ဒင်းအ​ကြောင်းက ​ပြောမကုန်​ပါဝူးဗျာ

ကျ​နော်​က ခီညားတို့သိတဲ့အတိုင်း ဘယ်​သန်

စိကလက်​​သောက်​ရင်​​တော့ ညာနဲ့​သောက်​တယ်

အိမ်​ကကားက ညာ​မောင်း​လေ ဒင်းကိုတင်​ပြီး အပြင်​သွားတိုင်း စိကလက်​ညာနဲ့​သောက်​ဖို့​လေ့ကျင့်​ထားရတာ​ပေါ့

မိညီမနဲ့စား​လေ့ရှိတာက​တော့ ​ကြေးအိုးပဲ

သူ့အကျင့်​က ဆီ​မွှေးထပ်​​တောင်း​လေ့ရှိတာပဲ

အဲ့အကျင့်​ ကျ​နော့်​ဆီကူးဆက်​သွားတယ်

ကြေးအိုးဆိုင်​​ရောက်​တိုင်း ဆီ​မွှေးထပ်​မှာမိရဲ့

ချစ်​ဖို့တကယ်​​ကောင်းခဲ့ပါတယ်​ အမြဲတမ်း အား​ပေး​လေ့ရှိတယ်

နာမည်​ကြီးအသည်းဆရာဝန်​တေ​ယောက်​ရြဲ့ အစစ်​စတန့်​ လုပ်​တယ်​​လေ

အရက်​သမားကုတဲ့ဆရာဝန်​ဆိုပြီး​ခေါ်​တော့ ကျ​နော့်​ကို ဂျပန်​အထိဖုန်းဆက်​ဆဲတယ်

ကျုပ်​ကိုသာဆဲတာ ကျန်​ကိုယ်​​တော်​​လေးနဲ့ကျ အ​တော်​အဆင်​​ပြေသဗျ

မုန့်​ထွက်​စားရတာနဲ့ ကားပတ်​စီးရတာနဲ့ မသူ​တော်​အချင်းချင်းကြည်​ညိုဂျတယ်

မာမီ့ကို စမတ်​ဖုန်းနဲ့ ​အွန်​လိုင်းသုံးတတ်​​အောင်​သင်​တာလည်း ဒင်းပဲ​လေ

မားသားဂျီးထိပ်​ဆုံးဖုန်းနဲ့ရိုက်​ပို့တဲ့ပုံက ဒင်းပုံ

ဂျူတီကုတ်​​လေးနဲ့​ချောင်​ထဲမှာ ငို​နေတာ

ကျန်​​ကျောင်း အသည်းကာကွယ်​​ဆေးသွားထိုးတဲ့​နေ့က​ပေါ့

သူမထိုးရက်​လို့ တခြားတ​ယောက်​ကိုထိုးခိုင်းပြီး ​ချောင်​ထဲမျက်​ရည်​ကျ​နေတာ​လေ

အဲ့လိုကျ​တော့လည်းချစ်​စရာ​ကောင်းသား

တခါတခါ​တော့​ဖောက်​သဗျ

ကျုပ်​ငယ်​ငယ်​က စိတ်​ဆိုးတိုင်းဒင်းပုံ ကာရီကာချာဆွဲပီးဟားဖူးတယ်

အဲ့လိုကျ​တော့လည်းပြုံး​နေပြီးဘာမှမ​ပြောတတ်​ဘူး

ကျ​နော်​ အ​ရှေ့ကျွန်းသွား​တော့ တနှစ်​စာအိမ်​သုံး​ဆေးအကုန်​ထည့်​​ပေးတယ်​​လေ

ဆေးညွှန်းနဲ့တကွ

အဲ့တာနှစ်​တိုင်းပဲ

ကျ​နော်​ဓာတ်​မတဲ့တာလည်းသူသိတယ်

ခနခန သတ်​မယ်​ချိန်း​ခြောက်​ဖူးတယ်​ စိတ်​ဆိုးတိုင်း

တကယ်​​တော့ သူသတ်​ရင်​ကျ​နော်​​သေခဲ့တာ ကြာပါပြီ

တကယ်​ချစ်​ဖို့​ကောင်းတဲ့ မိညီမပါ

နောက်​မှဆက်​မယ်​ဗျာ

 

 

ムラカミ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011