မန္တလေးဂေဇက် သြဂုတ်လ ၂၀၁၀ အယ်ဒီတာ့သင်ပုန်း
|1022- Hits|
ကွဲပြားခြင်းကြောင့် ခွဲခြားခြင်း
လူသည် အသားအရောင်ကွဲနိုင်သည်။ အရပ်အမောင်းကွဲနိုင်သည်။ ဣတ္ထိလိင်၊ ပုလ္လိင်၊ နပုန်းပဏ္ဍုက်ဖြစ်နိုင်သည်။ ရုပ်ခန္ဓာတွင် တဦးနှင့်တဦး မတူညီကွဲပြားခြင်းအားလုံးကို ရှုမြင်ကာ ခွဲခြားနိုင်သည်။ ကိုးကွယ်ယုံကြည်ရာဘာသာ ကွဲနိုင်သည်။ မွေးရာဒေသကွဲနိုင်သည်။ ဇာတိမျိုးနွယ်ကွဲနိုင်သည်။ အမူအကျင့်ကွဲနိုင်သည်။ ကျွမ်းကျင်မှုကွဲနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ ခြားနားချက်ဖြင့်လည်း ခွဲခြားနိုင်ပါလေသည်။
တဦးတယောက်စီ၏ သြဠာရိက(ရုပ်ကြမ်း)၊ သုခုမ(ရုပ်နု)တို့ မည်သောအခါမှ ထပ်တူကျအောင်ပြုစုပြင်ယူနိုင်ခြင်း မဖြစ်နိုင်လေရာ မဖြစ်နိုင်သည်များကို ခွဲခြား အုပ်စုသွင်းကြခြင်းသည် လူ့ဓလေ့၊ လူ့သဘာဝမျှသာဖြစ်သော်ငြား Ingroup, Outgroup မိမိနှင့်တအုပ်စုတည်း(သို့မဟုတ်)အုပ်စုအပြင်မှလူ စသဖြင့် ခွဲခြင်းဖြစ်သာ မတင်းတိမ်မူပဲ တဖက်နှင့်တဖက် အပြန်အလှန်အင်အားပြိုင်မှုများဖြစ်လာအောင် အားထုတ်ပြုလုပ်လာလျှင်ကား အဆိုပါသူ(အုပ်စု)၏ ရည်ရွယ်ချက်နှင့် စေတနာသည် အရေးပါအရာရောက်လာတော့မည်ဖြစ်ပါသည်။
လူတူ၊ ရောင်ကွဲများ
မတူညီသောကာလ၊ဒေသ၊ပယောဂတို့ကြောင့် လူသားမျိုးနွယ်တို့သည် အသားအရောင်၊ ကိုးကွယ်ရာဘာသာ၊ လူနေမှုပုံစံ၊ ဓလေ့ထုံးတမ်းများလည်း ကွဲပြားခြားနားကြပါသည်။ အာဖရိကတိုက်ဇာတိနွယ်များက အသားအရောင်ရင့်မှောင်ကြပြီး လူမဲ(ကပ္ပလီ)များဟုခေါ်ကြသည်။
နေရောင်ခြည်အပွင့်နည်းသော ဥရောပတိုက်၏ အေး၍ခြောက်သွေ့သော လေကိုရှုရသည့် ကော့ကေးရှန်းအနွယ်တို့သည် ကြီးရှည်သောနှာခေါင်းနှင့် ပါးသောအရေပြားဖြင့် ဖြစ်တည်ကြကာ ပန်းနုဖြူရောင်သန်းကြ၍ လူဖြူဟု အမည်တပ်သည်။
လွန်ခဲ့သော နှစ် ၅၀၀ကျော်က အမေရိကတိုက်ကြီးကိုတွေ့ရှိလွှမ်းမိုးသိမ်းယူပြီးနောက်ပိုင်း ဒေသခံများ(မက်ဆီကို၊ လက်တင်အမေရိက၊ တောင်အမေရိကနိုင်ငံတို့မှ သူများ)နှင့်သွေးနှောသွားကြသော ဥရောပတိုက်မှ သွေးနှောလူဖြူများကို လူညို(Hispanic)ဟုသမုတ်ကြသည်လည်း ဖြစ်ပါသည်။
အာရှတိုက်သားအများစုမှာ နက်သောဆံပင်၊၀ါသောအသားရေရှိကြပါသည်ဟုပြောကာ လူဝါဆိုကြလေသည်။
မည်သို့ဆိုကြစေ အသားအရောင်သည် လူသားတို့ကို အုပ်စုခွဲထုတ်နိုင်သည့် သိသာထင်ရှားသောကွဲပြားမှုကြီးပင်ဖြစ်နေလေ၏။
All men are created equal
အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးကြေငြာစာတမ်း(July 4, 1776)တွင် သောမတ်ဂျက်ဖာဆင်ရေးသားထားသော (All men are created equal)ကိုတွေ့ရပေရာ အဆိုပါစာကြောင်းသည် လူသားတို့တန်းတူညီမျှမှုကို ပြသနေခြင်းဖြစ်ပြီး ထို့ကြောင့်ပင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကြေငြာစာတမ်း(December 10, 1948)အပိုဒ်(၁)တွင်( All human beings are born free and equal in dignity and rights.) ဟု ရေးထွက်နိုင်ခဲ့ခြင်းဖြစ်သည်။
လူဖြူ၊လူမဲတို့၏ ကွဲပြားမှုတို့ကို အသုံးချကာ ခွဲခြားခြင်းအား တိုင်းပြည်၏ အင်အားစွမ်းအင်အဖြစ် ပြောင်းလဲနိုင်စွမ်းသော အမေရိကန်ပြည်ထောင်စုတည်ထောင်သူဖခင်ကြီးများသည် လူညိုများ၏မြေ(တောင်ပိုင်း မြောက်အမေရိကတိုက်)ကိုလည်း အရယူခဲ့ကာ အရောင်စုံသော အမေရိကန်ပြည်ထောင်စုအဖြစ် တည်ထောင်နိုင်စွမ်းခဲ့သည်။ ဒီမိုကရေစီကျကျ မဲခွဲဆုံးဖြတ်မှုတိုင်းတွင် အများစုကသာအနိုင်ရရန်သေချာနေပေရာ အနည်းစုအတွက် ရပ်တည်ကာကွယ်ပေးရမည့် တဦးချင်းစီ၏ အခွင့်အရေးကို ဖေါ်ဆောင်နိုင်သော အစောဦးဆုံးအဆိုပါစာကြောင်းကြောင့်ပင် အမေရိကသည် ခွဲခြားခြင်းတို့ကို ဆွဲစေ့နိုင်သော-လူ့အခွင့်အရေးအပေးနိုင်ဆုံးသော အတိုးတက်ဆုံးတိုင်းပြည်ကြီးအဖြစ်သို့ မရပ်တန်း တက်လျှောက်နိုင်ခဲ့သည်ပြောနိုင်ပါမည်။ ရာစုနှစ်၂ခုသော သမိုင်းသက်သေက ပြနေသည်ဖြစ်သတည်း။
(Amendment XIV)
၂၀၀၉ခုနှစ် ဇန်န၀ါရီ(၂၀) တွင်ကျမ်းကျိမ်သစ္စာဆိုသော သမ္မတအိုဘားမားသည် အာဖရိကန်(အမဲ)နှင့် ကော့ကေးရှန်(အဖြူ)တ၀က်ဆီရောသော လူတဦးဖြစ်သည်။ တိုင်းပြည်၏ စီးပွားရေးလေးလံထိုင်းမှိုင်းမှုဖြစ်သောကာလ(December 2007 ~ July 2009) အတွင်း တက်လာသော သမ္မတသည် ရှေ့ မှသမ္မတ ဂျော့ရှ်ဘုရှ် ၏ အုပ်ချုပ်စီမံခန့်ခွဲမှုပုံစံအများအပြားကို ပြုပြင်ပြောင်းလဲခွင့်ရသည့် ရွေးကောက်ခံသမ္မတလည်းဖြစ်ပါသည်။
အထက်လွတ်တော်(ဆီးနိတ်)၊အောက်လွတ်တော်(ကွန်ဂရက်)နှင့် သမ္မတရာထူးအထိ ဒီမိုကရက်တို့က အုပ်စီးထားနိုင်သောအခါ သမ္မတအလိုရှိသမျှ ဥပဒေဖြစ်သွားသည်တို့ကိုလည်းတွေ့ရပါလိမ့်မည်။ ရာစုနှစ်တခုစာမျှ လိပ်ခဲတည်းလည်းဖြစ်နေခဲ့သော အမျိုးသားကျမ်းမာရေးဆိုင်ရာပြုပြင်မှုနှင့် ငွေကြေးဆိုင်ရာ ပြုပြင်မှုတို့ကို လည်း အတိုက်အခံဖြစ်သော ရီပါ့ဗလစ်ကန်င်တို့ အပြင်းအထန်ကန့်ကွက်ကြသည့်ကြားမှ ဥပဒေပြူနိုင်ပေခဲ့ရာ အမေရိက၏နိုင်ငံရေးအင်အားချိန်ခွင်လျှာ တဖက်စောင်းထိုးနေဟန်ရှိသည်။
ချိန်ခွင်လျှာ ပြန်တည့်နိုင်ရန် ယခုနှစ် နိုဝင်ဘာတွင်ပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲများတွင် ရီပါ့ဗလစ်ကန်င်ပါတီသည် ဥပဒေပြုလွှတ်တော်အမတ်နေရာအချို့ ပြန်ရနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံသုံး၍ နိုင်ငံရေးကစားသည်ကို မြင်ကြရပါသည်။
ယိမ်းသောမီဒီယာများ၏ ဘက်လိုက်တွန်းအားပေးမှုနှင့်အတူ အသားအရောင်နှင့် လူမျိုးရေးရှေ့ တင်ကာ ထိုးနှက်မှုများ၊ လူဖြူတို့၏ဇာတိသွေးကို တိုးကြွစေသော တီးပါတီလှုပ်ရှားမှုများသည် လူမဲသွေးတ၀က်ပါသော သမ္မတနှင့် အာဏာခေါင်းကိုင်ပါတီကို ကိုင်လှုပ်နိုင်သော ကျားကွက်များဖြစ်သည်။ အမေရိက၏ပင်မကျောရိုးလူတန်စားဖြစ်သော လူဖြုများအား သိမ်းသွင်းမောင်းနှင်ရန် လူမျိုးရေး၊ ဇာတိသွေးကို ရှေ့ တန်းတင် စည်းရုံးနေသည်လည်း မြင်ရသည်။ လူဖြူ၊လူမဲ၊လူညိုတို့၏ ကွဲပြားမှုတို့ကို အသုံးချကာ ခွဲခြားခြင်းအား ပါတီ၏အင်အားအဖြစ် ပြုမည့် တမိုင်းဘီးတပါတ်လည်သော နည်းဗျူဟာဟု ထင်မိပါသည်။ သို့ဖြင့် အပြန်အလှန်အင်အားပြိုင်မှုများဖြစ်လာအောင် အရောင်များနှင့်ကစားသောအခါ အကျိုးဆက်အဖြစ် အမဲ၊ အညိုတို့နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဆူပွက်လာစရာအကြောင်းရှိသည်။
ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ အမေရိကတွင်တရားမ၀င်ရွှေ့ ပြောင်းခိုလှုံနေသူ ၁၂သန်းမျှတို့အားလည်း လက်ညိုးညွှန်နိုင်ငံရေး ကစားကြသောအခါ အခြေခံဥပဒေကို ထိခိုက်ပြောလာကြသည်အထိဖြစ်လာသည်။ (July 9, 1868)တွင်ပြဌာန်းအတည်ဖြစ်သော (Amendment XIV)တွင် အမေရိကန်နိုင်ငံသားအား တန်းတူညီမျှသောအခွင့်အရေးများ အပြည်အ၀အာမခံထားပေရာ ထိုအခြေခံဥပဒေသည် အမေရိက၏ အကောင်းဆုံးအရာ၊ အမြင့်ဆုံးအမေရိကန်တန်ဖိုးတခုဖြစ်သော်ငြား ပြင်ဆင်လိုသော ရီပါ့ဗလစ်ကင်န်အမတ်များရှိနေသည်ကိုပင် အံသြစွာတွေ့နေကြရသည်။
သို့သော် သတင်းမီဒီယာ၊ တရားစီရင်ရေးအာဏာ လွမ်းမိုးအားကောင်းလှသော အမေရိကသည် လူသားတို့တန်းတူညီမျှမှုကို ဘာသာရေးအရလည်း အခြေခံကျကျယုံကြည်ထားကြပေရာ အရာအားလုံးကောင်းမွန်စွာကျော်ဖြတ်သွားမည်ဟု အသေအချာအာမခံနိုင်ပါလေသည်။
ပေသုံးသောင်းအမြင်
မြန်မာပြည်၏မြန်မာ့ယဉ်ကျေးမှုတွင် မြန်မာတို့သည် လူသားတိုင်း တန်းတူညီမျှရှိသည်ဆိုသည်ကို လက်သင့်မခံပေ။ မွေးဖွားလာသည်နှင့် ထိုထို လူသား၏ ရှေးဘ၀အထုံပါရမီ၊ကံ၊ ၀ဋ်စသည်တို့သည် ထပ်ချပ်တွဲပါလာသည်ဟုယုံကြည်ကြလေသည်။ တိုင်းဆမသိနိုင်သောအရာ(ကံ)တို့အားရည်ရွယ် ကွဲပြားထားခြင်းကြောင့် လူတဦးနှင့်တဦးအား မျက်မြင်အားဖြင့်လည်းကောင်း၊ ထိတွေ့မှုအတိုင်းအတာကာလအားဖြင့်လည်းကောင်း ဆုံးဖြတ်ခွဲခြားရခက်သည်ဟုလည်း ပြောနေနိုင်သည်။ လှံထမ်းလာတာ မြင်ရ၊ ကံထမ်းလာတာ မမြင်ရ။ ဟူသော ရှေးစကားသည် ထိုအဓိပ္ပါယ်ကိုဖွင့်ဆိုခြင်းဖြစ်၏။
သို့သော်…လူသားသည် လူ့သဘာဝအလျှောက် လူသားဆန်စွာ အုပ်စုဖွဲ့၊ခေါင်းစဉ်တပ်၊တံဆိပ်ကပ်လုပ်မည်သာဖြစ်ပေရာ မြန်မာတို့သည် ထိုထိုလူသားတို့၏ ဇာတိ၊မျိုးနွယ်၊၀တ်ထားသော ယူနီဖောင်းအရောင်၊ ဆင်မြန်းခြုံလွှမ်းထားသော တန်ဆာ၊အဆောင်၊အရောင်စသည်တို့နှင့် ခွဲခြားမှုပြုလိုက်ကြသည်ကို သတိထားမိသည်။ “အကာများနှင့်ကစားသည်”ဟု တင်စားချင်ပါသည်။ ဤသို့အားဖြင့် မြန်မာတို့ အုပ်စုကြီးများဖွဲ့ကြ၍ အားပြိုင်နေကြသည်ဟု မြင်မိသည်။ ထိုအားပြိုင်မှုတွင် အုပ်စုခေါင်းဆောင်တဦးထဲ၏ စေတနာနှင့်ယှဉ်ကာ တိုးတက်ခြင်းကျဆုံးခြင်းတို့ဖြစ်သည်ကို မြန်မာ့သမိုင်းသက်သေထားကြည့်လျှင်တွေ့ရမည်။
ထိုထိုသော ပြဿနာရပ်၊အားပြိုင်မှုတို့ကို မြေကမ္ဘာအထက် ပေ၃သောင်း(ဂျက်လေယဉ်ပျံသောအမြင့်) မှ ဖြန့်ကျက်ကြည့်မြင်အသွင်ဖြစ် ဆန်းစစ်ကြည့်နိုင်သည်။ (30,000 foot view သည် ယနေ့ခေတ်စားနေသော စကားတွဲတခုဖြစ်သည်)။ပေသုံးသောင်းအမြင့်မှတက်ကြည့်လျှင် မြင်ကွင်းကျယ်ခြုံငုံမြင်ရသကဲ့သို့ ထိုအမြင်ဖြင့်ကြည့်ယူပါလျှင် လူအုပ်စုတို့တွင်ဖြစ်ပျက်နေသော ပြသနာအရပ်ရပ်၏ ၉၀ရာခိုင်နှုန်းကျော်သည် ကမ္ဘာ့မူလအရင်းအမြစ်များအား လုယူရွေ့ ပြောင်းကစားနေကြခြင်းကြောင့် ဖြစ်ကြခြင်းသာလျှင်ဖြစ်သည်။ မူလအရင်းအမြစ်များ၏ ပကတိဇာတိကို ထင်ရှားသော သဏ္ဍန်ုဖြင့်တင်စားပြရပါလျှင်မူကား “ငွေ ကိစ္စများ”သာလျှင်ဖြစ်ပါသတည်း။
မြန်မာတို့သည် ကံကံ၏အကျိုးယုံကြည်သူများပေရာ ထိုယုံကြည်ချက်ဖြင့် လူတို့ကိုကြည့်ရှုဆုံးဖြတ်ကြရာတွင် ထိုသူတို့၏ လုပ်ရပ်၊ စေတနာတို့ကို ပေသုံးသောင်းအမြင်ဖြစ် ပကတိဇာတိကို သိလျှက် ခွဲခြားကြပါမှု မြန်မာသည်ကမ္ဘာတွင်တိုးတက်သော လူမျိုးနွယ်စုအဖြစ်ကွဲပြားလာမည်မှာ အသေအချာဖြစ်ပါသည်ဟု နိုးကြားလိုက်ရပါသတည်း။ ။
မှတ်ချက် ။ Vol4/Issue6 July-Aug 2010 တွင်ပုံနှိပ်ဖေါ်ပြထားသည်။
Related posts:
- အယ်ဒီတာ့သင်ပုန်း-ဒီဇင်ဘာ ၂၀၀၉ မန္တလေးဂေဇက် အတွဲ၎။အမှတ်၂
- မတ်-ဧပြီလ မန္တလေးဂေဇက် အယ်ဒီတာ့ သင်ပုန်း (အတွဲ၎၊ အမှတ်၎)
- အယ်ဒီတာ့သင်ပုန်း – ၂၀၀၉ စက်တင်ဘာ
- ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုမှ စောစီးစွာ ထွက်ခွာသွားတဲ့ ပြင်သစ်
- စင်္ကာပူ ITE ၂၀၁၀ ပညာသင်နှစ် ကျောင်းဝင်ခွင့်အတွက် ကျောင်းလျှောက်ထားမှုပုံစံများနှင့် ၀င်ခွင့်သတ်မှတ်ချက်များ ပြောင်းလဲမှုရှိ


ယူအက်စ်က မီဒီယာတွေ ဘက်လိုက်နေတဲ့အကြောင်း နည်းနည်းရှာရသလောက် မှတ်တမ်းထားတာပါ။
– News Corp. — the parent company of Fox News — just donated $1 million to the Republican Governors Association, an official organization campaigning against Democrats all over the country this fall. It’s one thing to echo Republican talking points and hire Sarah Palin for political “analysis.” It’s another thing to cut those Republicans a seven-figure check to fund their attack ads and robo-calls.
– General Electric, the parent company of NBC, CNBC, and MSNBC, has given more than $1.75 million this cycle, including $1,097,423 to Democratic candidates and committees and $651,413 to GOP candidates and committees.
Last cycle, GE gave $2.2 million to Democrats, $1.1 million to Republican.
Was this answer helpful?
LikeDislikeRef:
–David Allen uses the 30,000 foot view in his Getting Things Done book.
* 50,000 feet: Life
* 40,000 feet: Three to five year visions
* 30,000 feet: One to two year goals
* 20,000 feet: Areas of responsibility
* 10,000 feet: Current projects
* Runway: Current actions (tasks)
Was this answer helpful?
LikeDislike