မနေ့ညနေက ကားပေါ်မှာ အသက် ၈၀ အရွယ်အဘွားတစ်ယောက်နဲ့ စကားပြောဖြစ်တယ် သူကစပြီးလာပြောတာပါ
– သားရယ် ပြောရဦးမယ် ဟိုလက်ပံတန်းကိစ္စလေ သားသိလား
သူတို့ကတော့ ရန်ကုန်လာချင်တာပေါ့နော်
ဒါပေမယ့် သူတို့လာပြီးလမ်းပေါ်ထွက်ရင်
နဂိုက ရန်ကုန်မှာလမ်းကြပ်နေတာနဲ့ အဘွားတို့ လက်လုပ်လက်စားတွေ
ဘယ်လိုလုပ်ကိုင်စားရမလဲ ဒုက္ခရောက်မှာ
– အဘွားရယ်သူတို့ ပညာရေးစနစ်တိုးတက်ကောင်းမွန်အောင်လုပ်နေတာလေ
– သားရယ် တောင်းဆိုတာပဲ ရန်ကုန်လာမှမဟုတ်ပါဘူး လက်ပံတန်းကနေတောင်းလဲ
လိုချင်တာရဖို့ပဲလေ သူတို့တောင်းတဲ့ လူကြီးတွေက ရန်ကုန်မှာနေတာလဲမဟုတ်
လက်ပံတန်းမှာလဲမဟုတ်ဘူးလေ ဘာလို့ရန်ကုန်လာချင်တာလဲ
– အဘွားရယ် အဘွားက နိုင်ငံရေးသိလို့လား
– သိတာပေါ့သားရယ် မြန်မာနိုင်ငံက နိုင်ငံရေးဆိုတာ
ရွှေမန်းတင်မောင်ဇာတ်ကသလိုပဲ
– ရှင်းပြပါဦးအဘွားရယ်
– ဆင်းရဲသားခန်းက ထွက်လာတော့လည်း ဒီမင်းသားပဲ
စစ်သူကြီးထွက်လာတော့လည်း ဒီမင်းသားပဲ
ဝန်ကြီးခန်းကြပြန်တော့လည်း သူပဲဖြစ်နေပြန်
ဘုရင်လည်းသူပဲ ကပြန်ရော
အကတင်မဟုတ် အပြောအဆို အငိုကလည်းကောင်းပြန်
ပရိတ်သတ်အကြိုက်ပေါ့
အခုလည်း သူတို့ကတဲ့ဇာတ် မဖြစ်နိုင်ဘူးလားတဲ့

Ko chogyi

About Ko chogyi

Ko chogyi has written 32 post in this Website..