ဒီနေ့အလုပ်ပိတ်တာနဲ့ မသွားဖြစ်တာ ကြာနေတဲ့ ရွှေတိဂုံကိုသွားခဲ့တယ်။

CAM03151[1]

နိုင်ငံခြားသားခရီးသွားတွေ တော်တော်များများတွေ့လိုက်ရလို့

မီးခိုးမထွက်တဲ့စက်ရုံလို့ဆိုကြတဲ့ တိုးရစ်ဇင် လုပ်ငန်း ထွန်းကားလာတာ ၀မ်းသာမိပါတယ်။

CAM03157[1]

အောင်မြေရှိရာ ရာဟုထောင့်နားရောက်တော့ ယိုးဒယားဧည့်သည်တသိုက် ဘုရားကို စားဖွယ်သောက်ဖွယ်တွေ ပြင်ဆင်ပြီး ကပ်လှူ နေတာ တွေ့လိုက်ရတယ်။

CAM03143[1]အဖြူရောင်တွေဝတ်ထားတာဟာသူတို့ရိုးရာအရ ဘာသာရေးအတွက် အထွတ်အမြတ်ထားတဲ့အနေနဲ့လို့ ထင်ပါတယ်။

အဲဒီမှာ ပူဇော်ပြီးတဲ့နောက်မှာလည်း ဘုရားကို အဓိဌာန်နဲ့ လက်ယာရစ် (ဘယ်နှစ်ပတ်မှန်းမသိ) လှည့်လည်ပူဇော်နေတာကို တွေ့လိုက်ရသေးတယ်။

CAM03147[1]သူတို့ရိုးရာ ပြင်ဆင်လာတဲ့ပန်းကလေးတွေကလည်း ထူးခြားဆန်းပြားပြီး လှပလို့နေပါတယ်။

 

 

CAM03149[1]ဘေးနားမှာ ကတ္ထူစက္ကူ ပုံးတွေ တွေ့ရလို့ အစားအစာတွေကအစ သူတို့ဆီက ယူဆောင်လာပုံရပါတယ်။

တရုတ်နှစ်သစ်ကူးနေ့မှာ တိုက်ဆိုင်ပြီး ရွှေတိဂုံဘုရားကို အသားငါးတွေနဲ့အတူ ထူးထူးခြားခြားထွတ်ထွတ်မြတ်မြတ် လာရောက်ပူဇော်ကြတာပါ။

 

သစ်သီးတွေ စားဖွယ်ရာချိုချဉ်ရသာ စုံလင်စွာကပ်လှူ ကြတဲ့အပြင် သားငါးတွေပါ ကပ်လှူ တာက မြန်မာ့ဓလေ့ထုံးစံနဲ့ ကွဲပြားခြားနားလို့ အမြင်ဆန်းပြီး ဓာတ်ပုံရိုက်ကြသူတွေလည်း အများကြီးပါပဲ။

(ကိုယ်လည်း အပါအ၀င်ပေါ့။)

 

မြန်မာပြည်ကို အလည်လာကြတဲ့ နိုင်ငံခြားသားခရီးသည်တွေအနေနဲ့ ရွှေတိဂုံဘုရားကို သွားရောက်လည်ပတ်ဖို့က နံပါတ်၁ အနေနဲ့ အလေးထားကြပါတယ်။

မြန်မာပြည်သူားတွေအတွက် ဘုရားပေးတဲ့ဆုပေါ့။

 

ဒီနေရာမှာ ဗုဒ္ဓဘာသာဖြစ်တဲ့ ထိုင်းနိုင်ငံသားတွေရဲ့ အလေးထားမှုကတော့ အတော့်ကို ထူးခြားထွတ်မြတ်နေလို့…….

 

သူတို့ရဲ့ အထွတ်အမြတ်ထားမှုကို တွေ့မြင်ရပြီး မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့

ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ :)

Ma Ma

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)