ဖွတ်ချက်ဖွတ်ချက် မြန်လေတပ်

တလုပ်ပြည်ဖက် မှားကျသော ဗုံးသည် မိတ်အင်ချိုင်းနားဖြစ်၍ ၎င်းတို့တွင် အပြစ်မရှိကြောင်း၊ တလုတ်လေယာဉ်ကို စက်နှိုးရန်ပင် လူအင်အားသုံး တွန်းထုတ်ရဂျောင်း လေဗိုလ်ချုပ်ရဲမိုးမှ ကာကွယ်ပြောဆိုသီ။

နေပေါက်ဆီ

ဗုံးမှားကြဲချခံရ၍ ဆိတ်စိုးနေသော တလုပ်အစိုးရ ကျေနပ်နှစ်သိမ့်စေယံ စစ်လမ်းနီးနှင့် ဖွတ်အောက်ဆွဲများ လက်ရှိအသုံးပြုနေသည့် နေဝမ်းနီ ပရိုဖိုင်း ဓါတ်ပုံအစား အောက်ဖော်ပြပါ ပုံအသစ် ပြောင်းလဲရန် ကုတ်ခြာကာချုပ် မအလ မှ ညွှန်ကြားထားသည်။

တရုတ်ကြီးကျွေးမည့် နေပေါက်ဆီ

တရုတ်ကြီးကျွေးမည့် နေပေါက်ဆီ (ဓာတ်ပုံ -ဖဘ)

ရေနစ်သူ ဝါးထိုးကူ

ရိုက်နှက်၊ဖမ်းဆီး အဖြိုခွဲခံရသော ကျောင်းသားသပိတ်အား ဆက်လက် ပြစ်တင်ရှုံ့ချ ပျက်ရယ်ပြု နေသူများတွင် အမေ၊အမေနှင့် အော်နေသူများ၊ ဒီမို ကြွေးကြော်သူများ ပါနေ၍ ဘွားဒေါ်ဂျီးနှင့် ရှစ်ပူးများ အရေးဘော် အစည်းအဝေး ပြုလုပ်ခဲ့သည်။

ဆိတ်သာရှင်စော ရွာမှာပြော

ဖွတ်အစိုးမရ အကြမ်းဖက်တပ် လက်ပတ်နီများအား ပြန်လည်တုံ့ပြန်ရန် ဆိတ်စွမ်းအားရှင်အဖွဲ့ ပေါ်ထွက်လာရာ မြန်တျန့်နိုင်ငံရေးသမိုင်းတွင် ထူးခြားဂျက် တရပ်ဖြစ်ကြောင်း အချောင်သမား သပ်ပါတီမှ ထုပ်ပျပျန်သီ။

ဆိတ်စွမ်းချောင်သပ် တိုင်းပြည်ခက်

ဂဇွတ်ရွာဒွင် ဆိတ်စွမ်းအားရှင်များနှင့် အချောင်သမား သပ်ပါတီဝံများ ကိုယ်ဂျိုးစီးပွား ညွန့်ပေါင်းဖွဲ့မိသွားရာ ကိုယ်ဂျိုးမဖက် အနစ်နာခံ ရဲရဲတောက် ဒီမိုသမားများ ကျောင်းသားကို လုံထိန်းဝိုင်းရိုက်သလို အလူးအလိမ့် ခံနေရသီ။

မွတ်မဟုတ် စွပ်ပြုတ်

မြန်တျန့်သမဒ ဘပြောင် မလေးဂုံပြုခံတပ်ဖွဲအား ဦးညွှတ်နေသည့်ပုံမှာ ဝါဒဖြန့် လုပ်ကြံမှု သက်သက်ဖြစ်ကြောင်း ဖဦးထုပ်ဝံဂျီး ဦးယဲထွတ်မှ ကွာလံကွာပူ ဗဟိုဗလီကြီး သောကြာနေ့ ဝတ်ပြုပွဲတွင် ပြောကြားသီ။

တင်ပြရဲပါ

သမဒ ပညာသင်ဆု ရေးဖြေ အောင်သွားသော စက်ဆီမော်ဒယ်လ် ဇွံသင်ဇာ နှုတ်ဖြေတွင် ရဲရဲဝံ့ဝံ့နှင့် တင်အပြကောင်းပါဂ သေခြာဗောက် အရွေးခံရမြည် ဖြစ်သီ။

တေမထူး နေမထူး

ဒုတိယသက်တမ်း ဖွတ်အစိုးမရ ဝံဂျီးအဖွဲ့စာရင်းတွင် အမျိုးသားပညာရေး ပဲ့ကိုင် ပညာရေးဝံဂျီးအဖြစ် ဖွတ်လွှတ်တော်အမတ် ဘူးလက် အူးလှဆွေ အားလျာထားဂျောင်း သတင်းရရှိသီ။

တေဟဲ့နာမ်ဒိယ

လောက်ကိုင်အရေးတွင် စစ်တပ်ဖားပြီး ကျောင်းသားအား မျက်နှာလွဲခဲပစ်လုပ်ကြောင်း အစွပ်စွဲခံရသူ ရုပ်ရှင်အစီးအရုန်း ငှက်ကထ လူမင်းက တုံ့ပြန်သည့် အနေနှင့် ကျောင်းသား၊စစ်သား ဇာတ်နှစ်ရုပ်ပါ ရုပ်ရှင်ရိုက်မြီ ဖြစ်ရာ မေမြို့စစ်တက္ကသိုလ်ကျောင်း ဝါဒဖြန့်ကားဖစ်နေသီ။

ဂုမှလူယာဝံ

မြန်မာမီဒီယာနှင့်ဂျာနယ်အသင်းမှ ပြန်ကြားရေးဝံဂျီးဌာန ပြုလုပ်သော မီဒီယာကွန်ဖရင့်အား သပိတ်မှောက်ရန် စီစဉ်ထားရာ ပွဲမပျက်စေရန် လေရဲမိုးနှင့်အဖွဲ့ အစားထိုး တက်ရောက်ရန် ပြန်ကြားရေးမှ ညွှန်ကြားထားသီ။

သူများလဲပါဒယ်

ဒီမို ရှေ့နေဦးရောဘတ်စန်းအောင်မှ ဒီဗွီဘီ စဂါးစစ်ထိုးပွဲတွင် ပါဝင်ရန် ကျောင်းသားသပိတ်တပ်ကို ဥပဒေနှင့်အညီ ဖြိုခွဲပါသည် စိုသူအား စိမ်ခေါ်လိုက်ရာ ဖအူးထုပ်ဝံဂျီး အူးရဲထွဋ် သူတယောက်ထဲ မဟုတ်ကြောင်း ပြောသီ။

လက်ပတ်နီကော်မရှင်

ရန်ကုန်မြို့တော် ခန်းမရှေ့ ဆန္ဒပြပွဲအား အမည်မသိ လူရမ်းကားများ ဝင်ရောက်ရိုက်နှက်ဖမ်းဆီးမှုအတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့လိုက်ရာ ရုံခန်းကို လုံခြုံရေး ဆိတ်ချရသော ကြည့်မြင့်တိုင် တဖက်ကမ်း လက်ပတ်နီကျေးရွာတွင် ဖွင့်လှစ်မည်ဖြစ်သီ။

ကြွေးတင်ထုတ်ရောင်း မုန့်စိမ်းပေါင်း

မြန်တျန့် နိုင်ငံသား တဦးလျင် ငါးသိန်းတင်နေသော နိုင်ငံခြားကြွေးမြီ ဝံထုပ်ဝံပိုး သက်သာဇေယံ တလုတ်ပြည်သို့ တွင်းထွက်သယံဇာတများ ဆွေးမျိုးပေါက်ဖော်ဈေးဖြင့် ဆက်လက် ရောင်းချသွားရန် စီစဉ်ထားဂျောင်း ကြေငြာသီ။

 

 

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 585 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး