” လုပ်ရပေမယ့် မလုပ်သင့်ရင် လုပ်အုံးမှာလား “

 

 

ရန်ကုန်လေဆိပ် ပြည်ပထွက်ခွါ လေယာဉ်ခရီးစဉ်စောင့်ဆိုင်း ခရီးသည်နားနေရာတွင် နိုင်ငံခြားသားစုံတွဲက သူတို့အချိုရည်သောက်ပြီး ဗူးခွံကိုပစ်ဖို့ ဟိုဟိုဒီဒီလှည့်လည်ကြည့်ပြီး အမှိုက်ပုံးဆီကို လျှောက်သွားပြီး ဗူးခွံကို ပစ်ထဲ့လိုက်တယ်။ အဲဒီနားနေခန်းမှာဘဲ ကျုပ်တို့လူမျိုးမြန်မာယောက်ျားလေးသုံးယောက်အဖွဲ့က သူတို့စား သောက် ပြီးတဲ့ အချိုရည်ဗူးနဲ့တစ်ရှုးစကို မိမိထိုင်နေတဲ့ဘေးခုံမှာတင်ထားပြီး လေယာဉ်ပေါ်တက်လို့ရသဖြင့် ခရီးသည် နားနေရာက ထလာတဲ့အခါ ခုနားအချိုရည်ဗူးခွံနဲ့တစ်ရှုးစတွေကို ခုံပေါ်မှာဒီလိုဘဲထားခဲ့ကြတယ်။

 

ကျွန်တော်ရောက်ခဲ့တဲ့နိုင်ငံတစ်ခု၏ ပြည်ပထွက်ခွါ လေယာဉ်ခရီးစဉ်စောင့်ဆိုင်း ခရီးသည်နားနေရာတွင် လေယာဉ်စောင့်ဆိုင်းရင်း မြန်မာလူတစ်စု လေယာဉ်စောင့်ဆိုင်းရင် မုန့်နဲ့အချိုရည်သောက်စားကြပြီးတဲ့အခါ အချိုရည်ဗူးခွံနဲ့စက္ကူအိတ်၊တစ်ရှုးစတို့ကို အမှိုက်ပုံထံသွားရောက်ပစ်တာတွေ့ရတယ်၊ အဲဒီအဖွဲ့နဲ့ ကျွန်တော် လေယာဉ်တစ်စီးထဲစီးပြီး ရန်ကုန်လေဆိပ်အရောက် ခရီးဆောင်အိတ်ရွေးတဲ့ဆီမှာ မိမိခရီးဆောင်အိတ် စောင့်နေကြတုန်း ခုနမြန်မာလူတစ်စုထဲကသူက လေယာဉ်စီးခွင့်လက်မှတ်ကို အင်္ကျီအိတ်ထဲကထုတ် ကပ်ထူလေးကိုခေါက်ပြီး ရပ်စောင့်နေတဲ့နေရအနီးနံရံနားမှာ အလွယ်တကူဘဲချလိုက်တယ်။

 

အဲဒီလိုမြင်ခဲ့ရတဲ့မြင်ကွင်းတွေအရ ကျွန်တော်ဘာတွေးမိလဲဆိုရင် ကျုပ်တို့နိုင်ငံကသူတွေ မသိတာလဲမဟုတ် သိသိကြီးနဲ့ လုပ်လို့ရတော့ လုပ်နေကြတာပါလား၊ လုပ်မရတဲ့ နေရာ၊ နိုင်ငံရောက်သွားရင် ဒီလူတွေဘဲ မလုပ်ဘဲနေပြီး စည်းကမ်း၊စနစ်ကို လိုက်နာကြတာဘဲ၊ အခြားနိုင်ငံကသူတွေ လုပ်လို့ရ ရ၊ မရ ရ ဖြစ်သင့်တဲ့ လိုက်နာသင့်တဲ့ စည်းကမ်၊စနစ် ကို ဘယ်နေရာ ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ် တသမတ်ထဲလိုက်နာကြတော့ သူတို့စိတ်ဓာတ်တွေ အမြဲမြင့်သမို့ သူတို့တိုင်းပြည်လဲ အမြဲမြင်တဲ့ဆီကိုဘဲ ဦးတည်နေကြတာ မဆန်းဘူး ဆိုရမယ်လို့လေ။

 

မြန်မာပြည်ကြီး တိုးတက်ပြောင်းလဲချင်ကြတယ်ဆိုရင် ကိုယ့်သဏ္ဍန် ကိုယ့်အမူအကျင့်တွေကိုလဲ တိုးတက်တဲ့ နိုင်ငံကြီးသားဖြစ်အောင် အရင်ဆုံး နေထိုင်ပြုပြင်ပြောင်းလဲကြဖို့ အမှန်လုပ်ကိုလုပ်ကြရပေလိမ့်မယ်၊ အဲလို မဟုတ်ဘဲ လုပ်ချင်တဲ့သူကလုပ် မလုပ်ချင်တဲ့သူကမလုပ် ဖြစ်နေသမျှကာလပတ်လုံး ရပါလိမ့်မယ် ဒီမိုကရေစီနဲ့ တိုးတက်သောပြည်နိုင်ငံကိုလို့ပြောရမယ့်ကိန်းပါဘဲ။

 

ကွမ်းတံထွေး မထွေးရ ဆိုတဲ့နေရာတွေမှာ ကွမ်းတံတွေး ခိုးထွေးထားကြတယ်၊

အမှိုက်မပုံရဆိုတဲ့နေရာတွေမှာ လာပြီး အမှိုက်ပစ်၊ပုံကြတယ်၊

ကားမောင်းသွားရင် အလွယ်တကူစွန့်ပစ်တစ်ရှုး၊ပလပ်စတစ်အိတ်တို့ကို ဘေးမှန်ပေါက်ကနေ လွှင့်ချလိုက်တယ်၊

 

ဘစ်ကား သွားရမည့်လမ်းကြောင်းမဟုတ်တဲ့ လမ်းဘေကာင်းကနေ ဘစ်ကားမောင်းနှင်တယ်၊

 

ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်ပါဆိုပေမယ့် မဆောင်းကြဘူး၊ ယာဉ်ထိန်းဖမ်းတော့ အပြစ်ဆိုချင်တယ်။

 

မကျုးကျော်ရဆိုတဲ့နေရာတွေမှာ ကျုးကျော်တဲဆောက်နေကြတယ်။

 

အဲလို အဲလို တွေ အများများကြီးတွေ့နေ မြင်နေရလေလေ တိုးတက်ခေတ်မှီသော တိုင်းပြည်ဖြစ်ဖို့ ဝေးလေလေ လို့ဘဲ တွေးလေလေပါဘဲဗျာ။

 

တိုးတက်သောပြည်နိုင်ငံဖြစ်ချင်ကြရင် လုပ်လို့ရနေပေမယ့် မလုပ်သင့်ရင် မလုပ်ကြစမ်းပါနဲ့လို့ပြောလိုက်ချင် ပါရဲ့။

 

” ဗွမ်း ”

” ဟဲ့ ပလုတ်တုတ် ဘာသံပါလိမ့် ”

” ဘာသံမှမဟုတ်ဘူး အပေါ်ဆုံးထပ်က အမှိုက်ထုပ် နောက်ဖေးမြောင်းထဲ ပစ်ချလိုက်တာပါ ဖေကြီးရေ ”

” ဟေ ”

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 454 post in this Website..