မျဉ်းပြိုင်နှစ်ကြောင်းဟာ infinity မှာဆုံတယ်ဆိုတဲ့ စကားကို ဘယ်သူစပြောခဲ့သလဲတော့ မသိဘူး

သေချာတာကတော့ ဒါဟာ ဂရုဏာပါတဲ့ အဖြူရောင်လိမ်လည်မှု

 

 

ဆန့်​ကျင်​ဘက်​အရပ်​ကို ​ကျောချင်းခိုင်းပြီး ထွက်​သွားမယ်​ဆိုရင်​​တောင်

ကမ္ဘာကြီးကလုံးပြီးဝိုင်း​နေ​တော့ တချိန်​မှာ ပြန်​ဆုံကြမှာပါတဲ့

 

 

ဒီနိယာမ ကိုကျ​နော်​လက်​မခံနိုင်​ဘူးရယ်

 

 

အ​ခြေအ​နေ နဲ့ အချိန်​အခါ ဆိုတာကို ထည့်​မတွက်​သူ​တွေ အလွယ်​​ပြောတဲ့စကား ဆိုပါ​တော့

 

 

ဒီ​နေရာမှာ သင်္ချာ နဲ့ ​လော့ဂျစ်​ သဘာဝကွာတာကို လှစ်​ကနဲ​တွေ့လိုက်​ရ

 

 

ဘ၀မှာလည်း သည်​လိုပဲ တွက်​ချက်​မှုတိုင်းဟာမှန်​နိုင်​​ခြေရာနှုန်းတခုသာ ရှိမယ်​ဆိုတာ

 

 

အဲ့ဒါက ကျိန်​စာလား

 

 

နိုး နိုး

 

 

ဒါကိုက ဘ၀ပီသခြင်းပဲ

အရာရာ ရာနှုန်းပြည့်​ တွက်​နိုင်​မှ​တော့

အသက်​ရှူရတာ သိပ်​ပျင်းစရာ​ကောင်းသွားလိမ့်​မယ်

 

 

Risk နဲ့ Uncertainty ကြားက မျှ​ခြေ မသိကိန်းကို နားမလည်​​သေးသမျှ​တော့

မောဟ​တောမှာ ​မျောရဦးမ​ပေါ့

 

 

ကျေ​ကျေနပ်​နပ်​ပဲပြုံးလိုက်​ပါတယ်

ပြီး​တော့ ကျ​နော်​လှည့်​ထွက်​သွားမိတယ်

 

 

မနက်​ဖြန်​​တွေရှိတဲ့ အရပ်​ဆီကို

 

ムラカミ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011