ကျောင်းသားသပိတ် ပင်မစစ်ကြောင်း မနေ့ပဲ လက်ပံတောင်းမှာ လုံထိန်းရဲတွေရဲ့ အကြမ်းဖက် ရိုက်နှက်ဖြိုခွဲ ခံလိုက်ရပါပြီ။ ကျနော်တို့ ဘာဆက်လုပ်ကြ မှာလဲ။ အရေးကြီးဆုံးနဲ့ လူတိုင်း အသက်ဆိုင်ဆုံး အချက်ကတော့ တွေဝေမိန်းမောမှုများ ရပ်ကြပါ။ ဒေါ်စုကို ထောက်ခံခံ၊ မင်းလောင်းပဲမျှော်မျှော် ခင်ဗျားတို့ အလှည့်ကြလျင်လည်း ညှာလိမ့်မည်မဟုတ် ဒီလို ရက်ရက်စက်စက် အဖိနှိပ်ခံရမည်ဆိုတာ သိဖို့ကောင်းပြီ။ ကျောင်းသားတွေ သွေး၊ချွေးနဲ့ရင်းပြီး ဖွတ်အစိုးမရ မျက်နှာဖုံးကို ဆွဲခွာပြသွားတယ်။ ရဲတင်းတဲ့ ကျောင်းသားမို့ ဒင်းတို့ လုပ်သလား.. မထင်ပါနဲ့၊ အလုပ်သမားလည်း ဒီလိုပဲလုပ်တယ်၊ လယ်သမားလည်း ဒီလိုပဲ၊ ဘုန်းကြီးလည်း ဒီလိုပဲ လုပ်ခဲ့တယ်။ ရွေးဂေါက်ပွဲနဲ့ စုမျှော်သူလည်း ဒီလိုပဲ ခံရလိမ့်မည်။ သတ်ပါတီဆိုတဲ့ကောင်လဲ ကိုယ့်အခွင့်အရေး တောင်းဆိုတဲ့အခါ ပုံစံတူ အတီးခံရမည်။ (ဒကောင်တွေတော့ သာကူးမည့်သူများတယ်) ကိုယ်နဲ့မဆိုင် ငြိမ်ခံနေလျင် ကိုယ့်အလှည့်ကြမှ သိလိမ့်မည်။

ဂဇက်ရွာ ရဲမူးရာမည အူးဇီးသော ဘုရားစူး ရဲတပ်ဖွဲ့

ဂဇက် ရဲမူးရာမည အူးဇီးသော ဘုရားစူး ရဲတပ်ဖွဲ့ ဆန္ဒပြပွဲ နှိမ်နင်းနေပုံ

လက်တွေ့ ဘဝဟာ စိတ်ကူးထဲမှာလို မသာယာ.. ပေးဆပ်မှု ရှိမှ ရယူမှု ဖြစ်တယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားလျင်တော့ အကောင်းဆုံးပေါ့.. ဖြစ်လာဖို့ မရှိတဲ့အခါ လက်တွေ့ဘဝထဲကို ဝင်ပါ၊ လက်တွေ့ကျကျ ဖြေရှင်းရပါမည်။ လာမည့် ရွေးဂေါက်ပွဲမျှော်ပြီး လူထုမဲနဲ့ ဖြုတ်ဖို့ကြံတယ် ဆိုလည်း.. တရားမျှတတဲ့ ရလဒ်ထွက်ဖို့ အာမခံချက် မရှိဘူး..၊ ရွေးဂေါက်ပွဲကော်မရှင်ကိုယ်တိုင် စစ်ဗိုလ်တွေ အုပ်စီးထားတယ်။ မတရား လုပ်ပါပြီတဲ့.. ဆန္ဒပြလည်း ဒီလိုပဲ အနှိပ်ခံရမှာပဲ။ ဒါတွေကြောက်လို့ ငြိမ်ခံတော့ သနားပြီး ဒီမိုပေးလိမ့်မည် ထင်သလား။ ကျား ဘယ်တော့မှ ဥပုသ်မစောင့်..

တွေးခေါ်ပုံ ရှုမြင်သုံးသပ်ပုံ ပြောင်းလိုက်ပါ။ သူ့ကို ဒီလိုလုပ်လျင် ငါလည်း ဒီလိုပဲ အလုပ်ခံရလိမ့်မည်ဆိုတာ သိလျင်..၊ မြန်တျန့် ဒီမိုတိုက်ပွဲဆိုတာ တပွဲထိုး မဟုတ်၊ ရေရှည်ဆင်နွှဲရမည် သိလျင်..၊ တိုက်ပွဲကို တဦး၊တဖွဲ့တည်း မောင်ပိုင်စည်းလို့ မရမှန်း သိလျင်..၊ ယုံကြည်ချက် တူနေသမျှ မယုတ်မာသ၍ လက်တွဲ ကူညီဖေးမ ရကောင်းမှန်း သိလျင်…၊ ရေစက်လေးများ ပေါင်းစုံတဲ့အခါ သမုဒ္ဒရာ ရေပြင်ကြီး ဖြစ်သွားကြောင်း သိလျင်… နောင်လာမည့်၊ လာလတ္တံ့သော မြေပေါ်မြေအောက် လှုပ်ရှားမှု ကြီး၊ငယ်များအတွက် ထိုက်တန်သော ပံ့ပိုးမှု စာဖတ်သူများ လုပ်ဆောင် ပေးနိုင်ကြပါမည်။

နိဂုံးကိုတော့ ကျောင်းသားတော်လှန်ရေး သီချင်းအပိုင်းအစလေးတခုနဲ့ ပိတ်ပါ့မယ်..။ အားလုံး လိုက်ဆိုကြပါ..

ရိုင်းစိုင်းတဲ့ တောတိရာစ္ဆာန်များလည်း မဟုတ်…. အားလုံးက အသိနဲ့လူတွေ…. လက်နက်ပြ ခြိမ်းခြောက်ကာ အုပ်ချုပ်မှု ရပ်တန်းက ရပ်သင့်ပြီလေ…

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးတိုက်ပွဲဝင် ကျောင်းသူားရဲဘော်များအား ဦးညွှတ်လျက်..

 

ငါကွ ဦးကြောင်ကြီး

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 585 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး