နောက်တစ်ခန်း ကျော် ရပ် – အပိုင်း (၁)
http://mandalaygazette.com/199460

 

အကျဉ်း-
မိုင်ခိ၊ ဖြိုး၊ အိ၊ အေး၊ ဆွေ၊ ဝါ၊ နန်း၊ ကြူ
အောင်၊ အတာ၊ မိုး၊ မျိုး၊ သူငယ်ချင်းများ ရှိလေသည်။

အောင် နဲ့ နန်း တို့ မင်္ဂလာဆောင် ကို သွားဖို့ မိုင်ခိက ပွဲတက်ဖို့ ဘေးမှာ လူတစ်ယောက်ရှာခိုင်းရာက စ သည်။
ပွဲ ကို မိုင်ခိရဲ့ ချစ်လှစွာသော သကောင့်သားလေးက သူ့ အမျိုးသမီးနဲ့ ပွဲတက်မယ် ဆို၍ မိုင်ခိ ရဲ့ မခံချင်စိတ်နဲ့ လှုပ်ရှားရာမှ ပြသနာက စ သည်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တော့ အတာ နဲ့ မိုင်ခိ သွားလေ ရာ နောက် မှာ နောက်တစ်ယောက် အမြဲ တိုးလာတာကတော့ ထက်လေး ဆိုတဲ့ မှုံတေတေ ကောင်လေး တစ်ယောက်ပေါ့။

.
တခြား သူငယ်ချင်းတွေနဲ့ ဆို ခေါ်လို့ မရ။ မလိုက်ချင်။

.
“နင့် သူငယ်ချင်းတွေ မျက်လုံးတွေက ပညာမာန် တက်နေကြတာ” တဲ့။
“လူ ကို ကြည့်ရင် မတူသလို မတန်သလိုတွေ” တဲ့။
“ဘယ်လို ဖြစ်ပြီး နင် နဲ့ အတာ က သူတို့ နဲ့ ပုံစံမတူ ပဲ အင်မတန် ပေါ့ပါး နေကြတာတုန်း”

အဲလို မေးလို့ ရီရသေးတယ်။

“ငါတော့ ဒုက္ခပဲ။ တစ်ပတ် ၂ ရက် နင်တို့နဲ့ ညနေစာ မစားရ၊ စကားမပြောရရင် တစ်မျိုးပဲ။
မျိုးတို့ မိုးတို့ လာကြိုမဲ့ ရက်တွေရော အတာ ကို အစားထိုးလို့ မရဘူးလား.။ သူ မအားလည်း ငါလာကြိုမယ်လေ”

.

အဲလိုပြောချိန်ဆို အတာတို့ စပ်စပ်ထိမခံဖြစ်သွားပြီးး

“ငါတို့ဟာငါတို့အောင် ဒီ တာဝန်တွေ လုယူထားရတာ။

မင်းကပါ မယောင်မလည်နဲ့ မပါလာနဲ့ကွ။

ဟို ၂ ကောင် သိရင် ငါ့ ပါ ကြိုခွင့် ပါမစ်ပိတ်သွားမယ်”

.

ဖြိုး နဲ့ မိုင်ခိ သင်တန်းက တစ်ပတ် မှာ ၄ ရက်မို့ အတာရယ်၊ မိုးရယ်၊ မျိုးရယ် က အလှည့်ကျ ကြိုလေ့ရှိကာ သူငယ်ချင်း စုနိုင်သလောက် ညနေစာကို လျှောက်စားလေ့ရှိကြတာကိုးးး

ထက်လေးက အတာ ဘက်က ဝင်လာသူမို့ ဘယ်သူနဲ့မှ မရင်းနှီးလှပဲ၊ အနားမကပ်လှပဲ အတာကြိုတဲ့နေ့မှသာ လိုက်လာပြီး ညနေစာ သူကျွေးသွားတာ များတယ်။
မိုင်ခိ ရယ် အတာရယ် ဆိုတာ

သူများက ကိုယ့်ကို ချစ်အောင်၊

အလိုလိုက်ချင်အောင် ဖျားယောင်းတဲ့ နေရာ မှာ တစ်ဖွဲ့လုံး မနိုင်လို့ ဘေးမဲ့ပေးထားတဲ့သူတွေ ဆိုတာ မသိလေရော့သလားးး။
ထက်လေး ကံဆိုးပြီထင်ရဲ့။

:mrgreenn:
~~~~~~~~~~~~~~~
တစ်ညနေ သင်တန်းဆင်း တော့ အတာ နဲ့ ထက်လေး လာကြိုရမဲ့ နေရာမှာ ထက်လေး ဂျစ်ကား လေးစောင့်နေတာမို့ အနားသွားလိုက်တဲ့ အချိန်မှာ……

.
“မိုင်ခိ၊ အတာက မအားသေးလို့ ငါတို့ သူ့အိမ်သွားခေါ်ရမှာ။ ကားပေါ်တက်”

.

ဟမ်!!! အတာရှိနေတဲ့ ဘယ်နေရာမဆို ယုံကြည်စွာ လိုက်ဖူးတဲ့ မိုင်ခိ၊ ထက်လေး ကားပေါ် ၂ ယောက်တည်း လိုက်သင့်လား မသေချာ။
လူက တွန့်ဆုတ်ပေကပ်နေတယ်။

.
အတာ မှာထားတဲ့ စကားထဲ ဘာတွေပါပါလိမ့် အမြန်စဉ်းစားရသေးတယ်။ :roll:

.
“မန်းလေး မှာ ငါတို့ ၃ ယောက် (အတာ၊ မိုး၊ မျိုး) က လွဲလို့ ဘယ်သူမှ အန္တရယ်ကင်းတယ်လို့ မယုံကြည်ပါနဲ့” တဲ့။

ဒါဖြင့် ဒီ တိုင်း မမေးမမြန်း လိုက်သင့်တဲ့ထဲ မပါ ဘူးပေါ့။

ထက်လေး မျက်နှာမှာ ဒေါသ အရိပ်အယောင်ဖြတ်ပြေးသွားတယ်။

.
“တကတည်းဟာ၊ မူကြိုကလေးမ လာကြိုရတာကျနေတာပဲ။ “နင့် အဖေ (တစ်ခါတစ်ရံ အတာကို ရွဲ့ပြီး ခေါ်ကြတယ်) က သူစိမ်းနဲ့ မလိုက်ရဘူး မှာတယ် ဟလား”
“ရော့ ဖုန်း၊ ဆက်ပြီး မေးလိုက်”

.

မိုင်ခိလည်း အားနာမနေနိုင်။ ဆက်လိုက်တော့ အတာက “လိုက်ခဲ့” တဲ့။
အဲဒါနဲ့ ကားပေါ် စိတ်ချလက်ချ လိုက်လာတော့ လမ်းမှာ အာလူးကြော်ထုတ် ဖောက်ကျွေးတယ်လေ။

.

အတာတို့အိမ်နား ရောက်ခါနီး လမ်းထိပ်မှာ လမ်းဘေး ကားရပ်လိုက်တော့…

“ထက်လေး၊ ကား ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ဘူးး၊ နင့် ကို မေးစရာရှိလို့၊ အတာ ဘေးမှာ မရှိပဲ ငါ့ မေးခွန်းကို နင် တစ်ယောက်တည်းဖြေတာ စောင့်ကြည့်ချင်လို့”

.

မိုင်ခိ ကြောင်သွားတယ်။

8-O

.
ဒါပေမဲ့လည်း မင်သေသေပေါ့။ “မေးလေ” ရေဘူးလေး မော့ရင်း ခွင့်ပေးလိုက်တယ်။

” _ _ _ _ အကြောင်း ငါ့ ကို ပြောပြ”

ဖြီးးးးးး
ရေကို သီးသွားတယ်။

:n:
သေစမ်း၊ ဘာကိစ္စ ဟိုတယောက် နာမည်က ဒင်း ပါးစပ်ထဲ ရောက်လာတာတုန်း??

8-O

“မျက်လုံး အပြူးသား ငါ့ ကို မကြည့်နဲ့။ နင် တို့ အကြောင်းတွေ တစ်စွန်းတစ ငါသိပြီးသားး။

မိုင်ခိ၊ မန်းလေး မြို့လေး က ကျဉ်းကျဉ်းလေးးး၊

နင့်တို့ ကျောင်းလေး က ပိုကျဉ်းတယ်။
နင်တို့ တစ်ဖွဲ့လုံး အဲဒီ တစ်ယောက်ကို ဝိုင်း ဖယ် လိုက်တဲ့ ကိစ္စ ငါကြားပြီးသားး၊

အဲဒါကြောင့် နင်တို့ အဖွဲ့ နဲ့ ငါ မခင်ချင်တာ။
ပြီးတော့ အတာ ငါ့ ကို နင်တို့ သူငယ်ချင်း မင်္ဂလာဆောင် အတင်းခေါ်နေတည်းက ငါ ရိပ်မိတာ။

ငါနဲ့ မခင်တဲ့သူတွေ မင်္ဂလာဆောင်မဲ့ ဆီ ငါ လိုက်ရလောက် တဲ့ အကြောင်းပြချက်လေး နင်ကိုယ်တိုင်ပေးနိုင်ရင် လိုက်မယ်”

.

တောက်!! မေ့သွားတယ်။ ဒင်းဟာ အင်မတန် ကြီးကျယ် တဲ့ အကောင် ဆိုတာ။

:j:

.

“အတာ က ဘယ်လိုပြောလို့လဲ”

.
“ငါမေးတိုင်း စကား လွှဲတယ်လေ။

သူငယ်ချင်းတွေ အချင်းချင်းဖြစ်တဲ့ ပြသနာလောက် ပဲ ပြောတယ်။

ဒါပေမဲ့ နင့်ကြောင့် သူတို့ ဟို တစ်ယောက်ကို ကျဉ်ပလိုက်တာ ငါသိတယ်။”

.

လောလောဆယ်တော့ တစ်ယောက်တည်း က ရမဲ့ ဇာတ် ပေါ့လေ။
မိုင်ခိ ကြိုးစားပြီး အတိုခြုံ့ပြောလိုက်တယ်။

 

http://mandalaygazette.com/170648

.
ကိုယ့်ရဲ့ မခံချင်စိတ်နဲ့ ကြိုးစားမိတဲ့ အားထုတ်မှုတစ်ခု ကိုရောပေါ့။

.

စကား တွေ အဆုံးမှာ မဲ့ပြုံးး နဲ့ “မဆိုးပါ ဘူးးး။ နင် က အတာ့ ထက် ရိုးသားတယ်။ မေးတာ ဖြေသားပဲ”

.

အတာ့ အိမ်ရောက်တော့ ရှိသမျှ အန်ထုတ်ထားတဲ့ လူလို မိုင်ခိ နုန်းချိနေတယ်။

ကိုယ့် နှလုံးသားကို ဖောက်ထုတ်လိုက်ရသလိုပဲ။
ဒီ ဒဏ်ရာတွေမကျက်သေးပါလားးး

:h:

“ဟေ့ကောင် အတာ၊

မင်းမပြောချင်တဲ့ အကြောင်းအရာ အကုန် မိုင်ခိ ငါ့ ကို ပြောပြီး သွားပြီကွ၊

နောက်ခါ မင်းမမေးတော့ ဘူးး၊ မိုင်ခိပဲ မေးမယ်။သူက မညာတတ်ဘူး”

.

ထက်လေး က ပြောရင်း မီးဖိုချောင်ဘက် ထွက်သွားတဲ့ အချိန်မှာ ..အတာ လာပြီး..

.

” ဘာတွေ ပြောလိုက်လဲ”

.
“အကုန်ပဲ၊ မချန်ချင်တော့လို့၊ မင်္ဂလာဆောင်လည်း သွားချင်စိတ်မရှိတော့ဘူးဟာ”

.
“အင်းးး၊ ဒီ ကောင်က အပြောအဆို မာကြောတာက လွဲရင် သဘောကောင်းတယ်၊

မယုတ်မာဘူးး၊ ယေဘူယျ စိတ်ချရတဲ့ အထဲမှာ ပါပါတယ်”

.
“ဟင်၊ အတာ၊ နင် ဘာပြောလဲ၊ အဲဒီတော့….???”

.
“နင် စဉ်းစားချင်ရင် စဉ်းစားပေါ့။ သူ့ဘက်က ငါ့ ကို နင့် အကြောင်း အကုန်သိချင်တယ် ပြောထားတယ်”

.
“ဟာ၊ စိတ်ရှုပ်တာအေ။ ပွဲတက်ဖို့လည်း လူမလိုချင်တော့ဘူးး၊ ဟိုကောင်တွေသိရင် ပိုဆိုးကုန်တော့မယ်၊ စိတ်ညစ်တယ်”

.

အဲဒီ အချိန် ရေခွက်လေးကိုင်ပြီးထွက်လာတဲ့ ထက်လေး က…

.

“ဘာမှစိတ်ရှုပ်မနေနဲ့။ မင်္ဂလာဆောင် အတွက် ရန်ကုန်ကို လိုက်ခဲ့မယ်။

ပွဲတက်မယ်။ မိုင်ခိ … ဆင်တူဝတ်မယ်၊ တစ်ခုတော့ ရှိတယ်။

ငါ့ ကို ပွဲထဲမှာမျက်နှာငယ်အောင်တော့ မလုပ်နဲ့။
နင်က နင့် သူငယ်ချင်း အုပ်စုထဲ သွားနေတာတို့ ဘာတို့မလုပ်နဲ့၊

ငါ့ အနားမှာပဲ ထိုင်နေရမယ်။ အဲဒါဆို အိုကေလား?”

အတာနဲ့ မိုင်ခိ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာမှ မပြောနိုင်။

:g:

~~~~~~~~~~~~~~~~~~~~~~~~~

ဆက်ရန်

:k:

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 330 post in this Website..

CJ # 129120