မျိုးစောင့် အုပဒေကြမ်းကို အောက်လွှတ်တော်မှာ လွှတ်အမတ် အများစုမဲနဲ့ အတီပြုလိုက်ကြောင်း မနေ့ဂ ဖတ်ရတယ်။ အန်အယ်လ်ဒီက လွှတ်အမတ် အာလုံး ထောက်ခံမဲပေးသတဲ့။ ကြားနေလို့ ရလျက်နဲ့ ဘာကြောင် ရက်ဆား လုပ်ရသလဲ.. နားမီလည်။ ကျောင်းသားသပိတ် အကြမ်းဖက် နှိမ်နင်းခံရတယ်.. လွှတ်တော်ထဲ ဘာသံမှ မထွက်၊ လက်ပံတောင်း အရေးအခင်းမှာ လယ်သူမကြီးဒေါ်ခင်ဝင်းသေတယ်.. တုပ်တုပ်မျှ မှီလှုပ်.. အလုပ်သမားတွေ အဆော်ခံရတော့လည်း စောင်းငဲ့မကြည့်..။ အဲ… ထောက်ခံမဲ ပေးတာတော့ရှိတယ်၊ ဖွတ်အမတ် ဦးအောင်တောင်းကို ယူအက်စ်က မလိုလားအပ်သူစာရင်း ကြေငြာတော့ ကန့်ကွက်ကြောင်းအစို ထောက်ခံပေးသဗျ။ ခုလည်း မှောက်ခံ (မှားလို့) ထောက်ခံပြန်ပီ။ အမတ်၃၅ယောက်စလုံး ထောက်ခံစိုဒေါ့ အားလုံးသဘောလား တယောက်ထဲသဘောအတိုင်း လိုက်လုပ်ပေးခဲ့သလား၊ စဉ်းစားမိအိ။

အုပဒေကြမ်းကို ဖွတ်၊ ၉၆၉နဲ့မဘသတွေ စလုပ်ကထဲက ကန့်ကွက်တာဆိုတော့ အနည်းဆုံးတော့ ကြားနေမဲ လုပ်လိမ့်မည်ထင်တာ.. အခုတော့ ဘာတွေဖျစ်…။ အကွက်တွေ တကွက်ပီးတဂွက်မှား.. ဆက်ခါ ဆက်ခါမှား..။ တော်သေးတာပေါ့.. စစ်တပ်ဖက်မှာ ထောက်ပြုတ်ဗိုခင်ညွန့် မရှိတော့လို့..။ ဗိုခင်ညွှန့်နဲ့သူ့ထလရအဖွဲ့သာ ဘပြောင်နေရာမှာစို ဒီမိုတို့ ယခုအချိန် ဘုံပျောက်ပီ။ သမဒဂျီးဥခင်ညွှန့်နဲ့ ဝိုင်းမလိုက်မည့်.. သပ်ချောင်များ.. ဆိတ်စွမ်းအားရှင်များ…။

ပြသနာက နိုင်ငံတဂါကိုလည်း လစ်ဘရယ်စိုပီး မျက်နှာလုပ်ခြင်.. စစ်တပ်ကိုလည်း မျိုးခြစ်ကြောင်း မျက်နှာလုပ်ပြ.. ဒီတော့ မူဝါဒ မရှင်းလင်း.. ဟိုကပ်လိုက် ဒီကပ်လိုက်.. ဘာမှ အဖတ်မတင်။ ဘက်မျှလုပ်တာက စနစ်ပြောင်းခေတ်ပြောင်း တပ်ဦးခေါင်းဆောင်ဘဝနဲ့ အဆင်ပြေတယ်။ စစ်တပ်သတ်ကွင်းထဲဝင်ပီး လွှတ်တော်လမ်းကြောင်း နိုင်ငံရေးလုပ်တဲ့အခါ တခုခု အပြတ်ရွေးရမည်။ ရွေးတယ်စိုဒါ လက်ဝဲ၊ လက်ယာ ဘာစွန်း၊ညာစွန်း တသတ်မှတ်ထဲ ဖြစ်စရာမလို။ တိကျ ပြတ်သား ရှင်းလင်းတဲ့ မူဝါဒ ရှိဖို့ပြောတာ။ စကားလုံး အကြီးတွေပြောနေလို့ မပီး။ အာဏှာ မရှိလို့ လက်တွေ့ လုပ်မပြနိုင်ပေမည့် ရေရာတဲ့ နိုင်ငံရေး လုပ်ငန်းစဉ် ရှိရမည်။ ဥပမာ – တရုတ်စီမံကိန်းတွေ ဘယ်လိုသဘောထားမှာလဲ။ စစ်တပ်ရဲ့ မတော်မတရားလုပ်မှုတွေ ဘယ်လိုဖြေရှင်းမလဲ။ မျိုးစောင့်အုပဒေ ထောက်ခံသလား၊ ကန့်ကွက်သလား။ အာဏှာရလျင် ဘာဆက်လုပ်မည်နီး။ တချို့အချက်တွေမှာ ဘွားဒေါ်၈ျီး သူအာဏှာရလျင် ကိုယ်ရှုးကိုယ်ပျံမပက်အောင် အသာချိုနေတယ်လို့ ထင်တယ်။ လွှတ်တော်ကို အကြပ်ကိုင်ခွင့် မရှိ စိုဒါမျိုးပေါ့။ အဲဒမှာ မေးချင်တာ အာဏှာတဂယ် လွှဲပေးမည်၊ အာဏာရပါတီ ဖျစ်လိမ့်မည် ထင်နေသလား။

ဘွားဒေါ်ကို ဩဇာညောင်းတဲ့ နိုင်ငံရေးဦးဆောင်မှုပေးနိုင်တဲ့ ဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုး မရှိတော့တာ ပါတီအတွက်သာမက တိုင်းပြည်အတွက်၊ ဒီမိုကရေစီအတွက် ဆုံးရှုံးမှုပဲ။ ရွေးဂေါက်ပွဲ ရည်မှန်းတယ်စိုလဲ အချိန်နီးလာပြီမို့ ဘာအရောင်လဲ၊ ဘာစတိုင်လဲ လက်တွေ့ဘဝဒွေနဲ့ ထင်ဟပ်ပြဖို့ လိုနေပြီ။ နောက်လာဒဲ့သရဲ ဒိုင်းဝံထက်ကဲ မဖြစ်ကောင်းပါရဲ့..။

 

မြန်တျန့်နိုင်ငံရေး သူ့ခမိန် ငါကွ ဦးကြောင်ကြီး

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 585 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး