ခုခေတ်က လူတိုင်းတဖုန်းဖုန်းနဲ့ ဟ..လို ဟ..လို လုပ်နေကြတဲ့ခေတ်ရောက်နေပြီ…. လိုင်းတွေကလည်း ရွေးချယ်ဝယ်လို့ရတဲ့ အနေအထားပေါ့လေ…
တို့ကတော့ တို့ကတော့ တို့ကို ကျလောက်အောင်ပြောပြီး ချူစားတတ်တဲ့ စိတ်ဒဏ်ရာတွေ အထပ်ထပ်ပေးတတ်ခဲ့တဲ့ ရည်းစားဦးကြီးကို အစွဲအလမ်းမပြတ်နိုင် မိုက်လုံးကြီးနေသေးတုန်းပဲ ပြောပြော…. contact no. တွေပြောင်းပေးရမှာ အပျင်းကြီးတယ်ပဲဆိုဆို….မပုတုမှ မပုတုပါပဲရှင်…ဂလု :(

အင်းးး လူတိုင်းဖုန်းကိုင်လာနိုင်တော့ ဆက်သွယ်ရတာတွေပို အဆင်ပြေလာတာပေါ့…..အင်းးးးး တဘက်ကလည်း ဖုန်းဆက်ခြင်း ဖုန်းပြောခြင်း အတတ်ပညာလေးတွေ လောကနီတိထဲဖြစ်ဖြစ် public area မှာဖြစ်ဖြစ် ပညာပေးဆောင်ပုဒ်လေး ကပ်ထားရင် ကောင်းမယ်ထင့်…ဒါမှ public area မှာ
အလန့်တကြား ringtone တွေ အပြိုင် အဆိုင် မိုင်ကုန် မြည်နေတာ…တမိုင်ပတ်လည်လောက် ကြားအောင် အော်ဟစ်ရီမော ဆဲဆိုကာ ဖုန်းပြောတာတွေ
လျော့နည်းသွားမှာ…. တချို့က တမင်လုပ်တာမဟုတ် အမှတ်မထားပြုမူကြတာ…. ပညာတတ်တွေချည်း အလုပ်လုပ်ကြပါတယ်ဆိုတဲ့ ရုံးခန်းတွေ
educational workshop တွေမှာတောင် ထပ်ခါတလဲလဲမြင်တွေ့နေရတာဆိုတော့လည်း…..

ဖုန်းခဏခဏ မှားခေါ်တာတွေ မှားခေါ်တဲ့ သူကပဲ ဘုတောသွားတာတွေ စသဖြင့်ပေါ့လေ ဖုန်းနဲ့ ပက်သက်ပြီးပြောစရာတွေများတော့ ထားလိုက်ပါတော့…
highlight လုပ်ပြီးပြောပြချင်တာကတော့ တို့နဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့နေရတဲ့ လေဒီဖုန်းတွေအကြောင်း……..

တို့အလုပ်က အိမ်မှာတင်လုပ်ရတဲ့ အလုပ်ဆိုပေမယ့် အရေးကြီးရင်ကြီးသလို တရက် ၁၂ နာရီလောက် computer screen ထဲကိုခေါင်းနစ်မတတ် လုပ်ရတဲ့အလုပ်၊
အဲဒီတော့ အိမ်အလုပ်တွေ ကူလုပ်ပေးတဲ့ အိမ်အကူခေါ်ရတယ်ပေါ့လေ…. အင်းးး အိမ်အကူဆိုလို့ သတင်းတွေထဲမှာ ဖတ်လိုက်ရရင် အိမ်ရှင်တွေက အိမ်အကူတွေကို နှိပ်စက်ထားလိုက်တာ မမြင်ရက်စရာ… တွေးမိတယ် အဲဒီမိန်းကလေးတွေ ကံဆိုးလိုက်တာလို့…တို့ကိုယ်တိုင်ရော တို့မိဘ တို့ မိတ်ဆွေတွေလည်း
အလုပ်အင်မတန်များသူတွေဆိုတော့ အိမ်အကူနဲ့ လွတ်ကင်းတဲ့သူခပ်ရှားရှား… ရိုက်ဖို့နှက်ဖို့နေနေသာသာ စိတ်ကောက်ပြန်သွားမှာ စိုးလို့ လေသံတောင် မာမာမဟရဲ… အဲလိုတန်ဖိုးရှိတယ်လေ…သူတို့ရှိလို့ အလုပ်ကောင်းကောင်းလုပ်နိုင်လို့…

တို့ကတော့ အိမ်ကိုမှောက်လိုမှောက် သွန်လိုသွန်လိုသွန် အလုပ်ကိုဖြောင့်ဖြောင့်တန်းတန်း လုပ်ရပြီးရောသဘောထားလိုက်တော့ အိုကေမှာစိုပြေ….အဲ..စိုပြေခဲ့

လေဒီဖုန်း(၁)က လခကြိုထုတ်ပြီး ဖုန်းဝယ်…အိုကေ…အိမ်နဲ့ ဖုန်းတွေပြောကြ…အိုကေ… လက်တဘက်ဟင်းချက်လိုက် အ၀တ်လျှော်လိုက် လက်တဘက်က မလွှတ်တမ်းဖုန်းတွေပြော…အင်း ရခါစမို့ပါ…ည ၂ နာရီလောက် အထိ ဖုန်းမြည်သံ ဖုန်းပြောသံကျယ်ကျယ်လောင်လောင်…အင်း သတိပေးရပြီ ကိုယ်ဖုန်းပြောတာ
သူတပါး မထိခိုက်စေဖို့… အိမ်ကိုပုံမှန်ပိုက်ဆံပို့သူက ဖုန်းခဖိုးပင် အလျှင်မမှီချင်တော့… သတိပေးရပြီ ကိစရှိမှဖုန်းပြောဖို့… ကိုယ့်ပိုက်ဆံအိတ်ထဲက မှတ်မှတ်သားသားထားတဲ့ တသောင်းတန်လေးတွေခုန်ပျံ…ဖုန်းဆိုင်ကအန်တီကြီးနဲ့ တွေ့အပြီး… ခုန်ပျံသွားတဲ့ စက်ကူလေးတွေအကြောင်း အရိပ်အမြွက်ေံပြာသတိပေး… အင်းးး တို့ သတိပေးတာတွေ သိပ်ကို များသွားခဲ့တယ် ထင်တယ်…လေဒီဖုန်း(၁)နဲ့ တဇာတ်သိမ်းသွားတော့တယ်…

လေဒီဖုန်း(၂)နဲ့ တွေ့ပါပြီ… လခကြိုထုတ်ချင်တယ်…ဖုန်းဝယ်မို့…ဟင်..အင်းလေ.လူတိုင်းတော့ မတူနိုင်ပါဘူး..အိုကေ…ဒီလိုနဲ့ မနက်တိုင်းအိမ်နဲ့ဖုန်းပြော အော်ဟစ်ဆဲဆို… လုပ်စရာတွေဘေးချ… every time gamer … ထုံးစံအတိုင်း ပြောရပြန်…အချိန်လေးသတ်မှတ်ပြီး ကစားပေးဖို့… ဒီိလိုနဲ့ပဲပေါ့လေ… အလေးမထားမှုတွေရဲ့ အဆုံးမှာပဲ လေဒီဖုန်း(၂)နဲ့ လမ်းခွဲ…

လူထပ်ရှာဖို့ ၀မ်းကွဲ အမတွေ မိတ်ဆွေတွေဆီသွားအပြီး…ကိုယ်နဲ့ချွတ်စွတ်ကိုတူနေတဲ့ အကြောင်းအရာတွေနားထောင် အပြီးမှာတော့…တို့လက်လျှော့လိုက်ပါပြီ လူတွေကွဲလည်း မူတွေကွဲမည် မဟုတ်… ပြုပြင်ဖို့ ကြိုးစားလည်း ကြိုးစားသူအလွန်သာ… လေဒီဖုန်းကတော့ လေဒီဖုန်း ဖြစ်ဆဲပဲဖြစ်မည်ထင်ပါသည်။ ။

lady finger

About lady finger

lady finger has written 5 post in this Website..

There is a will, there is a way.