ဗိုလ်​ချုပ်
ဟုတ်​လား
မနာလိုစရာအပြည့်​နဲ့
ပုံပြင်​ထဲက ဇတ်​​ကောင်
ဘယ်​ဇာတ်​ညွှန်းဆရာမှ မတတ်​နိုင်​တဲ့
ဇာတ်​ညွှန်းရှုပ်​​ထွေးမှုအပြည့်​နဲ့
လျှို့ဝှက်​ချက်​အပြည့်​နဲ့
နှစ်​​ပေါင်းတစ်​ရာ ပြည့်​ခဲ့တာ​တောင်
သူ့သမိုင်းကို ပုံ​ပြောဆရာ​တွေ
ဟိုနားတစစ်​ ဒီနားတစ်​စ ပဲ
ဆွဲထုတ်​​ပြောနိုင်​​သေးရဲ့
ပုံပြင်​မဟုတ်​ဘူး မ​ပြောပါနဲ့
တစ်​ကယ့်​ လက်​​တွေ့ဘ၀မှာ
မရှိနိုင်​​တော့တဲ့သူ
မ​တွေ့နိုင်​​တော့တဲ့ အ​ကြောင်းအရာ​တွေနဲ့
တစ်​ချိန်​တုန်းက လူငယ်​တစ်​​ယောက်​ရှိ​လေသတည်း ။
သူ့အမည်​နာမက ​အောင်​ဆန်းဟု အမျာကသိ​လေ၏ ။
ဆိုတာမျိုး
တစ်​ကယ်​ရှိခဲ့ပါတယ်​ဆိုတာကို​တောင်
မယုံနိုင်​​လောက်​​အောင်
စိတ်​ဓာတ်​တက်​ကြွဖွယ်
အားကျဖွယ်
နာကျည်းဖွယ်
မနာလိုဖွယ်​ လူတစ်​​ယောက်​အ​ကြောင်း
ပြောရင်း ​ပြောရင်း
နား​ထောင်​ပြီးရင်း နာ​ထောင်​ရင်း
ရာဇ၀င်​ပုံပြင်​ ထဲက ဇာတ်​​ကောင်းအလားဖြစ်​ရ ။
အေး​ပေါ့​လေ
သူ့​လောက်​​တော်​တဲ့သူ
သူ့​လောက်​ကိုယ်​ကျိုးစွန့်​နိုင်​တဲ့သူ
သူ့​လောက်​ ……..
သူ့​လောက်​ ………
………………………………….
………………………………….
နောက်​တစ်​​ယောက်​မရှိ​လေ​တော့
ရာဇ၀င်​ထဲမှာ ဗိုလ်​ချုပ်​ကိုထားခဲ့လို မဖြစ်​​သေးပါဘူး​လေ ။

နေ၀န်းနီ
၈-၂-၂၀၁၅

naywoon ni

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010