သို့

မိ ရွှေသိန်းအောင်

နင့်ကို ကနေ့ တော်တော် တင်းသွားပြီ။ နင့်လုပ်တွေ နင်ကြည့်လေ။အစက ကောင်းမလိုလိုနဲ့ ။ ကောင်မ ။နောက်ဆုံး နင့်အမေမိကြိုင်လိုပဲ ရပ်ကွက်ထဲလူလည်ခေါင်မှာ နင့်လင်ငယ်တွေ ခေါ်ပြီး နင့် စောက်ရှက်မရှိ နင် ၂၀၁၅ မှာ နင့်လင်တို့ တသိုက် ရွှာ သူကြီးမြဲဖို့များ ဟယ်။ လုပ်ရက်ပ။ အံသြ ပါ့အေ။ သာအေးတို့ အုပ်စုက ရွာ ကျောင်းဆောက်ဖို့ ပြောတော့ နင်တို့အေးအေးလူလူ လက်ခံပါလား။ သူတို့ တောင်းနေတာ နင့် ရွာကလူတွေ စာတတ်ဖို့လေ။ နင့်တို့ လင်မယား တွေ ရွာထဲပြည်သူ တွေဆီက ကောက်ထားတဲ့ ထဲကမှ ပညာရေး အတွက် ဟယ် ဘာလဲ ငါလည်းမပြောတတ်ဘူး။ အော် နင်တို့ ငါ့တို့ ရွာ ကာကွယ်ဖို့ အတွက် အခုသုံးနေတာထက်တော့ နည်းတာတော့သေချာတယ် အေ။ အော်သိပြီ ကာကွယ်ရေး။ ကျန်းမားရေး။ ထားပါတော့အေ။ တစ်ပိသာ မှာ မှ၂၀ ကျပ်သားလောက်ပိုပေးဖို့ တောင်းနေတာလေ။ နောက်မိုဆို ငါတို့ရွာ က ဘေးကရွာတွေလို ဘာလည်း စာမတတ်တော့ မတိုးတက်တော့ဘူးပေါ့အေ ။
အဲ့ဒါကို နင်ကပဲနားမလည်တာလား။ နင့်လင်နဲ့ နင် ရာထူးမြဲ ဖို့လားမသိဘူး။ ကောင်မ နင်အချိန်ဆွဲ ပြီး အင်တင်တင်လုပ်နေတယ်။ဟော သာအေးတို့ အုပ်စု တွေများပြီး ရွာပညာရေးအတွက် တောင်းဆိုတာတွေ များ လာတော့ ညည်းလင်နဲ့ ညီး တိုတွေ အဆင်ပြေအောင်လုပ်ပေးမယ်လေးဘာလေးနဲ့ ရွာ အသုဘမှာ ဖဲလိမ်ရိုက်သလို ညီးတို့ တစ်သိုက် ဟိုလှည့် ဒီလှည်လုပ်နေသေး။ ပြီးတော့ သဘောတူတယ် ဘာညာဘာညာနဲ့ပေါ့ ညီးတို့ ပြောပေါ့။ အဲတော့ တစ်ရွာလုံး လျောက်သွား ပြီး ၂၀ ကျပ်သား ။ ရအရေးဘာညာ တောင်းဆိုနေတဲ့လူငယ် တွေ ရွာနားက လက်ပန်ပင်တန်း ရောက် တော့ ညီးတို့ က စောက်ချိုးပြောင်းပြီးပေးမဝင်လေ။ ရွာကညီးနဲ့ ညီးလင်သူကြီးလက်ဆွဲ ဖဲသမား။ အရက်သမား။ ဆေးသမားတွေ။လူမိုက်တွေကို တားခိုင်းတယ်ဆို။ ဖြစ်ချင်တော့ သာအေးတို့ ကိုအဲလိုတားတာကို စိတ်ပူတဲ့ ရွာ ထဲကလူတွေ က သာအေးတို့ကိုမလုပ်ပါနဲ့ ဆိုပြီး ညီးတို့ ကိုရွာရိုးကိုးပေါက် လှည့်ပြောတော့ ညီးတို့ မခံရပ်နိုင်အောင်ဖြစ်ပြီး။ ညီးတို့ မွေးထားတဲ့ ချီးစားခွေး တွေကို လည်ပတ်အနီတွေပတ်ပေးပြီး ။ ထမိန်ရေအဝတိုက်ကာ ကိုက်ခိုင်း။ ရှူးတိုက်ပေါ့။ အဲ့ခွေး တွေကလည်းဟယ် အရင် ဘုန်းဘုန်း ဘုရားတွေ ကို ညီးတို့ စော်ကားလို့ လမ်းထွက်လျောက်နေတုန်း ကိုက်ခိုင်းတဲ့ ကောင်တွေလား။ ဒါမှမဟုတ် သူ့ မျိုးဆက်တွေလားပဲ။ ကနေ့ငါမြင်ရတာကတော့ ခွေးသားပေါက်တွေများတယ် ။ ခေါင်းဝါကောင်တွေရော။ခေါင်းစိမ်းတွေရောပဲအေ။ခွေးအိုတွေရော။ စုံပ။ ထမိန်ရည် ဘယ်လောက်ဖိုး သောက်ရလို့လဲတော့ ငါလည်းမသိဘူးအေ။ ကိုက်တာများ မြန်ပ ရွာလည်ခေါင်ကြီးမှာနော့်။
အေးအေး နောက်ပြောချင်တာတစ်ခုက ညီးလုပ်ကွက် တွေ ရိုးတယ်ဟယ်။ ညီးဘေးမှာ ရွာလုံခြုံရေးယူထားတဲ့ လူတွေရှိနေတာကိုဟယ်။ ညီး ၂၀၁၅မှာ ညီးလင် သူကြီးမဖြစ်မှာစိုးရိမ်လွန်လွန်း။ဟိုးမြို့ကလူကြီးတွေ တောင် သင်တန်းတွေတောင်ပေးထားတာဟယ်။တို့ရွာနား က ဦးတရုတ်တောင် ရေပန်းကားဆိုလားလှူထားတာကိုဟယ်။ခွေးနဲ့ရှူး တိုက်ကိုက်ခိုင်းတာအံသြပဟယ်။ ညီတို့ အဲစောက်ချိုး နဲ့ အကွက်တွေဆင်မနေနဲ့
ညီး
မိရွှေ်းစိန်အောင် ရယ် ။ ညီးမကောင်းကြောင်းတွေဆက်ရေးရရင် ကျုပ်ရွာကနေ ခြေတစ်လှမ်းစာ တစ်လုံးကျ ရေးရင်တောင် လပေါ်ရောက်တဲ့ အထိပြီးမှာ မ ဟုတ်လို့ဒီလောက်နဲ့ တော်သေးပြီအေ။

ညီးရဲ့ ခွေး အကိုက်မခံရသေးတဲ့

မိဂ ။

အာဂ

About အာဂ

အာ ဂ has written 176 post in this Website..

ဘ၀ ကို အခုမှ စပြီး ချရေးနေတာ ။ ဗလာစာရွက်ဆိုတော့ နည်းနည်းတော့ကြမ်းတယ်။ CJ # 8112011