တစ်နေ့ဆုံဖို့ ယုံကြည်ပါတယ်
အနေဝေးလည်း သွေးမအေးတက်သူမို့
မေရယ် ချစ်ခရီးလမ်းလေး တစ်ကွေ့မှာ
ဆုံမှတ်တူရင်လေ ခြေရာလေးများထပ်လို့
အနားမှာနေခွင့်ပြုပါနော် . . . . . .

ကာရံ ၂၉့ ၁ ၂၀၁၅

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..