နွယ် တဲ့လား

ကြားလိုက်ရချိန်မှာ

အိမ်အထိပါလာတဲ့အတွေး

ခဏလေးနဲ့မပြီးနိုင်

ကီးယိုင်တဲ့ သီချင်းလို

ဟိုရောက် ဒီရောက်

အမည်ပေါက် မဟုတ်တဲ့ဖုန်း

သုံးရသူတစ်ယောက်လို

ပျောက်မှာကို အသေကြောက်

ရေမရောက်လို့ ခြောက်တဲ့ပန်း

ဘယ်လိုမှ မလန်းနိုင်

အဲဒီဘဝပိုင်ခဲ့ရသူခမျာ

အချစ်ဆိုတာ ကြောက်လှ

ချောက်ကျမယ် ထင်ပေမယ့်

စင်လေတဲ့ နွယ့်ကို

မြင်လေခဲ့အခါမတော့

လာလေရော့ရယ်လို့ အားခဲ

နွဲတော့မယ့် အချစ်ပွဲမယ်

အောင်စေကွယ် ဆုရည်မှန်း

ပြည့်လေစမ်းကွယ့် ပြည့်လေစမ်း ၊

1

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..