မတ်လဆန်းမှာပဲ ဖေဖော်ဝါရီလအတွက် ပြီးသွားလို့ အမီလိုက်နိုင်တော့မယ်လို့ ထင်မိပေမယ့်

 

ရက်တွေက ပြေးလွှားသွားနေလို့

ထုံးစံအတိုင်း နောက်ကနေပဲ လိုက်ရပါတော့တယ်။ :a:

 

ဒီလကတော့ လိုတိုရှင်း လ လို့ ပြောရမယ်ထင်တယ်။

 

ဆရာအော်ပီကျယ်ရဲ့ လိုတိုရှင်း ကာတွန်းတွေကို ကြည့်ပြီး…..

 

သဘောတူတာလည်းပါ။

သဘောမတူတာလည်းပါ။

 

နားလည်တာလည်း ပါ။

နားမလည်တာလည်း ပါ။

 

ဖြန့်ကျက်တွေးမိတာလည်း ပါ။

ဖြန့်ကျက်မတွေးနိုင်တာလည်း ပါ။

 

အဲဒါကြောင့် ကိုယ်တွေးမိတာလေးတွေ ဖြည့်ရေးရင်း

မလိုက်နိုင်တာတွေကို ချန်ထားခဲ့ပါမယ်။

 

CAM03281[1]

 

ဒီကာတွန်းကိုတော့ တဏှာရဲ့သဘောလို့ မြင်မိတယ်။

တွယ်တာမိ မက်မောမိလို့သာ ပင်ပန်းနေရတာပေါ့။ :i:

CAM03282[1]

ကိုယ်ကတော့ မသိပဲ ပြောချင်တယ်။

သူများကိုတော့ မပြောလည်း သိပါတယ် လို့ ပိတ်ချင်တယ်။ :p:

CAM03283[2]

မြင်မိတဲ့ အလှချင်းတော့ ကွာလိမ့်မပေါ့။ :kwi:

CAM03318[1]

 

CAM03284[1]

 

 

CAM03285[1]

အာကာသထဲမှာ စာရေးဖို့ ခဲတံကို အသုံးပြုသလိုမျိုးပေါ့။

 

ဒါပေမယ့်လည်း တခါတလေမှာ လွယ်တာကို မတွေးမိလို့

ခက်ခက်ခဲခဲ လုပ်ရတတ်ပါတယ်။ :s:

 

CAM03286[1]

သင်္ကြန်တရားစခန်းဝင်ခါနီးလို့ပဲ အတွေးတွေက ချော်နေသလားလို့ ကိုယ့်ကိုကိုယ် တွေးမိတယ်။

 

ပုထုဇဉ်တွေမို့  ……..

ပညာတတ်သူက ပညာတတ်လို့

ဥစ္စာရှိသူက ဥစ္စာရှိလို့ ပျော်နေကြတာပဲပေါ့။

 

အဲဒီတော့ ပညာမရှိ ဥစ္စာရှားပါးတဲ့သူတွေရော ငိုနေကြသလားလို့ မထင်ပါနဲ့။

 

ရရစားစား လက်လုပ်လက်စား လူတန်းစားတွေလည်း သူတို့ဘ၀နဲ့ သူတို့ပျော်နေကြတာပါပဲ။

 

ကြံကြံဖန်ဖန်တွေးမိတာတစ်ခုက……..

ပျော်တာနဲ့ စိတ်ချမ်းသာတာ ဘာကွာသလဲ မသိဘူး။ :roll:

 

CAM03287[1]

ရိုးသားတာ ကောင်းပါတယ်။

ဒါပေမယ့် ရိုး တာနဲ့ အ တာ ကို နယ်စည်းမခြားတတ်သေးဘူး။  :cryy:

CAM03288[1]ခွင့်ပြုတော့ပြုပါတယ်။

ဒါပေမယ့် တောင်ပံပါဖို့တော့ လိုသေးတယ်။

CAM03289[1]

မမြင်ရတဲ့ ဆန်းကြယ်တဲ့ ကံတရားကြောင့်

(သဂျီးအလိုအရ လိပ်ပြာတောင်ပံခတ်လိုက်လို့)

 

အောင်မြင်သွားနိုင်သလို

ကျရှုံးခြင်းတွေလည်း ကြုံလာနိုင်တယ်ဆိုတာကို ကြိုတွေးပြင်ဆင်ဖို့တော့ လိုလိမ့်မယ်။

 

CAM03290[1]

CAM03291[1]

 

CAM03292[1]

အဆိုးလောကဓံတွေနဲ့ ကြုံလာတဲ့အခါ………..

 

ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း

စိတ်ဓာတ်တွေကျဆင်းရင်း

 

ကျရှုံးမှုတွေ ထပ်မံကြုံတွေ့လာနိုင်ပါတယ်။

 

ကိုယ့်ကိုကိုယ်အပြစ်တင်မယ့်အစား ဖြစ်ခဲ့တဲ့အထဲက သင်ခန်းစာယူပြီး ရှေ့ဆက်နိုင်အောင် ကြိုးစားရမှာပေါ့။

  CAM03293[1]

အကောင်းဆုံးကို မျှော်လင့်ပါ။

အဆိုးဆုံးကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ။

 

CAM03295[1]

တနေ့ပြီးတနေ့ (၇) ကာတွန်းတွေထဲမှာ အကြိုက်ဆုံးပါ။

 

ဖြစ်ပျက်မှုအပေါ်မှားယွင်းစွာတုန့်ပြန်မှုက ဆိုးကျိုးကိုပဲ ရစေနိုင်တာပေါ့။

 

တနေ့ပြီးတနေ့ (၆) မှာ ကိုခင်ခ က

ပုံလေးတွေ ဒေါင်းထားပြီး သူ့နေ့နဲ့သူ ကွန်ပျူတာမှာ နောက်ခံလေးထားရင် ဟန်ကျလေမလားပေါ့လေ။

 

လို့ ဆိုထားတာကို ဖြည့်ဆည်းမပေးနိုင်လို့ စိတ်မကောင်းပါဘူး။

 

အမြန်ပြေးလွှားတဲ့အနေနဲ့ ဒီလကို ၂ပိုင်းပဲ ခွဲပြီးတင်လိုက်ပါတယ်။

 

အမီလိုက်နိုင်အောင် နောက်အပိုင်းကို အမြန်ဆုံးတင်နိုင်အောင် ကြိုးစားပ့ါမယ်။

Ma Ma

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)