ကျောင်းတုန်းက နောက်ဆုံးနှစ်မှာ အမှတ်တရ စာအုပ်ကလေး လုပ်ဖြစ်တဲ့အခါ လူ့ဘ၀ထဲကို ၀င်ကြတော့မယ့် (ရုန်းကန်ကြရတော့မယ့်) တပည့်တွေအတွက် ဆုံးမသြ၀ါဒလေးတွေကို ဆရာ/မများက ရေးပေးကြပါတယ်။

 

အမြဲတမ်းမှတ်မိနေတဲ့ အဲဒီသြ၀ါဒတွေထဲကမှ
ဆရာဦးတိုင်းအုပ်ရေးပေးခဲ့တာလေးကို မျှဝေပေးချင်ပါတယ်။

 

အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ…
ဥာဏ်ကို လွှာပြီး သုံးပါ။
ဝီရိယကို အားကုန် စိုက်ပါ။
ဘာမှဖြစ်မလာတော့ ကံကို ပုံချ လိုက်ပေါ့ တဲ့။

 

ကိုယ့်ကိုကိုယ် ၀ီရိယရှိသူဖြစ်ချင်လို့………

တနေ့ပြီးတနေ့ကာတွန်းပုံတွေကို နေ့ရက်တွေနဲ့ အမီလိုက်ချင်လို့ ကြိုးစားကာမှ

 

အင်တာနက်ကွန်နက်ရှင်က ဓာတ်ပုံတင်လို့ မရလောက်အောင် ညံ့လွန်းလို့…..

ဒီလိုအခြေအနေမှာ လူဖြစ်လာရတဲ့ ကိုယ့်ကံကိုပဲ အပြစ်တင်ချင်ပါတော့တယ်။

 

(ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်း မဟုတ်ပါ။) :kwi:

 

CAM03296[1]

အချို့အချို့သောသူတွေက….

  • ဖြစ်ပြီးခဲ့တာကို တွေးပူ၊
  • ဖြစ်နေတာကို လိုက်ပူ၊
  • မဖြစ်သေးတာကို ကြိုပူ၊

 

အကြောင်းအမျိးမျိးကို ရှာကြံပြီး ပူတတ်တဲ့သူမျိုးတွေ ရှိပါတယ်။

 

မအိက ပိုစ့်တစ်ခုမှာ ကွန်မန့်ပေးထားဖူးသလို….

လောကကြီးတစ်ခုလုံး ဘာတွေဘဲ ဖြစ်ဖြစ် မနက်ကျရင် နေထွက်လာမှာပါ

လို့ ပြောချင်ပါတယ်။ :)

 

CAM03297[2]

ဇန်န၀ါရီလ ကာတွန်းမှာတုန်းက (တနေ့ပြီးတနေ့ ၃)

ဘယ်ရေတစ်စက်ကမှာ ရေကြီးတာ သူ့မှာတာဝန်ရှိတယ်လို့ မထင်ဘူး။

လို့ ဆိုတာနဲ့ သဘောချင်းနွယ်နေပါတယ်။

 

 

CAM03319[1]

အခိုက်အတန့်တိုင်းဟာ တန်ဖိုးရှိတယ်။

လိပ်ပြာတောင်ပံခတ်ချိန်နဲ့ တိုက်ဆိုင်သွားရင်….. :k:

 

CAM03299[1]

ရှိရှိသမျှ ဖြစ်ပျက်သမျှ အကုန်လုံးခေါင်းထဲထည့်ထားလို့ မရနိုင်ဘူး။

မနိုင်တာကိုလုပ်ရင်းနဲ့ ရွာသာကြီး ရောက်သွားနိုင်တယ်။

 

ကြားဖူးတာမှာ အချို့သောလူတွေက………..

အဖြစ်အပျက်တွေကို ကျောက်တောင်မှာ စာထိုးထားသလို မှတ်မှတ်သားသားထားတတ်ကြတယ်။

 

အချို့ကတော့လည်း စာရွက်ပေါ်မှာ ရေးထားသလိုပေါ့။

အချိန်အတိုင်းအတာရှိတယ်။

 

အချို့ကတော့ ရေပေါ်မှာ ရေးလိုက်သလိုပဲတဲ့။

ခုပေါ် ခုပျောက်ပေါ့။

 

 

CAM03300[1]

ဒါကိုတော့ မခံစားတတ်ဘူး။ :roll:

 

CAM03301[1]

ကောင်းကင်ပြာလေးရဲ့ ဖိနပ်ပိုစ့်ကိုတောင် သတိရမိသွားတယ်။ :k:

 

ဘ၀ကို ရိုးသားစွာ၊ ရိုးရှင်းစွာ နေထိုင်ဖြတ်သန်းဖို့လိုတယ်လို့ တွေးမိတယ်။ :)

CAM03302[1]

မရမနေ ဆိုတဲ့ စကားလိုပေါ့။

မရရင် မနေနိုင်အောင် စိတ်ဓာတ်ပြင်းထန်လာရင် ရအောင် ကြိုးစားလာလိမ့်မယ်။

 

CAM03303[1]

မောင်သူရလေး ရေးဖို့အကြံပေးထားတာကိုပဲ ပြောရမယ်။ ပါးစပ်ဆယ်ပေါက်ရှိတာတောင် ပြောစရာစကား မရှိပါဘူး။

 

 

CAM03304[1]

မဟာဇနကမင်း ပင်လယ်ထဲ ကူးခတ်သလိုမျိုး

မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် ကြိုးစားရင်းနဲ့ ရောက်သွားနိုင်တယ်။

 

ဇော်ဝင်းထွဋ္ဋ်ပြောသလို ကိုယ့်အလှည့်ကျမှ မေခလာ ရောက်မလာတော့လည်းးးး

 

ဆရာဦးတိုင်းအုပ်ရေးပေးခဲ့သလို ကံကိုပဲ ပုံချလိုက်ပေါ့။

:kwi:

 

 

CAM03305[1]

ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တာပဲ လို့ ဆိုထားတယ် မဟုတ်လား။

 

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး မဖြစ်မနေဖြစ်ချင်တဲ့ စိတ်ရှိနေရင်

 

သင်ဟာ အခုထက်ပိုကောင်းအောင်လုပ်နိုင်စွမ်းရှိတယ်ဆိုတာ…. ယုံမှားသံသယဖြစ်ဖို့ မလိုဘူးပေါ့။ :)

 

CAM03306[1]

မှန်လိုက်တာ။

ကိုယ်ရှင်သန်နေရတဲ့ဘ၀ကို တန်ဖိုးထားပါ။

ရှင်သန်နေတဲ့ ကိုယ့်မိသားစုနဲ့ မိတ်ဆွေအသိုင်းအ၀ိုင်းကို တန်ဖိုးထားပါ။

 

CAM03307[2]

ကြိုပြီး မသုံးနဲ့လို့သာ ဆိုလိုတယ်။

ကြိုပြီး စီမံခန့်ခွဲသင့်တယ်တော့ ထင်တယ်။

 

CAM03308[2]

 

တပြိုင်နက်တည်း လုပ်လို့မရပေမယ့် ၂ခုစလုံး လုပ်ဖို့တော့ လိုလိမ့်မယ်။

 

ပြောဆိုဆွေးနွေးမှု လိုသလို၊ လက်တွေ့ဖော်ဆောင်ဖို့လည်း လိုတာပေါ့။

 

CAM03309[1]

အချိန်ကိုသုံးပြီး ငွေကိုယူရမယ်။ :)

CAM03310[1]

အတိတ်က ဒါဏ်ရာတွေကို သင်ခန်းစာယူပြီး ရှေ့ဆက်ရမယ်။

 

ဒီကာတွန်းပုံကို ကြည့်ပြီး အရမ်းသဘောကျတယ်။

(ပြောရမယ်ဆိုရင် ကာတွန်းပုံတိုင်းလိုလိုကို သဘောကျတာပါ)

 

ဆိုလိုရင်းကို ကာတွန်းနဲ့ ပုံဖော်ရာမှာ လိုက်ဖက်ပီပြင်တာကြောင့်

ဆရာအော်ပီကျယ်ကို ထောက်ခံအားပေးတဲ့ပရိသတ်တစ်ယောက် ဖြစ်လာတာ။  :))

 

CAM03311[1]

လူငယ်တွေကို ပြောမရ ဆိုမရရင် လူကြီးတွေက တစ်ဖက်ပိတ်နား လို့ ပြောကြတယ်။

 

လူကြီးဖြစ်ပြီး တစ်ဖက်ပိတ်နား ရှိရင်လည်း တိုးတက်ဖို့ထက် ဆုတ်ယုတ်ဖို့သာ ဖြစ်လာနိုင်တယ်။ :p:

ဤတွင် မတ်လအတွက် ပြီးပါပြီ။

 

ပြေးလွှားနေတဲ့ နေရက်တွေကို ကျော်ဖြတ်ပြီး ဆက်လက်ချီတက်ပါအုံးမည်။

အားပေးဖတ်ရှု့ကြသူအပေါင်းကို ကျေးဇူးတင်ပါသည်။ :)

 

Ma Ma

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)