ကြည့်မိသမျှ ရွှီးဖို့ ခြေလှမ်း စတင်ပါပြီ။

.
ရွာမှာရှိသော “ရုပ်ရှင်ကျွမ်းကျင်” ကိုယ်တော်ကြီး ကိုယ်တော်လေးတို့…

နှမတော်လေးကို စောင့်ရှောက်တော်မူပါ။

.
ပြုံး၍လည်း ရွှီးတာကို နားထောင်တော်မူပါ။

.
ရီ၍လည်း ရွှီးတာကို ဖတ်ပေးတော်မူပါ။

အဟိဟိ

:mrgreen:

 

~~~~~~~~~~~~~~~~~~~~~~

Predestination (2014)

Predestination (2014)

 

“Predestination”ကို Movie Link (http://www.channelmyanmar.com) မှာ မြင်ပေမဲ့  သရုပ်ဆောင်မင်းသားကိုမကြိုက်တာကြောင့် ကျော်ပြီး တခြားကား ရွေးရွေးကြည့်ရာကနေ မိတ်ဆွေ ကိုဖျာက သူ့စတေးတပ်မှာကောင်းတယ်လို့ ညွှန်းလို့ ဒီ နေ့ ကြည့်မိလိုက်တယ်။
.
.

Rating

7.4/10 -IMDb

84% – RottenTomatoes

3.5/4 – RogerEbert

69% – Metacritic

.
.
.

About

Initialrelease: June 13, 2014 (Vietnam)

Directors:Peter Spierig, Michael Spierig

Runningtime: 97 minutes

InitialDVD release: November 26, 2014 (Hungary)

Genres:Fantasy film, Science Fiction, Thriller, Mystery, Action Film

.
.
.

ဇာတ်လမ်းအကြောင်းမပြောသေးခင်သရုပ်ဆောင်တွေ အကြောင်း နည်းနည်းတို့ရရင်…

.

၁)  Ethan Hawke ကို ဘယ်ကားမှ မှတ်မှတ်သားသား အမူအယာရော ရုပ်ရော မကြိုက်တာမို့ ဒီ ကားမှာ စိတ်လျှော့ပြီးကြည့်တာပါ။

အမူအယာရောမျက်လုံးအသက်ဝင်မှုရော ကောင်းလာပါကြောင်း…

၂) SarahSnook  ကို မင်းသမီး အနေနဲ့ ဘယ်ကားမှ မကြည့်ဖူးဘူးထင်တာပါပဲ။စမြင်မြင်ချင်း (ဇာတ်ဆောင်အရ) ဒီ မင်းသား တော်တော်ချောတယ်လို့ စိတ်ထဲမှတ်တာ။

မိန်းကလေးလိုလေးလည်းလှတာပဲ။ ဇာတ်လမ်းထဲမှာတော့ Ethan Hawke  ထက်ကိုအမူအရာပိုကောင်းတာ သိသာသလိုပါပဲ။

.
.
.

ဇာတ်လမ်းကို တို့ရရင်…

.

ကိုယ်တိုင်ကြည့်ဖြစ်ဖို့ပဲ ပြောချင်ပါတယ်။ ပြောပြလို့ အရသာမရှိတဲ့ ဇာတ်လမ်းမျိုးပါ။

နားထောင်ရုံနဲ့လည်းလိုရင်းမရောက်၊ သူတို့ ပေးချင်တဲ့ မက်ဆေ့(ချ) ကို မရပဲ ရှုပ်လိုက်တာကွာဆိုတဲ့ မှတ်ချက်ပဲရမှာပါ။

ဒါပေမဲ့ ရိုးရိုးရှင်းရှင်းရိုက်ကူးသွားတဲ့ ဇာတ်ကွက်လေးတွေ နဲ့ နည်းနည်း အေးတယ် ထင်ရပေမဲ့ စိတ်ဝင်တစား ဆက်ကြည့်ဖြစ်မဲ့ဇာတ်ကားပါ။

.

.

.

ဇာတ်လမ်းအကျဉ်း က…

.

TimeMachine  ကိုင်ထားတဲ့ အထူးအေးဂျင့် တစ်ယောက်ရဲ့မွေးခါမှသည် နောက်ဆုံး အချိန်ထိ ကြုံတွေ့ဖြတ်ကျော်ရတဲ့ ဘဝကို အဲဒီ အေးဂျင့်ကိုယ်တိုင်ကသူ့ကိုယ်သူ ပြန်လည် ရှင်းလင်း ရ တဲ့ ဇာတ်ကြောင်းပါ။

ရှုပ်သွားသလားမိတ်ဆွေ!!!  :P

ဇာတ်လမ်းဆုံးအောင်ကြည့်ရင် နားလည်သွားပါလိမ့်မယ်။

ဇာတ်လမ်းကိုသာ နားလည်မှာ ဖြစ်ပြီးးး တစ်ချို့အကြောင်းအရာတွေကတော့ တရားတော်နဲ့ စစ်တဲ့ အချိန်မှာ ဒွိဟဖြစ်နေဦးမှာပါ။

.

.

.

ရှုပ်ထွေးသောအပိုင်းများ…

.

ဟောလီးဝုဒ်ကTime Machine  နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတိုင်းမှာသတိထားမိတာ တစ်ခုက…

၁) သူတို့က “အတိတ်” ဆိုတာကို ဗုဒ္ဓဘာသာမှာ ရှိသလို ဖြစ်ပြီး ပျက်သွားတာလို မယူပဲ အတိတ်ရဲ့ ပုံရိပ်တွေဟာအချိန်တစ်ခု အနေနဲ့ ကျန်ခဲ့တယ်လို့ ယူဆတာပါပဲ။

.

၂) အဲဒါကြောင့်သူတို့က “အတိတ်”ဆိုတဲ့ ကာလ အပိုင်းအခြားကို အမြဲ ပြန်သွားနိုင်တယ်လို့ ယူဆတဲ့ အတွက်အခု လက်ရှိလူရဲ့ ပုံရိပ်အတိုင်းကပဲ ကုန်လွန်သွားခဲ့တဲ့ အတိတ်က အချိန်/နေရာ/အခြေအနေကိုဘေးကနေ ကြည့်သလို ပြန်သွားလို့ ရသလို အမြဲရိုက်ကူးလေ့ရှိပါတယ်။

.

၃) ဒီ ဇာတ်ကားကိုဒီ (၁) နဲ့ (၂)  သော့ချက်နဲ့ ကြည့်မှသာ စကြည့်ကတည်းကဇာတ်ကွက်တိုင်းကို ဖမ်းမိမှာပါ။

.

.

.

ကျနော့ အပိုင်း…

.

ထင်ရာ အာရိုက်ပြီးပြီ ဆိုတော့ မြင်ရာကို လျှောက်ပြောတော့မဲ့ အပိုင်းပါ။

:mrgreenn:

:mrgreenn:

.

၁) ကြည့်ရင်းကျနော်တို့ ဘာသာမှာရှိတဲ့ သံသရာနဲ့ ရှေ့ဘဝ/နောက်ဘဝ စတဲ့ အပိုင်းတွေ (အဲ။ ပြီးတော့ ဇာတ်တော်ထဲကမောင်ပစ္စက အကြောင်းတွေပါ) ခေါင်းထဲဝင်လာပါတယ်။

.

၂) ရှေ့ကိုနည်းနည်းလေးပဲ ကြိုမြင်နိုင်မယ်ဆိုရင်တောင် ကျနော်တို့ ရဲ့ အခု လက်ရှိ ကံကြမ္မာကို နည်းနည်းထိန်းချုပ်လို့ရပါတယ်။ Time Machine  နဲ့ မသွားနိုင်တာမို့ ညာဏ်မျက်စိလေးနဲ့ပဲကြည့်မြင်ရတော့မှာပေါ့လေ။

.

၃) အတိတ်/ရှေ့ဘဝမှာ အစပျိုးခဲ့သမျှ ဒီ ဘဝမှာ ရိတ်သိမ်းရမှာတို့၊ ဒီ ဘဝမှ ထင်ရာစိုင်းခဲ့ရင် နောက်ဘဝတစ်ခုမှာ အဲဒီ အကျိုးဆက်တစ်ခု ပြန်ခံရမှာတို့၊ သံသရာ ဆိုတာ စက်ဝိုင်းလိုပဲ အဆုံးမရှိလည်နေတာတို့ ဆိုတဲ့ သဘောတရားတွေဘာသာမတူတဲ့ ဒီ ရုပ်ရှင်ကားမှာ “သဘောထား သက်သက်” အဖြစ်လည်း တွေ့နိုင်တယ်လို့ထင်ပါတယ်။

.

၎) ချုပ်ပြောရရင်တော့ရုပ်ရှင်သီးသန့်အနေနဲ့ဆို နည်းနည်း ပျင်းစရာကောင်းပြီး ဖြတ်သွားဖြတ်လာ ကြည့်ဖို့ လုံးဝအားမပေးပါဘူး။

.

၅) မကြည့်ဘူးဆိုရင်လုံးဝမကြည့်ပဲ…  ကြည့်မယ် ဆိုရင် “ဒါဖတ်ပြီးမှ ဒီရုပ်ရှင်ကြည့်ကြပါ” လို့ အော်ချင်ပါတယ်ခင်ညားးးး

:byee:

.

(နောက်ဆုံးကစိတ်ဖောက်ပြန်လာတာ တားမရတော့လို့)

:k:

ဇီဇီ

About ဇီဇီ

ဇီဇီ has written 330 post in this Website..

CJ # 129120