ရှည်လာတဲ့ ဆံပင်လေးညှပ် အုံးမှ ဆိုပြီး ဆံသဆိုင်ကိုသွားဖြစ်ခဲ့ပါတယ်။ဆံပင်ညှပ်သူတို့ ထုံးစံအတိုင်း ညှပ်သူက ကိုယ်ခေါင်း ကို ညှပ် ကိုယ်က ဘာရယ်ညာ မပာုတ် အာလာပသာလာပြော…….

“ညီလေး….အသက်…ဘယ်လောက်ရှိပြီလဲ”
“ကျွန်တော့်…..35နှစ်….ပါ အစ်ကို”
“အိမ်ထောင်ကျပြီလား၊ကလေး ရှိလား,”
“အိမ်ထောင်တော့ကျပြီ၊ကလေးတော့ မယူသေးဘူး”
“အိမ်ထောင်ကျတာ နောက်ကျလို့လား”
“အိမ်ထောင်ကျတာ 10 နှစ် ရှိပြီ၊ ကလေးမယူသေးတာက
အဆင်မပြေသေးလို့ပါ……အစ်ကို”
“ပော…မင်းတို့10 နှစ်လုံးလုံး…..ဘာလုပ်နေကြတာလဲ”

အဲ့ဒီမှာ စပြီလွဲတော့တာပဲ၊အရာရာအားလုံး အဆင်ပြေမှ လုပ်မယ်ဆိုရင်…ကျွန်တော်မေးချင် မေးခွန်းက…..
“ဘယ်တော့…အဆင်ပြေမှာလဲ”၊မျက်မှောက် ခေတ်မှာ လင်ကော၊မယားကော ပြေးပာယ်၊လွှားပာယ် အလုပ်လုပ်နေ
ကြရတာ နားလည်လို့ရပါတယ်၊အဆင်ပြေမှ….မိသားစုခရီးလေးထွက်မယ်….မိန်းမ လိုချင်တဲ့ပာာလေး ဝယ်ပေးမယ်
…သားသမီးတွေ လိုချင်တာတွေ…ဝယ်ပေးမယ်၊သက်သက်ဖြုန်းနေတာ ဆိုရင်တော့ တမျိုးပေါ့။လူတွေပာာ တဖက်က ငွေကို သိမ်းကြုံး ရှာနေပြီးတဖက် က ကိုယ်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်သွားတာ မသိလိုက်ဘူး။

အဲ့ဒါနဲ့ပက်သက်လို့ ကျွန်တော့် မေမေ ပြောခဲ့တဲ့စကား
လေးတွေ ကို ပြန်လည်မျှဝေ လိုက်ပါတယ်၊

“အမေလေ..အသက်25နှစ် ကလည်း အဆင်မပြေဘူး၊သားတို့ မွေးပြီး တော့ 35နှစ်တုန်းကလည်း အဆင်မပြေဘူး၊
သားတို.တွေ ပညာတတ်ကြီး ဖြစ်အောင် ပြုစုပျိုးထောင်ပေး
တဲ့ 45နှစ်တုန်း ကလည်း အဆင်မပြေဘူး၊အခု မြေးတွေ ရလာတဲ့ အသက် 60မှာလည်း အဆင်မပြေသေးပါဘူး၊ဒါပေမယ်.အမေ သားတို့ရဲ့ ပျော်ရွှင်ဖွယ်ရာ အချိန်တွေကိုမဖြုန်းခဲ့ပါဘူး…..သားရယ်”

ဘဝရဲ့ နေဝင်ချိန် ဆိုတာ ခဏလေး ရောက်သွားမှာပါ၊သည်ကာလ လေး အတွင်းမှာ “အဆင်မပြေ သေးလို့ ပါ”
ဆိုပြီး ကိုယ့်ရဲ့ ပျော်ရွှင်ဖွယ်ရာ အချိန်တွေကို ဆုံးရှုံးပေးလိုက်ရတော့မှာလား……….

 

– ဖေ့စ်ဘွတ်မှာ တွေ့ကြမှာပါ… ဒါလေးက မူရင်းရေးသူကိုပဲ ခရက်ဒစ်လို့ ပြောပါရစေဗျာ… ရှယ်ကြတာ အများကြီးပဲ ဖြစ်နေလို့ပါ….

– ခံစားချက်ကလေး တိုက်ဆိုင်သွားလို့ပါ… တကယ်ကို အဲသလို ဖြစ်နေတယ်… ကျွန်တော်တို့ကတော့ အချိန်မနှောင်းသေး အရွယ် မကြီးသေးပါဘူး…

– သို့သော် ကလေးလိုချင်လို့ စဉ်းစားလိုက်ရင် အမေ့ဆေးဖိုးရယ်၊ ဈေးဖိုးရယ် လစာရယ်က အားပြိုင်နေကြတယ်…

– မလောက်ရတဲ့ အထဲ စိုက်ပါ စိုက်နေရတယ်… လစဉ် ၁ သိန်း ထပ်ထည့်နေရတယ်…

– ကိုယ့်ရင်သွေးပဲ လိုချင်တာပေါ့ဗျာ.. အဲဒါဖတ်ပြီး ကိုယ့်အဖြစ်ကိုယ်တွေးပြီး မျက်ရည်လည်လာလို့ တင်လိုက်တာပါ… ဆောရီးပါ…

 

ရေမြေ့သနင်း

Yae Myae Tha Ninn

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 114 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...