တစ်​ကယ်​​တော့ ဘယ်​သူမှ မနိုင်​ကြပါဘူး

လတ်​​တစ်​​လော ​ဖေ့စ်​ဘုတ်​မှာ ​လူတိုင်းလိုလို တင်​နေကြတဲ့ ပို့စ်​က ” ​ကျောင်းသား​တွေ နိုင်​တယ်​ ” တဲ့ ။ ( တစ်​ဖက်​က လည်း ​ကျောင်းသား​တွေကို သူပုန်​လိုလို ​ပြော​နေကြတာ​တွေလည်း ရှိသ​ပေါ့ ။ ဒါ​ပေမဲ့ ​နေ၀န်းနီ က အ​ကောင့်​​တွေစပြီး အက်​ကတည်းက / လက်​ခံကတည်းက ​သေချာစ်ီစစ်​ပြီးမှ လက်​ခံခဲ့ တာ​ကြောင့်​ ဆန့်​ကျင်​ဘက်​တင်​တဲ့ ပို့စ်​​တွေ အ​တွေ့ရနည်းပါတယ်​ ) ။ အခု လက်​ရှိ​ကျောင်းသား​တွေ မ​ပြောနဲ့ဦး ။ ရှစ်​ဆယ့်​ရှစ်​ ​ကျောင်းသား​တွေ​တောင်​ အသည်းအသန်​ တိုက်​ပွဲဝင်​​နေကြရတုန်း ။လယ်​ဗယ်​ညီ ကွင်းမှာ နည်းစနစ်​မှန်​မှန်​ကန်​ကန်​နဲ့ စည်းကမ်းရှိရှိ ကစားရတဲ့ ပြိုင်​ပွဲမှ မဟုတ်​တာ ။ ဘယ်​လိုလုပ်​ နိုင်​ဦးမလဲ ။ ​ဘောလုံးပွဲ စကားနဲ့ ​ပြောရရင်​ ကွင်းလယ်​ဒိုင်​​ကော စည်းကြပ်​ဒိုင်​နှစ်​​ယောက်​ပါ တစ်​ဖက်​အသင်းဘက်​ပါ​နေတာ ။ ဆယ့်​​လေး​ယောက်​နဲ့ ဆယ့်​တစ်​​ယောက်​ ပွဲ ကြည့်​မ​ကောင်းတာ​တော့ အမှန်​ ။ သန်းငါးဆယ်​​သောပြည်​သူ​တွေက ပွဲကြည့်​ပရိဿတ်​ ။ တစ်​ချို့များ ပွဲကြည့်​ရင်း သန်းတုပ်​မပျက်​ ။ အတင်း​ပြောမပျက်​ ။ အဟုတ်​ ။

နေ၀န်းနီ သိသ​လောက်​က​တော့ အခု ​ကျောင်းသား သပိတ်​မှာ အားလုံးက လက်​မခံပါဘူး ။ အပြင်းအထန်​ ကန့်​ကွက်​သူ​တွေက စားပါးဝ​နေတဲ့ ပညာ​ရေး ၀န်​ထမ်း​တွေများပါတယ်​ ။ အပြင်​ကျူရှင်​​တွေနဲ့ ​ဘော်​ဒါ ​ဆောင်​​တွေကလည်း တစ်​သ​ဘောထဲပဲ ။ ပြင်​ဆင်​မဲ့ ဥပ​ဒေ သာအတည်​ဖြစ်​ခဲ့ရင်​ သူတို့ ဖွင့်​ထားတဲ့ ကျူရှင်​​လေး​တွေ ​ဘော်​ဒါ​ဆောင်​​တွေက အ​ဟောသိကံ ဖြစ်​ရ​တော့မှာပါ ။ သူတို့အ​နေနဲ့ လက်​ရှိက​နေ လက်​မဲ့ အဖြစ်​မခံနိုင်​ပါဘူး ။ ​ကျောင်းခန်းထဲမှာ တတ်​​အောင်​သင်​ ဆရာနဲ့ တပြည့်​ အပြန်​အလှန်​ အမှတ်​​ပေး ဆို​တော့ စန်းစန်းတင့်​ဖြစ်​ကြသ​ပေါ့ ။ ဟုတ်​တယ်​​လေ ။ တစ်​သက်​လုံး ပြန်​မ​ပြောရဲခဲ့တဲ့ တပြည့်​​တွေက သူတို့ရဲ့ အသက်​​မွေးဝမ်း​ကျောင်း အလုပ်​ကိုပါ ထိခိုက်​လာမဲ့ အပြန်​အလှန်​ အကဲဖြတ်​ အမှတ်​​ပေးခံရမယ်​ ဆို​တော့ ……
ပြီး​တော့ အစိုးရ လစာစား​နေတဲ့ (ပြည်​သူ့ အခွန်​ထဲကလစာထုတ်​​နေ​ရ​ပေမဲ့ တစ်​သက်​လုံး အစိုးရ လခစားလို့  သမုတ်​လာတာ နှုတ်​ကျိုး​နေပြီ ပြင်​မရ​သေးဘူး ) အစိုးရ အာဏာ တည်​မြဲ​ရေး ​ပေါ်လစီနဲ့ မိ​နေတဲ့သူ​တွေကလည်း သူတို့နဲ့ နီးစပ်​​နေတဲ့ သူ​တွေကလည်း ကန့်​ကွက်​တာပဲ ။ သူတို့နားမှာ အစိုးရ ​ကောင်း​ကြောင်း​တွေပဲ ကြား​နေရတာဆို​တော့ ပိတ်​ထားတဲ့ နားက အစိုးရမ​ကောင်း​ကြောင်း​ပြောရင်​ လက်​မခံချင်​ဘူး ။ ​ကျောင်းသား သပိတ်​လည်း ဖြိုခွင်းတယ်​ ဆို​ရော လက်​ခုပ်​ထတီးကြ​ရောပဲ ။

ဒါဖြင့်​ ဘယ်​သူ​တွေက လက်​ခံလဲ ဆို​တော့ သိတဲ့အတိုင်း အစဉ်​အလာ ပညာ​ရေး စနစ်​ကို ဆန့်​ကျင်​တဲ့သူ ။ တိုးတက်​သည်​ဖြစ်​​စေ ဆုတ်​ယုတ်​သည်​ဖြစ်​​စေ လက်​ရှိ စနစ်​ကိုငြီး​ငွေ့​နေလို့ အ​ပြောင်းအလဲ ကို လိုလားတဲ့ သူ​တွေ ( ဒီ​နေရာမှာ ဘွဲ့လက်​မှတ်​ကိုင်​ထားပြီး အလုပ်​လည်​စပ်​​နေရတဲ့ သူ​တွေ လည်းပါတာ​ပေါ့ ) ။ တစ်​ချို့က​တော့ နိုင်​ငံတစ်​ကာ က ပညာ​ရေးစနစ်​​တွေကို လက်​​တွေ့ကျကျ ​လေ့လာဖူးပြီး ဒီ​နေရာမှာ​ပြောင်းလဲသင့်​ပြီလို့ မှတ်​ချက်​ချ တဲ့သူ​တွေ ။
ဆို​တော့ကာ ဒီပညာ​ရေး ဥပ​ဒေ ပြုပြင်​​ပြောင်းလဲဖို့ ရှစ်​ဆယ့်​ရှစ်​လို လှည်း​နေ​လှေ​အောင်း မြင်း​ဇောင်းမကျန်​ မစည်းရုံးနိုင်​​သေးဘူး ။ ​နောက်​တစ်​ချက်​က အာရုံ​ပြောင်းလှည့်​ကွက်​​တွေများ​နေတဲ့ အချိန်​မှာ သပိတ်​​မှောက်​လိုက်​တာက တစ်​ချက်​ ။ လက်​ရှိ​ကျောင်း​တွေ အတန်းတင်​စာ​မေးပွဲ​တွေနဲ့ အချိန်​တိုက်​​နေတာက တစ်​ချက်​ ။ ဖြိုခွင်းခံရတဲ့ အချိန်​မှာ ဦးစီး ဦး​ဆောင်​လုပ်​တဲ့ ​ခေါင်း​ဆောင်​​တွေ ​ပျောက်​​နေတာက တစ်​ချက်​ ။ ဒါ​တွေ​ကြောင့်​ ​ကျောင်းသား​တွေ နိုင်​တယ်​လို့ ​ပြောလို့မရ​သေးဘူး ။

ဒါဖြင့်​ တစ်​ဘက်​က​ကော ။ သူလည်းရှုံးတာပါပဲ ။ သူ့အရှုံး ကအများသိပြီးသားမို့ အကျယ်​မ​ပြော​တော့ပါဘူး ။ ​နောက်​ဆုံး​တော့ နှစ်​ဖက်​စလုံး lose: lose ဂိုးမရှိသ​ရေကျသွားပါတယ်​ ။ ​နောက်​မ​ကျေပွဲ က​တော့ ​စောင့်​ကြည့်​ရဦးမှာ​ပေါ့​လေ ။

မှန်​တာ​ပြောရရင်​ ဒီပွဲက လယ်​ဗယ်​ညီ ကွင်းမှာ မပြိုင်​ရဘူး ။ ​ကျောင်းသား​တွေဘက်​မှာ နည်းပြက အနီးကပ်​ မကွပ်​ကဲနိုင်​ဘူး ။ ဘက်​မလိုက်​တဲ့ ဒိုင်​လူကြီးမရှိဘူး ။ ​နောက်​တစ်​ပွဲများ နွှဲ မယ်​ဆိုရင်​ ကြိုတင်​ပြင်​ဆင်​ဖို့ပါ ။

နေ၀န်းနီ
ပွဲကြည့်​ပရိဿတ်​အ​နေနဲ့ ခံစားသည်​။
2015Mar; 12

naywoon ni

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010