ဘဝတွေများစွာကြား ကံတရားက အလှည့်ပေး
သမီးလေးရေ
ရက်ပေါင်းထောင်ကျော် သမီးမော်ရအောင်
အဖေကြိုးစားရ အမိမဲ့သမီးဘဝ
အဖေရှိနေရတာပဲ
ဒီလိုနဲ့ အနှစ် ၂၀
သမီးအရွယ်ရောက်လာပြီကွယ်
သမီးရယ်
သမီးမှာ ချစ်သူရှိနေတာ အဖေသိ
ပွင့်လင်းလှသည့် သမီးနဲ့အဖေ
ရက်လကြာရှည် ပြောကြလေတဲ့ Valentine
အဲဒီမှိုင်း မရောက်ခင်မှာ
သမီးမျက်နှာမကောင်း
ဘာအကြောင်းလည်းမေးတော့
ဖျောတော့တော့မျက်နှာနဲ့
အဖေ့ကိုကွယ့်ဖက်ငို
အို . . . . သမီးရယ်
ချစ်သူနဲ့ ကွဲခဲ့ပြီဆိုပဲ
ဘာဆန်းသလဲသမီးရေ
မထိုက်လေသူလို့ယူဆ
ဆက်ရဦးမယ့်သမီးဘဝ
တွေ့ကြဦးမယ့်အပူတွေ
ရှောင်နေမရတဲ့ ဘဝလမ်းမှာ
ဒါ အစပါသမီး
အရေးကြီးတာက
အလုပ်ထဲမှာအဆင်ပြေမှ
သမီးလိုချင်တဲ့အောင်မြင်မှုဘဝ
ရလာရမှာမို့
ပန်းစည်းနဲ့ချောကလက်
ပေးဆက်မယ့်သူကိုအသာထား
အဖေ့လက်ရာညစာစားရင်း
ပျော်ရွှင်ခြင်းအကြောင်းကိုတွေး
ငယ်သေးတဲ့အဖေ့သမီးရေ
ခံနိုင်ရည်တွေ ပြည့်စေကွယ် ။

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..