ဒီမနက် သူ့ကိုဖွင့်ပြောမယ်ဆိုတဲ့စိတ်ကြောင့် ညက ကောင်းကောင်းအိပ်မပျော်ပါဘူး ၊

မနက် ၅ နာရီကတည်းက နိုးနေပြန်ရပါတယ် ၊ ၅ နာရီခွဲမှာတော့ အိပ်ယာကထ ရေချိုးလိုက်တယ် ၊

ကျနော်တို့အိမ်က ၂ ထပ် ၊ အပေါ်ထပ်မှာ အမေ ကျနော်ကအောက်ထပ် ၊

ရေက အိမ်ရှေ့ထောင့် မာလကာပင်အောက်မှာ တိုင်ကီနဲ့ပါ ၊ ရေစက်မရှိ ၊ ဝယ်သုံးရတာပါ ၊

စောစောစီးစီးကြီး ရေချိုးနေတဲ့ကျနော့်ကို ဝရန်တာကနေ အမေက အံ့အံ့သြသြ ကြည့် လို့ ၊

လှည်းတန်းဘူတာအလာ အာတီးယားလမ်းထဲမှာ တိတ်ဆိတ်စွာပေါ့ ၊

ကျေးဇူှးင်ရထားက အချိန်မှန်လို့ ၆ နာရီခွဲမှာ ဟုမ်းလမ်းဘူတာ ရောက်လာပါတယ် ၊

ထုံးစံအတိုင်း ရွာမလက်မှတ် ၂ စောင်ဝယ်ပြီး သူလာမယ့် လမ်းကလေးဘက်ကို ငေးနေမိပါတယ် ၊

အနီရောင်အောက်ခံမှာ အဝါပန်းပွင့်လေးတွေနဲ့ ဝမ်းဆက်မလေးက ဘူတာကိုမြင်ရတဲ့နေရာအရောက်မှာပဲ

ဟိုကြည့်ဒီကြည့်နဲ့ ကျနော့်ကို ရှာသပေါ့လေ ၊ ( အထင်မဟုတ် အမြင် )

သိပ်မကြာခင်မှာ ရထားဝင်လာပါတယ် ၊ ကျနော့်ရင်ထဲမှာလည်း ရထား ဆယ်စီးခုတ်မောင်းနေသလိုပါပဲ ၊

( မာလာ  )

( ဟင်  ဘာလဲကိုမျိုးသန့် )

( ဟို ဟိုလေ  မာလာ့ကို ပြောစရာရှိလို့ )

( အမယ်လေး ခုလည်းစကားပြောနေတာပဲမလား ၊ ကဲ ဘာများပြောမလို့လဲ )

( ကျနော် မာလာ့ကို ဘယ်လောက်မြတ်နိုးတယ်ဆိုတာ မာလာသိမှာပါ ၊ ချစ်တာတင်မဟုတ် တကယ်မြတ်နိုးမိတာပါ ၊ အဲ  အဲဒါ )

( အင်းးးးး  တစ်နေ့နေ့ ကိုမျိုးသန့် ဒီလိုပြောလာမယ်ဆိုတာ မာလာသိပါတယ် ၊ ကိုမျိုးသန့် မာလာ့ကို ချစ်တယ်ဆိုတာလည်း ယုံပါတယ် ၊ ဒါပေမယ့် )

( ဟင်  ဘာ ဘာဒါပေမယ့်လဲဟင် )

( မာလာတို့က တရုတ်လူမျိုးဆိုတာ ကိုမျိုသန့် သိပါတယ်နော် )

( ဟုတ်ကဲ့ မှန်းမိပါတယ် )

( မာလာတို့ မျိုးနွယ်က အမျိုးအချင်းချင်း အိမ်ထောင်ပြုကြရပါတယ် ၊ အမားတို့တုန်းကလည်း ဒီလိုပဲ စေ့စပ်ထားတဲ့သူနဲ့ ယူရတာ ၊

မာလာ့မှာလည်း ၈ တန်းလောက်ကတည်းက လူကြီးချင်း သဘောတူထားသူ ရှိပါတယ် ၊ မာလာ့ထက် ၅ နှစ်လောက် ကြီးပါတယ် ၊ သူက

အခုထိုင်ဝမ်မှာ အလလုပ်လုပ်နေတယ် ၊ မာလာ ဂျီတီအိုင်ပြီးလို့ အာအိုင်တီ ဝင်ခွင့်ဖြေဖို့ မီရင်ဖြေမယ် ၊ မမီရင်

အမျိုးတွေအလုပ်မှာဝင်လုပ် ၊ ပြီးရင် သူနဲ့ယူရမှာ ၊ အမားတို့က အရမ်းရှေးရိုးဆန်တယ် ၊ မာလာ ဘာတတ်နိုင်မှာလဲ ၊ မာလာလည်း

ကိုယ်ရင်ခုန်ရသူနဲ့ နေချင်တာပေါ့ ၊ ဒါပေမယ့် ဒီကြားထဲ ဘယ်လိုနေနေ ပြီးရင်တော့ အဲဒီလူကို ယူရမှာ ၊ သူ့ကိုလည်း

တစ်ခါပဲ တွေ့ဘူးပါတယ် ၊ ကိုမျိုးသန့်  မာလာ့ကို စကားပြန်ပြောပါဦး )

( ကျနော် ဘာပြောနိုင်ဦးမှာလည်း မာလာရယ် ၊ ကဲ မာလာက အခု ကျနော့်ကို အဖြေပေးပြီပဲထား ၊ ၂ နှစ် ၃ နှစ် ချစ်သူတွေလိုနေ ၊ ပြီးရင်

လမ်းခွဲကြမယ် ၊ ကဲ မာလာပဲ စဉ်းစားပါဦး ၊ တစ်နေ့ လမ်းခွဲရမယ်ဆိုတာ သေချာနေတဲ့သူကို ဘေးမှာထားပြီး ကျနော်ပျော်နိုင်မလား

မာလာကော ပျော်မတဲ့လား )

( ကိုမျိုးသန့်ရယ်  မာလာတို့ အချစ်ဆုံး သူငယ်ချင်းလို နေလို့ရတာပဲလေ ၊ ဟင် ကိုမျိုးသန့် ရွာမဘူတာရောက်တော့မယ် ၊ လာ ဆင်းစို့လေ )

( မာလာ ဆင်းနှင့်ပါ ၊ ကျနော် သွားစရာရှိသေးလို့ )

( ဟင်  ဘယ် ဘယ်ကိုသွားမှာလဲဟင် ၊ လျှောက်သွားမနေနဲ့နော် ၊ အတန်းတက်ရဦးမယ်မလား )

( အမေ ခိုင်းထားလို့ပါ ၊ မာလာ ဆင်းနှင့်နော် )

ရထားက ဘူတာထဲ တရွေ့ရွေ့ ဝင်လာပါတယ် ၊ ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေကို ကျနော် နှုတ်ဆက်လိုက်ပါတယ် ၊

ခဏလေးအကြာမှာပဲ ရထားက ဆက်ထွက်ခဲ့တာမို့ ရီဝေဝေ မျက်လုံးထဲမှာတော့ ဝမ်းဆက်မလေးက တဖြည်းဖြည်း ဝေး ဝေးလို့

ကျန်ခဲ့ပါပြီ ၊

8b

စဉ်းစားကြည့်ကြပါဦး ၊ ခင်ဗျားတို့ဆိုရင်ကော တစ်နေ့သူတစ်ပါးရင်ခွင်ထဲဝင်ရမယ့်သူကို ချစ်သင့်သလား ၊

ချစ်နေနိုင်မလား ၊ ပျော်ကော ပျော်နေနိုင်မလား ၊

တွဲရတာ အမြတ်ပေါ့ကွာ ဆိုတဲ့ အောက်တန်းကျတဲ့စိတ်လည်း ကျနော့်မှာ မရှိဘူး ၊

အချစ်ဆိုတာ ကျနော်အတွက် စစချင်း ဆောက်နဲ့ထွင်း ဆိုသလို အတော့်ကို အခံရခက်တယ်ဗျာ ၊

ရထားဟာ ဒညင်းကုန်းကိုကျော်လို့ ဂေါက်ကွင်း ၊ ကျိုက္ကလဲ့ဘူတာတွေဘက်ဆီ ချိုးကွေ့လာနေပါပြီ ၊

( ညီလေး  လက်မှတ် ) တဲ့ ၊ လက်မှတ်စစ်ပါလား ၊ အင်းးး  ကိုယ့်မှာက ရွာမမအထိပဲ ဝယ်လာတာလေ ၊

မြို့တစ်ပတ်စာရဲ့  ၃ ဆ  ဒဏ်ငွေဆောင်လိုက်ဦးပေါ့ကွယ် ၊

သြော် အချစ် အချစ်  အချစ်ဆိုတာ တစ်ခါတစ်လေ အချစ် မတော်ရင် ဒဏ်ကြေးပါ ပါလာတတ်တာကိုး ၊

မင်္ဂလာဒုံ မြောက်ဥက္ကလာတို့ကိုကျော်လို့ ရန်ကုန်ဘူတာကြီးအထိ လိုက်ခဲ့မိပါတယ် ၊ အဲဒီနောက် ကုန်းတံတားကိုကျော်

ဆူးလေပန်းခြံကားဂိတ်ဆီကိုပေါ့ ၊

နောက်နေ့က စပြီး ကျနော် ရထား မစီးတော့ပါဘူး ၊

လိုင်းပေါက်မှတ်တိုင် ( အခု မရှိတောာ့ ) ကနေ ပြား ၃၀ နဲ့ နံပါတ် ၈ အင်းစိန်ကားကိုစီး ၊

အင်းစိန်ကနေ ကျောင်းကို တစ်မတ်နဲ့ မင်္ဂလာဒုံကားကိုစီး ၊ အပြန်လည်း ထိုနည်း၎င်းပေါ့ ၊

အဲဒီနှစ်က ကျနော် စာမေးပွဲကျပါတယ် ၊ မကျခံနိုင်ရိုးမလား ၊ စိတ်က စာမှာမှ မရှိတာ ၊

နောက်နှစ်မှာတော့ မြေနီကုန်းကနေ လှိုင်တက္ကသိုလ်ဝင်ပြီးး အင်းစိန်သွားတဲ့ နံပါတ် ၈ ကို စီးမိရာက လှိုင်တက္ကသိုလ်က

မိုးညှင်းသူကလေးနဲ့ဆုံ ၊

ကျောင်းခေါ်ချိန် ၇၃့  ၅ ပဲရှိတဲ့ကျနော် စာမေးပွဲဖြေခွင့်မရ ၊ ဒီတော့ ၂ ခါကျလို့ သတ်မှတ်လိုက်သမို့

အင်းစိန်ဂျီတီအိုင်ကျောင်းတော်ကြီးနဲ့အတူ သူကလေးကိုပါ တစ်ခါတည်း ခွဲခွာလို့

ဆင်မလိုက်သင်္ဘောကျင်း ဒေါက်ဆားဗစ် ဆင်းသူဘဝ ရောက်ခဲ့ရပါတော့တယ် ၊

အချစ်ဆိုတာ ကျနော့်အတွက် အကျိုးပေးလှတယ်ရယ်လို့ကို မရှိပါဘူးဗျာ ၊

8d

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..