( ဇာတ်လမ်း ) ၂

( ဟော  ဦး ၊ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ ? )

ဟုတ်ပ ၊ ကျနော်က ဆင်ရေတွင်း မှတ်တိုင်မှာ ၊ သူ့ကို မတွေ့တာကြာလို့ အိမ်ကစောစောထွက် ၊

ဒီမှတ်တိုင်နားက လဘက်ရည်ဆိုင်ကနေလာစောင့်နေတာ ၊ သူ ကားလမ်းကူးလာတာမြင်မှ ထလာတာလေ ၊

( သြော် ဟုတ်တယ်နွယ် ၊ ဟို မြကန်သာလမ်းထဲက အသိအိမ်မှာ အလှုလုပ်လို့ )

( သြော် မသိပါဘူး ၊ တစ်ယောက်ယောက်ကိုများ လာစောင့်နေသလားလို့ )

သေစမ်း ၊ ငါ့ဗျူဟာက အတော်ခေတ်နောက်ကျသွားပြီထင်တယ် ၊

သူက ပြုံးစိစိနဲ့ ကျမသိပါတယ် ဆိုတဲ့ ပုံစံ ၊ ဒီလိုနဲ့ ကားစီးလာ လှိုင်မင်းမှာထိုင်ပေါ့ ၊

( နွယ်နဲ့ မဆုံတာ ကြာပြီနော် ၊ ဘယ်သွားနေတာလဲ ? )

( ရှိပါတယ် ဦးရယ် နေ့တိုင်းလာနေတာပဲ )

( ဟင်  အဲဒါဆို ဘာလို့ မတွေ့မိရတာတုန်း )

( သြော် ဦးရယ်  ချိန်းထားတာမှ မဟုတ်တာ ၊ လွဲနိုင်တာပေါ့ )

( ဦးက ဘာများဖြစ်သလဲလို့စိတ်ပူနေတာ )

( နွယ်ကလည်း ဦးကို မတွေ့လို့ ခရီးတွေဘာတွေ သွားနေတယ်ထင်တာ )

အဲ  မဆိုးဘူးဗျ ၊ သတိရတယ်ဆိုပဲ

( အဖေကြီး မုန့်ဘိုး )

ဟဲ့ သောက်ခွေး ၊ အမယ်လေး ဒီမယ် ဖီလင်ဝင်နေတုန်းဟ ငါ့သားရ ၊

ဒီလိုဗျ  ဘောလုံးဝါသနာပါတဲ့သားက ဘောလုံးအဖွဲ့ချုပ် နဲ့ ရန်ကုန်ယူနိုက်တက်တို့ ပေါင်းဖွင့်တဲ့ ဘောလုံးသင်တန်းတက်နေတာ ၊

လှိုင်မင်းက ရန်ကုန်ယူနိုက်တက် အဝင်လမ်းမှာ ၊

အေးပါကွာဆိုပြီး ငါးရာတန်ထုတ်တော့ အဖေကြီး သားး သွားစရာရှိတယ် ၊ အဖွားကြီးဆဆီက မတောင်းခဲ့ရလို့ ၊ သုံးထောင်ပေး တဲ့

၊ သောက်ဘဲ လူလည်ကျတာ ၊ ဒီလိုအနေအထားက သူ့အတွက် အကွက်လေ ၊ ပိုက်ဆံမြန်မြန်ပေးပြီး သူ့ကို ရှင်းထုတ်ရမှာလေ ၊

အမယ်  သူက  မြန်မြန်သာပေးလိုက်စမ်းပါ အဖေကြီးရယ်ဆိုတဲ့ မျက်နှာပေးနဲ့ဗျ ၊ ပေးလိုက်ရတော့တာပေါ့ဗျာ ၊

အဖေကြီး ဟိုနောက်စားပွဲမှာ သား ကိုလာ သာက်ထားသေးတယ် အဲဒါလည်း ရှင်းလိုက်နော် တဲ့

ဘယ်အချိန်ထဲက ရောက်နေလည်း မသိတော့ပါဘူး၊

(  ဦး သားက လူချောပဲ ၊ အဖေနဲ့ ဘာမှမဆိုင်ဘူး )

( ဒီမှာနွယ် ၊ ဒီအဖေကြောင့် ဒီသားဖြစ်လာတာဗျ )

( ဟုတ်ပါတယ် ဒါပေမယ့် အမေနဲ့များ တူသလားလို့ )

( ဒီမိန်းမအကြောင်း လာမပြောနဲ့နော် ၊ လှချင်လှ မလှချင်နေ ဦးခေါင်းထဲမှာ မရှိဘူး )

( ဦးရယ် ဆောရီးပါ ၊ ဒေါသမကြီးပါနဲ့ ၊ နွယ်က စကားအဖြစ်ပြောတာပါ )

( လာမပြောနဲ့ ၊ အဲသလို လာပြောသူတိုင်းဟာ မုန်းသူပဲ )

( အမယ်လေး ၊ နွယ့်ကိုတော့ မမုန်းလိုက်ပါနဲ့နော် ၊ မုန်းသူလည်း မဖြစ်ချင်ပါဘူး )

( ဒါဖြင့် ချစ်သူပေါ့ )

( ရှင်  . . . . .   )

ထိုနေ့မနက်က ရန်ကုန်တွင် နှင်းတို့ဝေခဲ့ပါသည် ၊

ညဘက်တွင်လည်း လေနူအေးလေးများ တိုက်ခတ်မည်ဟု မျှော်လင့်ပါသည် ၊

စားနေကျ ထမင်းဆိုင်တွင် ထမင်းလိုက်ပွဲမှာစားမိ၍ ဆိုင်ရှင်က ထူးထူးဆန်းဆန်း လိုက်ပွဲတွေ ဘာတွေ မှာလို့ပါလားဟု

အပြောခံရပါသည် ၊ ကျနော်က ပုံမှန် ထမင်းတစ်ပန်းကန်သာ စားခဲ့သူဖြစ်ပါသည် ၊

သို့သော် နောက်နောင်တွင် လိုက်ပွဲများ မှာစားလေ့ရှိသူ ဖြစ်လာမည်ဟု ယုံကြည်နေမိလျက်  . . . . . . .

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..