သမ္မတ​လောင်း အဘဖားသက်​ပြင်းနဲ့ အီးလဲပန်း မီဒီယာတို့ရဲ့ အင်​တာဗျူး ကိုတင်​ဆက်​လိုက်​ပါတယ်

 

မေး အဘရှင့်​ အဘရဲ့ အ​ကြောင်းကို အကျဉ်းချုပ်​​လေး သိပါရ​စေ

 

ဖြေ အဘက ရန်​ကုန်​တိုင်း​ဒေသကြီး ရွာသာကြီးအထူးနယ်​​မြေ လွှတ်​​တော်​ကိုယ်​စားလှည်​ အနန်​တသူရိယ မဏိ​ဇောတဒရ ဘတ်​ဒန်​တ ဂန်းနာဝါစက ၀ဏ​ကျော်​ထင်​ အကယ်​ဒမီများရှင်​ စီနီယာ ပါ​မောက်​ခ ​ဒေါက်​တာ ဟစ်​အိပ်​စယ်​လန်​စီ အဘဖားသက်​ပြင်းပါကွယ်

 

မေး ထိပ်​ဆုံး​မေးချင်​တာက အဘ အမျိုးသားရင်​ကြား​စေ့​ရေးကို ဘယ်​လိုသုံးသပ်​ပါသလဲ

 

ဖြေ အဲအမျိုးသား​တေ ရင်​ကြားမ​စေ့လည်း ဘသူမှ နိုး​သောက်​ဂရုပါကွယ်

အမျိုးသမီး​တေ ရင်​ဂျားမစိရင်​သာ ကျိလို့​ကောင်း အဲ​လေ ကျိရင်​ အသက်​ရှီသဒဲ့

အဘက နိုင်​ငံ့တာဝန်​ကိုနှစ်​​ပေါင်းများစွာထမ်းချင်​တာဆို​တော့ အဘအသက်​ရှီ​အောင်​ ဟိ

မေး အပစ်​အခတ်​ ရပ်​ဆဲ​ရေးကို​ရော အဘ ဘယ်​လိုသ​ဘောရပါလဲ

 

ဖြေ ​အော်​သာမီးရယ်​ အပစ်​အခတ်​​တွေရပ်​ပြီး တဖက်​နဲ့တဖက်​ ဘဇပ်​နဲ့ ဆဲကြမယ်​ဆို အ​ကောင်းဆုံး​ပေါ့

မေး အဘ ဒါဆို အ​နောက်​ခြံစည်းရိုး အ​ရေးက​ရော?

 

ဖြေ အဘတို့အိမ်​ရဲ့အ​နောက်​ဘက်​က ဘုန်းကြီး​ကျောင်းကွဲ့ ဆို​တော့ကာ အ​နောက်​ခြံစည်းရိုးအ​ရေးက ဘုန်းဘုန်း​တွေကိုသာ သွား​မေးပါကွယ်

မေး အဘ မြစ်​ဆုံကိစ္စ​ရော ဘယ်​လိုမြင်​လဲဟင်

ဖြေ အဲ့မြစ်​​တွေ လာဆုံတာကိုက ပြသနာဗျ အဲ့မြစ်​နှစ်​​ချောင်း လာသာမဆုံရင်​ ဂ​နေ့ ခုလို​တွေ​ဖြေ​နေရမှာမဟုတ်​ဘူး

မေး မျိုး​စောင့်​ ဥပ​ဒေကိုလည်း ဘယ်​လိုမြင်​လဲအဘ

ဖြေ ဟို​လေ အဘက တိုင်းရင်းသား​ပေါင်းစုံနဲ့လှည့်​ပတ်​ ငြိမ်းချမ်း​ရေးယူထားသူမို့ ဒီ​မေးခွန်း​တော့မ​ဖြေပါရဇီနဲ့ကွယ်

 

မေး အမျိုးသမီးတို့ရဲ့အခန်းဂန်​ဒ အ​ကြောင်းလည်း အဘသ​ဘောထား​လေးသိပါရဇီအဘ

ဖြေ အမျိုးသမီး​တွေကို ပို​နေရာ​ပေးဖို့ အဘလုပ်​​ဆောင်​သွားမှာပါ အဘဆို အဘအိမ်​ကိုပြင်​​ဆောင်​ဖို့ ကြံထားပါတယ်​ အဘယူမယ့်​ အဘအမျိုးသမီး​တွေကို ပို​နေရာ​ပေးဖို့ပါ

 

မေး အိန်​ဒိယပြည်​နဲ့ စိနပြည်​နဲ့ဆက်​ဆံ​ရေးအတွက်​​ကော အဘ ဘယ်​လိုပြင်​ဆင်​ထားပါသလဲ

ဖြေ ဟုတ်​ကဲ့ စမူဆာကို ကျ​နော်​ ၀က်​သားသွတ်​ပီး တီရုပ်​ပြည်​ကို တင်​ပို့ပါမယ်

ပေါက်​ဆီကို အသားတုထည့်​ပြီး အိန်​ဒိယပြည်​ကို​ရောင်းပါမယ်​ ဒါဆို အားလုံးအဆင်​​ပြေသွားမှာပါ

 

မေး ​ကျောင်းသား​တွေပညာ​ရေး အတွက်​​ရော အဘ ဘယ်​လိုစဉ်းစားထားပါသလဲ

ဖြေ ဒါက လက်​တ​လော​ဟော့အစ်​ရှူးပါ

အဘက​တော့ ပြင်​ညာ​ရေးဆိုတာ ပြင်​ပြင်​ပြီးညာမှ​ကောင်းမယ်​လို့ လက်​ခံထားပါတယ်​ တမျိုးတည်း​တောက်​​လျောက်​ညာရင်​ လူသိမယ်​မလား

မေး မှတ်​သား​လောက်​ပါတယ်​အဘ ရှင့်​ စီးပွား​ရေးအတွက်​​ရော အဘ ဘယ်​လို​တွေးထားပါသလဲ

ဖြေ သာမီးရယ်​ ဆီးပွား​ရေးအတွက်​​တော့ အဘက နိုင်​ငံတ၀ှမ်း ဗြစ်​ဆိုင်​​တွေကို အခွန်​ကင်းလွတ်​ခွင့်​​ပေးဖို့ စဉ်းစားထားပါတယ်

ဘီဘီကဆီးရွှင်​တယ်​မလား ဆီးပွားတဲ့သ​ဘော​ပေါ့

နောက်​ပီး မာဆတ်​​တွေကိုလည်း အဆင့်​မြှင့်​တင်​​ပေးသွားဦးမှာပါ ပြည်​သူ​တွေစိတ်​ချမ်းသာဖို့ အဓိက​လေ

မာရှီ ကိုလည်း အခွံ​ကောက်​ပီး လွတ်​လပ်​စွာ ဖြန့်​ဖြူးခွင့်​​ပေးမှာဗာ

 

မေး ကားကျပ်​တဲ့ ပြသနာကိုလည်း အဘ ဘယ်​လိုမြင်​ပါသလဲရှင့်

 

ဖြေ ​၆သရမ်း​မောင်းတဲ့ ကား​တွေပျက်​ ၆သရမ်း​မောင်းတဲ့ မသာ​တေ ​သေကုန်​ရင်​ ဒီပြသနာ ငြိမ်းချမ်းသွားမှာပါကွယ်​ အချိန်​​တော့ ​စောင့်​ရမှာ​ပေါ့

 

မေး အဘသာ အာဏာရလာခဲ့ရင် ထိပ်​ဆုံး ဘာလုပ်​မလဲရှင့်

 

ဖြေ မိဘပျီသူများ ခံဗျာလို့ ​ပြောပါမယ်​ခည

 

မေး အဘအ​နေနဲ့ သမိုင်းမှာဘယ်​လိုကျန်​ခဲ့​အောင်​ ​ဆောင်​ရွက်​မယ်​ စိတ်​ကူးပါသလဲ

 

ဖြေ ဟုတ်​ကဲ့ ကျ​နော်​ သမိုင်းမှတ်​တိုင်​​ရောက်​ရင်​ စပယ်​ရာကို ရပ်​ခိုင်းပါမယ်​ မရပ်​​ပေးရင်​ ခုန်​ချပါမယ်

မဟုတ်​ရင်​ ​ကျ​နော်​ အင်းစိန်​ထိပါသွားမှာစိုးလို့ပါ

 

 

ဟတ်​ကဲ့ ကျမတို့ အီးလဲပန်း မီဒီယာက​နေပီး​တော့

ခုလိုမှတ်​သားဖွယ်​ရာများကို အချိန်​ကုန်​ခံပီး ကိုယ်​ဖိရင်​ဖိ အ​သွေးထဲအသားထဲက ​ဖြေကြား​ပေးပါ​သော

အဘ ဖားသက်​ပြင်းကို လှိုက်​လှိုက်​လှဲလှဲ အားတက်​သ​ရော ဒလမန်းကြမ်း ​ကျေးဇူးတင်​ပါတယ်​ရှန်

 

ကျော်​ကလည်း ​ကျေး​ကျေးပါဆို့

ဒချိဒချိ

:-)

ムラカミ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011