သူငယ်ချင်းရေ – – –

မင်းတို့က ကျောင်းတက်ခွင့်ရတဲ့ကျောင်းသားတွေပေါ့ကွာ
ငါတို့ကတော့ ကျောင်းဆက်မတက်နိုင်တဲ့ မင်းတို့အရွယ်တူကျောင်းသားမဖြစ်နိုင်တော့သူတွေပါ – – –

ကံကြမ္မာက ဒို့တွေကို စည်းခြားထားတော့ ဒီအချိန်မှာ သပိတ်မှောက်ကျောင်းသားနဲ့ သပိတ်တပ်ကိုတားရတဲ့သူတွေအဖြစ်နေကြတယ် – – –
ငါတို့ ရင်ထဲကဆန္ဒအမှန်တွေကိုရော မင်းတို့မြင်နိုင်ရဲ့လားသူငယ်ချင်း – – –
ငါတို့ရောပျော်နေမယ်ထင်သလားကွာ – – –
မင်းတို့က မိဘတွေရဲ့ထောက်ပံ့မှုအောက်မှာ ပညာတတ်တွေဖြစ်ဖို့ကြိုးစားနေချိန်မှာ ငါတို့က ထမင်းကြမ်းတနပ်အတွက် ကင်းပတ်နေရတယ်လေ – – –

မင်းတို့တွေဘွဲ့ရ ပညာတွေတတ်လာရင် မြင့်မားတဲ့ အခြေအနေတွေရနိုင်ပေမယ့် ငါတို့ကတော့ ဒီဘဝ ဒီမျှပါပဲ သူငယ်ချင်းရယ် – – –

မင်းတို့တောင်းဆိုနေတာတွေ ငါတော့ညဏ်မမှီဘူးကွာ – – –
ငါတို့အများစုက အတန်းပညာနိမ့်တော့ အတွေးအခေါ်ညံ့တယ်ပြောလဲ ခံရမှာပဲ သူငယ်ချင်းရယ် – – –
မြန်မြန်အဆင်ပြေပြီး နားလည်မှုတွေရသွားစေချင်တယ် – – –
မင်းတို့လည်း စာသင်ခန်းမြန်မြန်ဝင်ကြပီး ငါတို့လဲ လူဆိုးသူခိုးအစစ်တွေကို ဥပဒေအတွင်းကပဲ တားဆီးချင်ပါတယ် – – –

ဒီညတော့ ဒို့တွေ သူငယ်ချင်းတွေအဖြစ် နားလယ်မှုတွေတည်ဆောက်ပီး လူငယ်ပီပီ အဖြူထည်လေးနေချင်တယ်ကွာ – – –
ငါ့မှာ ကွမ်းနှစ်ယာကျန်သေးတယ် – –
ရော့ – – မင်းတရာ ငါတရာဝါးရင်း မနက်မိုးမလင်းခင်အထိ ရင်တွင်းစကားတွေပြောကြမယ်သူငယ်ချင်းရေ – – –

ပြန်တွေးကြည့်ရင် ငါရင်နာတယ်သူငယ်ချင်းရယ် – – –
မင်းတို့ ငါတို့တွေဟာ ရွယ်တူလူငယ်လေးတွေဖြစ်နေပါရက်နဲ့ မတူညီတဲ့ ဝတ္တရားတွေ တာဝန်တွေကြောင့် စည်းတခုခြားပြီး နေကြရတယ်ကွာ – – –

ငါ ဒီညကိုဘယ်တော့မှမမေ့ဘူး – – –
ငါ မိုးလင်းမှာကိုကြောက်တယ် – – –
မနက်လင်းရင် မင်းနဲ့ငါဟာ ဆန့်ကျင်ဖက်မှာ ကျောခိုင်းရတော့မယ် – – – သူငယ်ချင်းရယ် – – –

ဓတ်ပုံများကို ဧရာဝတီ ကမာရွတ် ကုမုဒြာ တို့မှကူးယူဖေါ်ပြပါသည် ။

IMG_257267129258595

IMG_257226426378601

IMG_256828156975304

ရာမည

About ရာမည

ရာမည has written 35 post in this Website..