.. အခုဖြစ်နေတာတွေကြည့်ပြီးProfessionalism ဆိုတာကိုတွေးကြည့်မိတယ်.. အခုဆန္ဒပြမှုကို ကိုင်တွယ်တဲ့သူတွေ Professional ကျကျကိုင်တွယ်ရဲ့လား.. လက်ရှိ စစ်တပ်ဟာProfessional ဖြစ်ရဲ့လား.. အစိုးရ၊ ဝန်ကြီးများ ကိုယ်တိုင်ကကော နိုင်ငံ့ရေးရာတွေမှာProfessional ဖြစ်ရဲ့လား.. ကိုယ်ကိုတိုင်ကော ကိုယ့်အလုပ်မှာ Professionalism ဘောင်အတွင်းဝင်ရဲ့လား..

..Professionalism ဆိုတာကို မြန်မာလို ဘယ်လို အတိအကျပြန်ရမလဲ မသိဘူး.. Professional ဘောလုံးသမားကိုကြေးစားဘောလုံးသမားဆိုတာက အဆင်ပြေပေမယ့် တခြားနေရာတွေကြတော့ ကြေးစားလို့ ပြန်ရတာသိပ်မနိပ်ဘူး.. (ကြေးစား ဆရာဝန်၊ ကြေးစားအင်ဂျင်နီယာ၊ ကြေးစားစစ်သား တခုမှ နားထောင်လို့အဆင်မပြေဘူး)..

.. ဒါနဲ့ပဲ အင်တာနက်ပေါ်ရှာကြည့်တော့ စကားလုံးတစ်လုံးထဲနဲ့အဓိပါယ်ပြန်ဖို့ ပိုခက်သွားတယ်.. ဒါပေမယ့် ဖတ်ရတာ အကျိုးရှိလို့ ပြန်ရှယ်ပါတယ်..

.. နည်းနည်းကြားဖြတ်ပြောဖို့ရှိတာက အခုချိန်မှာ စစ်တပ်၊ ရဲစတဲ့ အစိုးရလက်ကိုင်တုတ်များကို လူအများမုန်းတီးကြပေမယ့် မုန်းလွန်းလို့ဆိုပြီး အဖွဲ့အစည်းတစ်ခုလုံးကိုဖျက်သိမ်းပစ်လို့ မရပါဘူး.. အားနည်းသွားအောင်လုပ်လို့ မသင့်ပါဘူး.. ဒီလူတွေအကုန်ထွက်နောက်အသစ်တွေနဲ့ အစားထိုးဖို့ မဖြစ်နိုင်ပါဘူး.. ဦးသိန်းစိန် အစိုးရပဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်အစိုးရပဲဖြစ်ဖြစ် ဒီအဖွဲအစည်းတွေ ရှိနေမှာ ဖြစ်တဲ့ အတွက် လူအမျိုးမျိုးစိတ်အထွေထွေရှိတဲ့ အဖွဲ့အစည်းတွေမှာProfessional ကြဖို့ကအမြဲ အရေးနေဦးမှာပါ (ယုံကြည်ရတဲ့ အစိုးရကိုင်တွယ်တဲ့ အချိန်မှာ conflict တွေနည်းသွားမှာကသပ်သပ်ပါ)..

.. ပြန်ဆက်ရရင်Professionalism အတွက်လိုအပ်ချက်တွေက

၁. SpecializedKnowledge

.. ပြောစရာသိပ်မလိုပါဘူး..ကိုယ်လုပ်နေတဲ့ အလုပ်အကြောင်း ကောင်းကောင်းသိထားရမယ်ပေါ့.. တချို့အလုပ်တွေအတွက် ဘွဲ့တွေထောက်ခံချက်တွေလိုပေမယ့် တချို့အလုပ်တွေကျတော့ လည်း အဲ့လို စာရွက်အထောက်အထားတွေ သိပ်မလိုပါဘူးတဲ့..အဓိက ကတော့ အမြဲ up-to-date ဖြစ်ဖို့တော့လိုမယ်.. ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးလုပ်နိုင်မယ့် အသိရှိနေရမယ်ပေါ့.. မြန်မာနိုင်ငံ သမ္မတ ဖြစ်မဲ့လူဟာစစ်ရေးအမြင်ရှိရမယ် ဆိုတော့ ဘယ်လို ကြီး တုန်း စစ်သင်တန်းဆင်းလက်မှတ်ပါဖို့အထိလိုသလား..စစ်ရေးအမြင်ရှိရမယ်ဆိုတော့ ကျန်တဲ့ စီးပွားရေးအမြင်တို့ဘာတို့ကော.. စသည်ဖြင့်စဉ်းစားစရာ..

 

၂. Competency

.. လိုအပ်တဲ့အရည်အချင်းပြည့်နေရမယ်.. ကိုယ်လုပ်ရမယ့် အလုပ်ကို အောင်မြင်အောင်လုပ်နိုင်စွမ်းရှိရမယ်၊အခက်အခဲပေါ်လာရင်လည်း ကျော်လွှားနိုင်ရမယ်ပေါ့.. Professionals don’t make excuses,but focus on finding solutions တဲ့.. စစ်သားဆို စစ်တိုက်ရမယ်၊ အငတ်ခံနိုင်ရမယ်၊ အသေခံရဲရမယ်..ဆရာဝန်ဆို အိပ်ရေးပျက်ခံနိုင်ရမယ် ကိုယ်ပိုင်အချိန်အပဲ့ ခံနိုင်ရမယ်၊ စိတ်ရှည်ရမယ်..customer service လုပ်တဲ့ လူများ သည်းခံနိုင်ရမယ်၊ စိတ်တိုလို့မရဘူး၊ သိပ်ခံစားနေလို့မရဘူး..ရဲတွေလည်း အပင်းပန်းခံနိုင်ရတယ်၊ အရိုက်ခံရတယ်၊ အမုန်းခံရမယ် စသည်ဖြင့်ပေါ့.. ဘယ်သူမှသိပ်ညည်းနေလို့ မရဘူး.. ရအောင်ကျော်လွှားပြီး လုပ်နိုင်ရမယ့်သဘော.. ဆက်မပြောတော့ပါဘူး(ပြောရင်းနဲ့ ကိုယ်ပဲ အမုန်းခံရလိမ့်မယ်)

 

၃. Honestyand Integrity

.. ပိုခက်လာပြီ.. ရိုးသား ဖြောင့်မတ် ရမတဲ့.. ဒီခေတ်နဲ့တော့..ထားပါတော့ ရေးထားတာကတော့ ရိုးသားရမယ် ယုံကြည်ထိုက်တဲ့ လူဖြစ်ရမယ်၊ စကားတည်ရမယ် တဲ့..အစိုးရများ၊ ဝန်ကြီးများကို ချိန်ထိုးကြည့်လို့ကောင်းပါတယ်.. နောက်ပြီး ကိုယ်မတတ်နိုင်ရင်မတတ်နိုင်တဲ့ အကြောင်း ဝန်ခံရမယ်.. တတ်နိုင်တဲ့လူကို ဆက်လွှဲရမယ်.. စေတနာအမှားပါဆိုပြီးလုပ်လို့မရဘူး..

 

၎. Accountability

.. ပိုပိုပြီးခက်လာပြီ.. တာဝန်ခံနိုင်ရမယ်တဲ့.. ကိုယ့်စကား၊ကိုယ့်အပြုအမူ၊ ကိုယ့်အမှားအတွက် တာဝန်ခံနိုင်ရမယ်.. ဒီလိုတာဝန်ခံနိုင်ဖို့ အပေါ်က Honestyand Integrity လိုပါသတဲ့.. ဥပမာ ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ ပေါက်ကရလူတွေ လက်ပါတ်ဝတ်ပြီးလုပ်ခိုင်းတာ ဘယ်သူတုန်း.. သမ္မတကြီးလား၊ ပြည်ထဲရေးဝန်ကြီးလား၊ ရဲဘက်ကလား၊ ဖြစ်လာတဲ့ကိစ္စတွေကို ဘယ်သူကတာဝန်ယူမှာတုန်း.. ဘယ်သူကလုပ်ခိုင်းမှန်းမသိ ဖေ့ဘွတ်ဝန်ကြီး နှစ်ယောက်ကပဲဒိုင်ခံဖြေရှင်းနေတာ မဟုတ်သေးဘူး.. ကိုယ်လုပ်တာ မမှားဘူးလို့ယူဆရင်တောင် ဘာကြောင့်လုပ်ခိုင်းတယ်ဘယ်လိုတာဝန်ယူတယ်ဆိုတာ ပြောနိုင်ရမယ် (ဂျပန်ဝန်ကြီးတွေလို နုတ်ထွက်ဖို့ အထိမပြောပါဘူး)..

 

၅. Self-Regulation

.. ပိုပိုပိုပြီးခက်လာပြီ.. မိမိခံစားချက် အပြုအမူကို ထိန်းနိုင်ရမယ်..customer service လုပ်တဲ့နေရာမှာ ဒေါသထွက်နေတဲ့ customer နဲ့ အပြိုင် ဒေါသထွက်လို့မရပါဘူး.. အိမ်မှာစိတ်တိုလာတဲ့ ဆရာမ ကျောင်းက ကလေးတွေဆီမှာ ပေါက်ကွဲလို့ မရပါဘူး..ဒေါသကြီး ရန်ရှာနေတဲ့ လူအုပ်ကြီးကို ထိန်းမယ့် လုံခြုံရေးရဲ အဖွဲ့ဝင်များလည်း အပြိုင်ဒေါသထွက်နေလို့ပေါက်ကွဲလို့ မရပါဘူး.. လက်နက်ကိုင်စစ်သားတွေ ရှေ့တန်းရောက်တဲ့ အချိန် ဥပဒေအားနည်းတဲ့တိုင်းရင်းသားကျေးရွာတွေမှာ အနိုင်ကျင့်ဗိုလ်ကျမူတွေ မရှိအောင်လည်း ဒီ Self-Regulationလိုပါတယ်.. အခုနောက်ဆုံးဖြစ်တဲ့ ရဲ – ကျောင်းသားပြဿနာ မှာ ရဲ တွေဖက်က Self-Regulationအားနည်းတာတွေ့ရပါတယ်.. ရှေ့လျောက်လာဖို့ရှိပါသေးတယ်.. ဘောလုံးပွဲလူရမ်းကား၊ လယ်သမား၊အလုပ်သမတွေ၊ ကျူးကျော်တွေ၊ ပုံစံအမျိုးမျိုးကို ကိုင်တွယ်ရဦးမှာပါ.. သဘောကောင်းတဲ့ရဲက သဘောကောင်းသလို စိတ်တိုလွယ်တဲ့ ရဲက စိတ်တိုသလိုလုပ်လို့ မရပါဘူး.. lawenforcer တွေအနေနဲ့ Self-Regulation ပိုအရေးကြီးပါတယ်.. ဆန္ဒပြတဲ့လူတွေကတော့ တရားဝင်စနစ်တကျဖွဲ့စည်းထားတာမဟုတ်တဲ့ အတွက် Self-Regulation တွေပါတွေရှိမှာမဟုတ်ပါဘူး.. ပစ္စည်းနဲ့ပေါက်တာ ထုတာတွေပါမှာပဲ.. ဒါကိုကိုင်တွယ်ဖို့ law enforcer တွေက Competency ရှိဖို့လည်းပါတယ်..

 

၆. Image

..ကိုယ့်ပုံရိပ်အတွက် သင့်တော်တဲ့ ဝတ်စားဆင်ယင်မူ၊ အပြုအမူလိုပါတယ်တဲ့..လွှတ်တော်ထဲ ငိုက်နေတဲ့ အမတ်များ တွေ့ရရင် ကိုယ်စိတ်ထဲ ဘယ်လိုများအားကိုးချင်စိတ်ရှိမလဲ..

 

အဲ့တော့ နောက်ဆုံး ဒီ Professionalism ဆိုတာနဲ့ ကြည့်လိုက်တော့

အစိုးရလည်းအားနည်းနေတာပဲ

စစ်တပ်လည်းအားနည်းနေတာပဲ

ရဲ တွေလည်းအားနည်းနေတာပဲ

တခြား Professional တွေလည်းအားနည်းနေဆဲပဲ

ကိုယ်ကိုတိုင်လည်းအားနည်းနေဆဲပဲ…

 

.. အားနည်းနေတယ် ဆိုတာနဲ့ တင်မရပ်ပဲ အားဖြည့်ဖို့လည်းလိုတာပဲ..အခု ရဲတပ်ဖွဲ့တွေဆို EU ကသင်တန်းတွေဘာတွေလာပေးတယ်ဆိုတာလည်းအမှန်တော့ ကောင်းပါတယ်.. ဒါပေမယ့် လွဲတော့လွဲနေသေးတယ်………..

KZT

Zaw Thant

About Zaw Thant

Zaw Thant has written 9 post in this Website..