အဖေကြီးက ရိုးတယ်.. သိပ်ကောင်းတာ… အမှန်ဂ အောက်ကကောင်တွေ လုပ်တာ၊ ဒင်းဒို့ဖျက်နေတာ..။ အဖေကြီးတော့ မပြောကြပါနဲ့ကွယ်.. သူက ဟိုးအပေါ်မှာနေတာ အောက်မှာ ခိုးလုပ်နေတာတွေ သိနိုင်ဗမလား။ အဖေကြီး ဒီလောက် အလုပ်များတာ၊ ဟေ့ ငါတို့ အဖေကြီးကို မထိနဲ့.. မင်းတို့ကောင်တွေ ဆူပူအကြမ်းဖက် လူရမ်းကားဒွေ၊ ကလာဒိန်တွေ၊ ပုဆိန်ရိုးတွေ….

ကျနော်တို့ ငယ်စဉ်က မဆလပါတီနဲ့ နီးစပ်သူတွေ ပြောတဲ့ လာဘ်သုံးစဂါး ကြားဖူးနားဝပါ။ ရာစုနှစ် တဆိတ်အကြာ သမိုင်းဓဗက် ပျံလည်ဒေါ့…

ပါတီ အောက်ခြေက သောက်သုံးမကျလို့ ၊ နာမည်ခံ ဖျက်ဆီးနေတာ၊ သူတို့ကပဲ တလောကလုံး တင်ကျွေးးထားသလို.. ဒါတွေ အမေနဲ့မဆိုင်၊ အောက်ကဖြစ်တိုင်း သိမနေနနိုင်။ သူတို့ကြောင့် အမေစု နာမည်ပျက်တာ….။

ပြောသူတွေ ကြည့်လိုက်တော့ ဓဂယ် မလုပ်ဖူးသူ၊ မလုပ်တဲ့သူ၊ လုပ်မှာလဲ မဟုတ်တဲ့သူ များ၏။ ရွာဆိတ်များ စိုဂျဗာဇို့..။ ရွေးဂေါက်ပွဲ မဲထည့်ယုန်၊ လာဟောပြောလို့ ခရီးကလည်းနီး အပန်းလည်းမကြီး ရဲမဖမ်းမှာလည်း သေချာလျင် သွားနားထောင်ယုန်၊ မေမေစုက ကြက်သရေ ရှိလိုက်တာ နိုင်ငံခေါင်းဆောင် ဖြစ်ထိုက်သူ စဂါးလေပွားယုန်… အဲဒီ လူမျိုးများအိ။ သဒင်းစာဂနေ ဖမ်းမည် ဆီးမည် ဘာအုပဒေ ညာအုပဒေ ထုတ်သီလည်း ဆိုရော ကုတင်အောက် ဝင်ပုန်းသူနဲ့၊ မီးပိတ် ခေါင်းမြီးခြုံ အိပ်သူနဲ့၊ အချို့ကလည်း လူမိုက်နဲ့ပြိုင် ရန်မဖြစ်လို စိုဗဲ… (ဖျစ်နေဒါ ဖျစ်နေဒါ)။ အဲဒီ့ အချိန်ကြတော့ စောင့်ကြွားစောင့်ကြွား အချိုးမပြေ စိုဒဲ့ အောက်ခြေ ပါတီဝင်နဲ့ အပြစ်လိုက်လျှာ ပြောသူရွာဆိတ် ဘယ်သူပို (အချိုးချကြည့်လျင်) အနစ်နာခံ နောက်လိုက်ကောင်း လုပ်မည်လဲ စိမ်ခေါ်လိုက်ခြင်ရဲ့။

မဆလခေတ်မှာ ဦးနေဝင်းကြီးကို မထိရဲ မကိုင်ရဲတာနဲ့ ဘေးကင်းရန်ကွာ ရှိမြည့် အောက်ခြေ ပါတီ၊ ကောင်စီကို လက်ညှိုးထိုး အပြစ်ဖို့တယ်။ နောက်ဆုံးတော့ ၈၈အရေးတော်ပုံကြီး ပေါက်ကွဲထွက်လာရော။ သဂျီးဘုံးတာ မျက်စေ့မှိတ်ထားပီး ဈေးသည် အလေးခိုးတာ အရက်ထဲ လှည့်ပြောနေတော့ ဘယ်သူ ယုန်ပါတော့မလဲ။ အခုလည်း ဟိုလူအသုံးမကျ ဒီလူအသုံးမကျ.. အမေစုကတော့ နတ်ဘုရား.. ဘာလုပ်လုပ် မဝေဖန်သင့်။ ထိုင်ရှိခိုးဂျ ကုသိုလ်ရမဲ… လို့ မီပြောယုန်တမယ်…။ ခုချိန်အထိ ဒေါ်စုကို ဝန်းရံပေးထားအိ၊ မီဒီယာက မသိ မှတ်သလား.. အခြား တက်ကြွ လှုပ်ရှားသူ အသင်းအဖွဲ့များ ငုတ်တုပ်မေ့နေ ထင်သလား.. အားလုံးလိုလို ဆရာကြီး ဦးဝင်းတင် ချပေးခဲ့သော စုကို ဝန်းရံရေးမူဘောင် အတွင်းမှ ရှိနေသေးအိ။ ဒါကို ရွာဆိတ်များ မကျေနပ်နိုင်.. သူတို့လို မှန်ဗါ့ဖျား.. သခင်မဖျား လုပ်ရမည့်ပုံ…။

ယုန်ကြောင် ပုံဆောင် တုံဗျောင် ခြုံစောင်

ယုန်ကြောင် ပုံဆောင် တုံဗျောင် ခြုံစောင်

အသင်းအဖွဲ့ ကုမ္မဏီ တခုမှာ စီအီးအို ရာထူး ယူထားလျင် ဒါထက်ပိုလို့ စီအီးအိုနဲ့ ချယ်ယာမင်န် ယာထူးပါ တွဲကိုင်ထားလျင်.. တာဝန်ခံမှု အပြည့်ရှိရသည်။ လက်အောက် ငယ်သား လွှဲချ၍ မရ.. ဝေဖန်သူများကလည်း နိုင်ရာ ဖိမထောင်းအပ်..။ ခုတော့ တဖက်သပ် အဲဒေါ့ အပေါ်ဂလည်း သံယောင်လေးလိုက်လို့ မိန့်ခွန်းလေး ခြွေလိုက်၊ ရွှေပြည်ရေးတရားလေးဟောလိုက်… ဘာမှ ဟုတ်တိပတ်တိ ဖြစ်မလာ။ နိုင်ငံခြားမှာတော့ မအောင်မြင် တာဝန်ခံသူထွက်ပဲ.. မသိလို့ပါ၊ ဝိုင်းလိမ်ထားလို့ ဆင်ခြေပေးမရ။ ဒီတော့ ကုလားထိုင်မလှုပ်အောင် သူမလှုပ်ခင် ကိုယ်လှုပ်ရသည်။ လှုပ်မှတော့ ငြိမ်နေသူလို ဇိမ်မကျ၊ ရန်လည်း များ၏။ အားလုံးကြိုက် အလယ်မှာ နေခြင်လို့ မဖြစ်နိုင်မှန်း သိလာတော့သည်။ အဲဒမှာ နိုင်ငံပြုသုခမိန် ပေါ်ထွန်းလာသည်။ လူပြိန်းအကြိုက်လိုက် လုပ်ပြန်တော့ နိုင်ငံအကျိုးစီးပွား တိုးတက်မှု မရှိ။ ကြာတော့ လူထု ငြီးငွေ့လာမည်။ လူနည်းစု တက်ကနိုခရက်ဖက် လိုက်ပြန်တော့ ဘူဇွာတံဆိပ် အတပ်ခံရကာ လူထုနှင့် ကင်းကွာသည်။ အလယ်မှာရပ် တယားသူဂျီးလုတ်ပျံဒေါ့ ဟိုမရောက် ဒီမရောက် ဆိုင်ကယ်နှစ်စီး အပြိုင်စီး ကားယားဂျီး ဖြစ်အိ။ နိုင်ငံရေး အပေးအယူ စေ့စပ်လိုက်လျောမှုဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပုံ တင်ပြတာပါ။

မူဝါဒတရပ် ခိုင်ခိုင်မာမာ မဆုပ်ကိုင်ဘဲ၊ ရှင်းလင်းပြတ်သားမှု မရှိဘဲ၊ လက်တွေ့လုပ်ငန်းစဉ် မပါဘဲ ရေရှည်ခရီး သွားဖို့မလွယ်။ အဲလို သွားဖို့ကြတော့ တဖက်ဖက် ချဉ်းကပ်ရပြီ။ ညီမလည်းလိုခြင်.. အမလည်း လိုခြင်..အဒေါ်လည်းကြံ.. အမေကြီးပါ မခြံဆိုလျင်ဒေါ့… ယုန်ကြည်ချက်ပြောင်းမှ ဖစ်လိပ်မြည်။

ငါကွ ဦးကြောင်ကြီး

 

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 585 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး