သေရဲလား ရဲဘော်
ကျောင်းသားဆိုတာ
ဘယ်တော့မှမသေဘူး
ရိုက်လိုက်စမ်းပါ
ဒဏ်ရာတွေမငဲ့ကွက်ဘူး
ခွတ်ဒေါင်း ရဲ့စိတ်ဓတ်
လူလဲရင်တောင် အလံမလဲဘူး
နှဖူးက အနီပတ်
ရာထူးရာခံအတွက်မဟုတ်ဘူး
အော်လိုက်စမ်းကွာ ညီလေး
ဟစ်ပြလိုက်စမ်း ညီမလေး
မင်းတို့တွေ သရုပ်ပြကောင်းမှ
တို့တွေ အထုတ်ကောင်းကောင်းရမှာ
ရော့ ရေသောက်
အာခြောက်နေရင် အသံမကျယ်ဘူးကွ
ခဏလေးနော် ငါလည်းရေဆာလို့
ဘီယာဆိုင် ဝင်လိုက်ဦးမယ်
ဆက်အော်ထားကွ အသံမတိတ်စေနဲ့
ဒါမှ နိုင်ငံတကာသိကြမှာ
သတင်းထောက်တွေလာရင် များများငို
ရဲ တွေလာရင် ဆဲလွှတ်လိုက် အမှန်တရားက မင်းတို့လက်ထဲမှာ
လူအခွင့်ရေးက မင်းတို့ရဲ့ပါဝါ
ဟဲ့ သောက်ပလုတ်တုတ်
တုတ်တွေနဲ့ ရိုက်ပဟ
ဟေ့ကောင်တွေနောက်မဆုတ်နဲ့
ခံထား ကျောင်းသားသွေးရဲတယ်
ငါ တော့အဖမ်းခံလို့မဖြစ်သေးဘူး
ခေါင်းဆောင်ဆိုတာ ရှင်သန်နေဖို့လိုတယ်ကွ
ငါပြေးပြီဟေ့
ကံကြုံရင်ပြန်ဆုံမယ်
နယူးယောက်က စောင့်နေမယ်
လေးစားပါတယ်ရှင်
လေးစားပါတယ်
ဘေးလွတ်ရာ သတိထားသွားနော်
ရှင်တို့ အကျိုးအမြတ်အတွက်
ကျောင်းသား ခေါင်းပြားအောင်ခံလိုက်ပါ့မယ်
ပညာရေးပြင်ဆင်ဖို့ထက်
ရန်ကုန်မှာနိုက်ကလပ်တက်ဖို့တွေး
လေးစားပါတယ် လေးစားပါတယ်
ဆရာတော်တွေမေတ္တာနဲ့တား
ဆက်မသွားကြပါနဲ့ဆိုလည်း
ခေါင်းခါမြဲ ခေါင်းခါဆဲ
လေးစားပါတယ် လေးစားပါတယ်
တောင်းဆိုတာလည်းလိုက်လျောပါတယ်
လွှတ်တော်ထဲ ပြောကြမယ်နော်
မတားနဲ့ ရန်ကုန်သွားမှာပဲ
လေးစားပါတယ် လေးစားပါတယ်
ခြေဥနဲ့ အမေစုအရေး
အလေးထားပြီး စဉ်းစားပါရှင်
ဘာမှရှင်းမပြနဲ့
ပညာရေးအတွက် ရန်ကုန်ချီတက်မယ်
လေးစားပါတယ် လေးစားပါတယ်
ဟိုရှေ့က ခြံစည်းရိုးခွထိုင်တွေ
အဘ ဘောမ,သာကူးမတွေ
နင်တို့ မဝန်းရံလို့ ကျောင်းသားအရိုက်ခံရတာ
နင်တို့ မအုံကြွလို့ ကျောင်းသားကိုဖမ်းရဲတာ
နင်တို့မှာ တာဝန်အပြည့်ရှိတယ်
ရှင် …… ဟုတ်လား
လေးစားပါတယ် လေးစားပါတယ်
နောက်တကြိမ် အုံကြွဖို့
ခေါင်းစဉ်မထပ်အောင်ရှာထားနော်
ထောက်ပံ့ငွေ ဒေါ်လာတထပ်နဲ့
ယပ်ခတ်နေသူ ခေါင်းရှောင်တို့ရယ်
လေးစားပါတယ် လေးစားပါတယ်
အရှက်ပြတ်သူအာဏာရှင်နဲ့
မရှက်တတ်သူ ခေါင်းရှောင်တို့ရေ
ထပ်ပြောချင်ပါတယ်
ရှက်တတ်ရင် နှစ်ခါသေလို့ရတယ် ။

About မီ မီ

မီ မီ has written 11 post in this Website..