အဖေနဲ့အမေသို့

————————

ပျော်ရွင်ခဲ့တဲ့ အချိန်တွေဟာ တစ်ကယ့်ကို တဒင်္ဂ ခဏလေးပါပဲအမေရယ် လူမှန်းသိတတ်စမှာပဲ မိသားစုဆိုတဲ့ နွေးထွေးခြင်းတွေ ပျက်သုဉ်းခဲ့ရတယ်အဖေ အဲဒီ ပျော်ရွင်ခဲ့ရတဲ့ အချိန်ခဏလေးကိုတော့ သားဘဝမှာ အမြဲတမ်း သတိရနေမှာပါအမေ။ ကံတရားရဲ့ လှည့်ကွက်တွေလို့ပဲ အမြဲ ဖြေသိမ့်နေပါတယ်အဖေ

ပူဆွေးခြင်းတွေနဲ့ အစပြုခဲ့ရတဲ့ ဘဝတစ်ခုမှာ သားပျော်အောင်နေတတ်ခဲ့ပါပြီအဖေရယ်

စိတ်မပူနဲ့နော်အဖေနဲ့အမေ

တစ်ချိန်ကပေါ့ နွေးထွေးမှူတွေလဲ ပျောက်ဆုံးခဲ့ရသလို မိသားစုဆိုတဲ့ ဘဝလေးလဲ ဆုံးရှုံးသွားပြီး ဝမ်းနည်းလို့ ကျတဲ့မျက်ရည်တွေလဲ မျက်ဝန်းထဲမှာ အပြည့်နဲ့ပေါ့အမေ သားတို့ရဲ့မျက်ရည်တွေကို မြင်လှည့်ပါအဖေ

အေးချမ်းတဲ့ ဘဝလေးတစ်ခုကို သားအမှန်တကယ် ပိုင်ဆိုင်ချင်ပါသော်လည်း ကံကိုသာ အပြစ်ပုံရင်း နေသားကျအောင် ကြိုးစားနေပါတယ် သားတို့ဘဝတွေအတွက် မရပ်မနား လျှောက်လှမ်းရမဲ့ လမ်းများစွာရဲ့ အနာဂတ်တွေမှာ အမေ့ကို အနားမှာအမြဲ ရှိနေစေချင်သလို အားဆေးတစ်ခွက်လို နောက်ကွယ်ကနေ အားဖြစ်စေမဲ့စကားတွေနဲ့ အားပေးနေမဲ့သူဟာလဲ အဖေပဲ အမြဲ ဖြစ်စေချင်ခဲ့ပါတယ် ဒါသားရဲ့ အလိုချင်ဆုံးဆန္ဒပါအမေ ဘယ်နေရာမှာမှ မရနိုင်တဲ့ မိသားစုရဲ့ နွေးထွေးခြင်းဆိုတဲ့ ဘဝကို လိုချင်မိတာ သားအတ္တကြီးသလိုများ ဖြစ်နေပြီလားအဖေ

မွန်းကျပ်ခြင်း၊ ဆုံးရှုံးခြင်း၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်းတွေကို ရင်နဲ့အမျှ ခံစားရင်း ဘဝသစ်တစ်ခုမှာ ပျော်နေပါစေလို့ သားဆုတောင်းပါတယ်အဖေ ပြန်လည်

ပေါင်းစည်းဖို့ရာ နောင်ဘဝအတွက်လို့သာ မှတ်ယူရင်း ပျော်အောင်သာနေပါတော့အမေ ဝဋ်ရှိခဲ့ရင်လဲ ဒီဘဝဒီမျှနဲ့သာ ကျေပါစေတော့အဖေနဲ့အမေရယ်

ဘယ်လိုမှပေါင်းစပ်ဖို့ဟာ ရာသက်ပန် မဖြစ်နိုင်တော့တဲ့ ဒီလိုဘဝအခြေနေမျိုးမှာ လမ်းခွဲခဲ့ကြတဲ့အမေနဲ့အဖေကို တမ်းတမိရင်း တခြားမိသားစုဘဝတွေ ပျော်ရွင်နေကြတာ မြင်ရရင်လေ သားမနာလိုဖြစ်မိတယ်အဖေ သားအရမ်းခံစားရတယ်အမေ

ဒါပေမဲ့ပေါ့အဖေရယ် ဝမ်းနည်းနေရုံကလွဲပြီး အခုတော့လဲ အရာအားလုံးဟာ သူ့ဘဝတွေနဲ့သူ နေသားတစ်ကျ ရှိနေခဲ့ပါပြီအမေ

VLMan

veryloveman

About veryloveman

Thura Naing Win has written 5 post in this Website..