နွေဦး

လေရူး

နေဘူးတဲ့ငါ

ကြွေကျလာတဲ့ သစ်ရွက်တွေအောက်

ရောက်ဖြစ်လို့လာလေတိုင်းး

စိတ်တွေဟာမှိုင်းခဲ့

ရိုင်းတဲ့ရာဇဝင်ကြား

ပျော်ဝင်သွား ဒီဘဝ

မညီမျှလေသော ကံတရား

ဥာဏ်မများတတ်သူကို ဖိထောင်း

ကောင်းခြင်းဆိုတာ ဝေလာဝေး

အဖြေလာမပေးသူကို တွေး

ပူဆွေးခြင်းတွေက လွှမ်း

သြော် အလွမ်း အလွမ်း

ကမ်းမမြင် လမ်းမမြင်

ခရီးနှင်နေရ

ကြင်ပြသူက မဲ့

အိုဘယ့် ကံဇာတ်ဆရာ

တစ်ခါလောက်လေးများ

အခွင့်မပေးသနားတော့ဘူးလားကွယ် ၊

47

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..