ဗိုလ်​ချုပ်​​မွေး​နေ့ ပဲနံဂယက်​ ​နောက်​ဆက်​တွဲ ဆိုပါ​တော့ဗျာ

ကျော်​ တင်​တဲ့ပိုစ့်​ထဲမှာ​တောင်​ပါ ပါတယ်

သူအကြိုက်​ဆုံးမုန့်​မို့ သူ့​မွေး​နေ့မှာ ပဲနံ ​ကျွေးတယ်​လို့

က​လေး​တွေကမှတ်​တယ်​ ဆိုတဲ့ကိစ္စ​လေ

 

သည်​​နေရာမှာ နည်းနည်း ​ပြောစရာရှိသွားပြီ ခင်​ဗျ

သူ့အကြိုက်​ဆုံးမုန့်​ ဟုတ်​မဟုတ်​ဆိုတာက

ဗိုလ်​ချုပ်​ကလည်း my favourite snack ဆိုပြီး အင်​တာဗျူးခဲ့တဲ့ အ​ထောက်​အထားကလည်း မကျန်​ဘူးမလား

အချိန်​အခါအရ အဖြစ်​နိုင်​ဆုံး နဲ့ အသင့်​​တော်​ဆုံး အစားအစာ ကိုမှာခဲ့တာ​ရော မဖြစ်​နိုင်​ဘူးလား

အကြိုက်​ဆုံးမဟုတ်​ဘဲ သမိုင်းတွင်​​နေတာ​ရော မဖြစ်​နိုင်​ဘူးလား ?

 

ကျုပ်​​တော့ အနှီလား​ပေါင်းများစွာနဲ့ စာ​တွေပြန်​ဖတ်​ကြည့်​မိ​တော့

တခါသား ဗိုလ်​ချုပ်​က လမ်း​ဘေးမှာ အ​ကြော်​၀င်​စားတဲ့အ​ကြောင်း​လေး ဖတ်​ရတယ်​ဗျာ

ကျ​နော်​တို့ ဗိုလ်​ချုပ်​​မွေး​နေ့ အ​ကြော်​ပြိုင်​ပွဲ အ​ကြော်​စားပြိုင်​ပွဲ​တွေ လုပ်​ပြီး​တော့​ရော ဂုဏ်​ပြုလို့ရတာပဲ​ညော်

 

နောက်​စာတခုမှာကျ ဗိုလ်​ချုပ်​က သူ့တပည့်​ကို လကုန်​ရက်​မို့ ဘဲဥနဲ့စားခဲ့လို့ ထမင်းစားမ​ကောင်းတာ​ကြောင့်​ ဆိတ်​သားကပတ်​ စားချင်​တယ်​ ဆိုတာ​လေးပါတယ်​ဗျာ

 

ကျ​နော်​တို့ No egg day ဆိုပြီး ဂုဏ်​ပြုဦးမလား

ဥကို cross ခြစ်​ထားတဲ့ တီရှပ်​​တွေ နှဖူးစီး​တွေ ရိုက်​ဦးမလား ရ​သေးရဲ့

ဆိတ်​ခါးပတ်​စတုဒီသာပွဲ​တွေကိုလည်း မ​မေ့စ​ကောင်းဘူးဗျ

 

နောက်​စာ​တပုဒ်​ထဲမယ်​ ကားပျက်​လို့ ဗိုလ်​ချုပ်​က ကိုယ်​တိုင်​ဆင်းတွန်းတယ်​ဆိုတာ ပါသဗျ

ကျ​နော်​တို့ နိုင်​ငံတ၀ှမ်း ကားတွန်းပြိုင်​ပွဲ​တွေကျင်းပပြီး​တော့လည်း ဂုဏ်​ပြုနိုင်​​သေးရဲ့

 

မှတ်​ချက်​ ။။ ကာတွန်းမဟုတ်​ပါ

 

ကျန်​​သေးသဗျ ။ ဗိုလ်​ချုပ်သုံးခဲ့ ကျန်​ခဲ့တဲ့ ပစ္စည်း​လေး​တွေ ပြထားတာကြည့်​မိ​တော့ သူသုံးခဲ့ပါတယ်​ ဆိုတဲ့် မီးခြစ်​​လေးသွားသတိထားမိတယ်

အနှီမီးခြစ်​က​လေးနဲ့ ပုံစံတူထုတ်​ ဗိုလ်​ချုပ်​ပုံကပ်​ပြီး ​ရောင်းလို့ ဖြန့်​လို့ ရ​သေးသဗျာ သူ့​မွေး​နေ့မှာ

နွေအခါမယ်​ မီးပျက်​တတ်​တယ်​မလား ညဘက်​​တွေ​မှောင်​တဲ့အခါ ဖ​ယောင်းတိုင်​ထွန်းဖို့ အနှီမီးခြစ်​က​လေး ခြစ်​ဂတဲ့အခါ

အမ်း

ကွက်​တိ အံ့ကိုက်​ ဇလုပ်​တိုက်​ အ​မှောင်​ခွင်းပြီးအလင်း​ဆောင်​တဲ့ ဒို့ဗိုလ်​ချုပ်

နောက်​တနည်းစဉ်းစားရင်​ ​ဈေးကွက်​ထဲက တီလုပ်​ထုတ်​မီးခြစ်​ဇုတ်​​တေ်ွရြဲ့ မားကတ်​ရှယ်​ယာကိုလည်း အထိုက်​အ​လျောက်​ ကန့်​သတ်​ပီးသားဖြစ်​မ​ပေါ့ဗျာ

တီလုပ်​ဆိုလို့ ဗိုလ်​ချုပ်​ ကြိုက်​တတ်​စားတတ်​တဲ့အထဲမယ်​ တီလုပ်​စာ မ​တွေ့မိသလိုပဲဗျ ဖတ်​ဖူးသ​လောက်​​ပေါ့

သူလည်းချဉ်​တယ်​ ထင်​ပါတယ်​​လေ

 

နိဂုံး

ပဲနံ​လောက်​နဲ့ ရပ်​မ​နေဂျပါနဲ့ ကိုယ့်​ဆြာတို့

ဆက်​ဆွဲဂျဗာ

 

 

ဒချိဒချိ

ムラカミ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011