မြို့မေတ္တာခံယူချင်ကြတယ်ဆိုရင် – မန္တလေးသားမောင်သာရ
|886- Hits|
ပြည်တွင်းပြည်ပကဧည့်သည်တွေလေယာဉ်နဲ့လာလာ သင်္ဘောနဲ့လာလာ ရထားလမ်းကားလမ်းကလာလာ မကြာခင် ရန်ကုန်ကို ရောက်တော့မယ်ဆိုတာ ဘယ်သူကမှ လက်မတို့ ပြောမပြ မကျေညာလဲ ခရီးသည်တိုင်းကသိနှင့်ကြပါတယ်။ ဘာကြောင့်လဲဆို တော့ ‘ရွှေပြောင်ပြောင် တောင်ပေါ်ကဘုရား’ ‘အဝေးကပင်မြင်နိုင်ပါသည်’ဆိုသလိုရွှေတိဂုံ စေတီတော်ကြီးကို လှမ်းဖူးမြင်နေကြရလို့လေ…။
သိတယ်နော်၊ ရွှေတိဂုံစေတီတော်ကြီးကို အရပ်၁၀မျက်နှာရှုထောင့်ပေါင်းစုံကဓာတ်ပုံရိုက်ပြီး ရောင်စုံပုံနှိပ်ထားတဲ့သတင်းစာအရွယ်ဧရာမဓာတ်ပုံပဒေသာ စာအုပ်ကြီးကလဲရှိနှင့်ပြီ။စာအုပ်ကြီးထဲမှာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်အဆင့်ဆင့်နဲ့ငှက်ပျောဖူးတော်တွေကိုချည့်သီးသန့်အနီးကပ်ရိုက်ကူးပြီး ကပ်လှူပူ ဇော်ထားကြတဲ့ ကျောက်သံပတ္တမြားစိန်ထည်ရွှေ ထည်တွေ အနမတဂ္ဂကိုလဲ မြင်တွေ့နိုင်ကြပြီ။
ပြီး ငှက်ပျောဖူးကနေအောက်ကြာမှောက်ကြာ လန်ဖေါင်းရစ်ပန်းဆွဲအထိအပြီးတိုင် ကပ်လှူပူ ဇော်ထားတဲ့ ရွှေပြားထုရွှေသင်္ကန်း အနီးကပ်မြင်ကွင်းတွေ နဲ့ စေတီတော်ကြီးရဲ့ သမိုင်းကြောင်းကို မြန်မာ အင်္ဂလိပ်နှစ်ဘာသာနဲ့ရေး သားပုံနှိပ်ထားတာတွေ စသဖြင့်ကလဲ ပြည့်ပြည့်စုံစုံရှိနှင့်ပြီ။ ဆိုတော့ခါကျုပ်ဘာမှအကျယ်တ၀င့်ထပ်ချီးမွမ်းခန်းဖွင့်ပြောနေစရာမလိုတော့ပါဘူး။
ဒါပေမယ့်အားမလိုအားမရပြောရရင် ကျုပ်တို့ မန္တလေး ရွှေမြို့တော်ကြီးကရန်ကုန်လိုလဲအဝေးကနေလှမ်းမမြင်ရပါလား။ မြွေကြီး၂ကောင် မန္တလေးတောင်ဆိုတာကလဲ အလင်္ကာစာပေတွေထဲမှာသာ ထင်ရှားကျော်ကြားလှပေမယ့် အဝေးကလှမ်းမမြင်ရပါဘူး။ ကျုံးတော်ပတ်လည် ပြမြို့ရိုးနဲ့ ရွှေနန်းတော်ဆိုတာကလဲမြို့ ထဲရောက်ခါမှ တွေ့ရတာကလား။ အဲသည် တော့ ကျုပ်မေတ္တာရပ်ခံ တင်ပြချင်တာကရန်ကုန်လိုလာကြတဲ့ဧည့်သည်တွေ မှန်သမျှမရောက်ခင် အဝေးကတည်းက လှမ်းမြင်ရအောင် တစုံတရာလုပ်ရရင် မကောင်းပေဘူးလား။ ကျုပ်စိတ်ကူးရတာ ပြောပါရစေ။
မန္တလေးမရောက်ခင် အဝေးကတည်းက လှမ်းမြင်နေကြရတဲ့ အရှေ့ရိုးမတောင်တန်းကြီးကို ဘာလုပ်ဖို့မေ့ထားရမှာလဲ။ ရိုးမတောင်တန်းအထက်ဖျားနားတလျှောက်မှာ ‘ရတနာပုံ မန္တလေး’ဆိုတဲ့စာလုံးနဲ့ “MANDALAY” ဆို တဲ့ အင်္ဂလိပ်စာလုံးကြီးတွေရေးထောင်ထားရရင်မကောင်းပေဘူးလား။ စဉ်းစားကြည့်ကြပါ။
နမူနာတခုကျုပ်ပြောပါ့မယ်။
အမေရိကားရဲ့ ကယ်လီဖိုးနီးယားပြည်နယ် က လော့စ်အိန်းဂျလိစ်မြို့မှာ ဆိုပါတော့။မြို့ရဲ့အရှေ့ဘက်Beverly Hills ရဲ့အထက် Cahuenga တောင်ထိပ်မှာ HOLLYWOOD ဆိုတဲ့ ကမ္ဘာကျော်ရုပ်ရှင်မြို့တော်ကြီး ရဲ့နာမည်ကိုကွန်ကရစ်တွေ သံမဏိတွေနဲ့သွန်း လုပ်ထုဆစ်ပြီးအခိုင်အခန့်ထောင်ထားတာရှိတယ်လေ…။ သူလဲလာသမျှဧည့်သည်တွေအဝေးကတည်းကမြင်ရတာပဲ။ဧည့်သည်တိုင်းလဲ အဲသည်စာလုံးကြီးကို နောက်ခံထားပြီးမှတ်တမ်းတင်ဓါတ်ပုံရိုက်ကြလေ့ရှိတယ်။ အမယ် …သာမညောင်ညတော့ မထင်လိုက်လေနဲ့။နေရာကိုက၁၃၀ဧကကျယ်တယ်။ နာမည်ရဲ့အလျားချည့်ပဲကလဲပေ၁၀၀၀ရှည်တယ်။ စာလုံးတလုံးရဲ့အမြင့်ကလဲ၄၅ပေ(ယောက်ျားကြီးတယောက်ရဲ့၇ပြန်၈ပြန်ဆ)ရှိတယ်။အောက်ခံကွန်ကရစ်ဖိနပ်ခုံကြီးတွေပေါ်သံတိုင်တွေစိုက်ပြီးအထက်ကြမှ သံမဏိထည်ပြားတွေနဲ့ အဆောက်အဦဆောက်သလိုမတ်ထောင်ဆောက်ထားတာဖြစ်တယ်။
မူလရည်ရွယ်ချက်က သည်လိုလုပ်ဖို့မဟုတ် ဘူး။ ၁၉၄၀ခုနှစ်တုန်းက ရုပ်ရှင်ထုတ်လုပ်သူ ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာကြီး Howard Hughesက သူ့ချစ်သူဇနီးလောင်း ရုပ်ရှင်မင်းသမီး Ginger Rogers အတွက်ရဲတိုက်ဗိမာန်ကြီးဆောက်ပေးဖို့သည်မြေနေရာကိုဝယ်ခဲ့တာဆိုပဲ။ ဒါပေမယ့်သည်ကြားထဲမှာအခြေအနေတွေကလဲပြောင်းကုန်၊ဥပဒေတွေကလဲ တမျိုးတမည်ဖြစ်လာတော့၊၁၉၇၆ခုနှစ်မှာသည်လိုHOLLYWOOD စာလုံးကြီးရေးဖို့အစီအစဉ်ဖြစ်လာတယ်လို့ဆိုတယ်။ ၁၉၇၈ခုနှစ်မှာပြီးတယ်။ စာလုံး၉လုံးအတွက်အလှူရှင်၆ယောက်ကခွဲဝေတာဝန်ယူခဲ့ကြတယ်။အဲသည် ကာလက စာလုံးတလုံးရဲ့ကုန်ကျငွေကဒေါ်လာ ၂၇၇၇၇ရှိတယ်လို့ဆိုတယ်။ ထင်ရှားတာက တော့Playboyပိုင်ရှင်ကုဋြွေကယ်သူဌေးကြီးံHugh Hefner ကY စာလုံးအတွက်တာ ၀န်ယူ လှူဒါန်းခဲ့တယ်လို့ဆိုတယ်။ ဟုတ်တာ ပေါ့။ သူ့ Playboy မှာYနှစ်လုံးတောင်ပါ တာမဟုတ်လား။
စာအုပ်တွေရုပ်ရှင်တွေထဲမှာမြင်ဖူးတွေ့ဖူးကြတယ်နော်။ခုထက်ထိဘယ်မှာအရောင်မှိန်ခြင်းပြိုလဲပျက်စီးခြင်းဖြစ်လို့လဲ။ ဒါပေမယ့်တောမီး ခဏခဏလောင်တတ်တဲ့ဒေသမို့ တောမီးလောင်ခဲ့ရင်မပါရအောင်နဲ့ လေပြင်းမိုးသက်ဒဏ်ကြောင့် မမှေးမှိန် မပျက်စီးရအောင်က
တော့ထာဝစဉ်စရိတ်ကုန်ကျခံ ထိန်းသိမ်းစောင့် ရှောက်နေရတာပေါ့နော်။
ကဲကျုပ်တို့မန္တလေးအတွက်Playboyသြွူကယ်ကြီးလို လူစွမ်းကောင်း ပုဂ္ဂိုလ်တွေလိုပါတယ်။ဒါဟာနောင်အနာဂတ်မှာမိမိနာမည်မှတ်တမ်းတင် ကျန်ရစ်ခဲ့မယ့်လုပ်ရပ်လဲ ဖြစ်ပါတယ်။ ကျုပ်တို့လူမျိုးက ဘုရားတန်ဆောင်းကျောင်းကန်ဇရပ်နဲ့အုတ်တံတိုင်းစသည်တွေမှာနာမည်ကဗျည်းထိုးလှူကြလေ့ရှိတဲ့အတွက်အထူးကြော်ငြာအလှူခံနေစရာလိုမယ်မထင်ပါဘူး။ ပြီးတော့လဲ သည်ကနေ့စစ်အစိုးရအကြီးအကဲ၁ နဲ့၂ကလဲမန္တလေးတိုင်းသားတွေဖြစ်ပြန်၊နံပါတ်၃ရဲ့နာမည်ကိုကလဲ’ရွှေမန်း’ဆိုတော့… ခုလိုအသက်ရှင်ဆဲနေရခိုက်မှာပြည်သူနဲ့အတူပူးပေါင်းတည်ထောင်သွားကြမယ်ဆိုရင်…
မန္တလေးအညာသားများလက်ခုပ်တီးကြပါ ခင်ဗျား။
မှတ်ချက်။ ။ သြဂုတ်လထုတ် မန္တလေးဂေဇက်သတင်းစာတွက် ပုံနှိပ်ဖေါ်ပြပြီး ဖြစ်သည်။
No related posts.


ကျနော်ကတော့ မန်းလေးသားအစစ်ဗျ။
ပြောရမယ်ဆိုရင် ဆရာမောင်သာရတို့နဲ့တစ်ရပ်ထဲသား။
သူက 23-24ကြား 81လမ်း ကျနော်က 80-81 ကြား 25လမ်း ဖြိုးသာရနဲ့ဆို သူကနည်းနည်းပဲကြီးမယ်။
နာမယ်ကြီးလို့ ဆွေမျိုးစပ်ပြတာမဟုတ်ဘူးနော်။
အခုတော့ ကျနော်တို့နေခဲ့တဲ့နေရာလေးက 83 ဦးကျားကြီးမီးမှာပါသွားတော့
ဟိုးဝေးဝေးက မြို့သစ်ကို ကျနော်တို့ မြန်မာတွေရောက်ကုန်ပါသဗျား။
မန်းလေးဆိုတာ ကျုံး မြို့ရိုး အခုချိန်ထိရှိနေသေးတော့ ဆိုင်းဘုတ်မတင်လဲ ရင်ထဲမှာ မြင်ပြီးသားလို့ယူဆကြောင်းပါ။
Was this answer helpful?
LikeDislikeအရေးကြီးတာက … ဗိုလ်သန်းရွှေ ဗိုလ် မောင်အေး နဲ့ ဗိုလ် ရွှေမန်း တို့ ရုပ်ထု ကြီးတွေ လုပ်ကုန်မှာ စိုးရတယ် …. သိတယ်နော်။
Was this answer helpful?
LikeDislikeအမှန်ပေါ့ဗျာ
လုပ်သင့်တယ်
မန္တလေးဆိုတာ သမိုင်းမြို့ကြီးပါ
ကမ္ဘာက သိအောင်လုပ်သင့်တယ်
Was this answer helpful?
LikeDislikeဖြောင်း….ဖြောင်း…ဖြောင်း….လူကြီးမင်းများ လက်ခုပ်တီးပါ။
မန်းသားတယောက်ယောက်က ပုံဒီဇိုင်းဆွဲ၊ ငွေကြေးတွက်ချက်မယ်ဆို ကမ်ဘာအနှံ့ ရောက်နေတဲ့ မန်းသားတွေဆီကနေ ကျုပ်တို့သတင်းစာက မတည်ပြီး ဖန်ရေ့စ်လုပ်ပေးလို့ရတယ်။
လောလောဆယ်တော့ ဒီပို့စ်ကို အီးမေးလ်နဲ့ဖြစ်ဖြစ် ဖြန့်ကြစေလိုပါတယ်ခင်ဗျား။
ငွေရှိသူတွေနဲ့ လုပ်အားလှူနိုင်သူတွေ ပေါ်လာမှာပါ။
ဟောလိဝုဒ်စာလုံးကို ကော်ပီယူလိုက်ရင်…ကောင်းတဲ့အချက်က ..အဲဒီစာလုံးကြီးတွေကနေ တိုးရစ်စိတ်ဝင်စားစရာဖြစ်ဖြစ်ပြိး ပုံမှန်ဝင်ငွေရလာမှာကိုပါပဲ…။ အလုပ်အကိုင်ဆိုတာက ဖန်တီးယူရတာမဟုတ်ပါလား။
အာဏာပိုင်တွေ စိတ်ဝင်စားသင့်ပါတယ်။ အနည်းဆုံး လူ ၁၀၀ အလုပ်ရမယ်ဆိုတာလည်း သေချာနေတာမို့ ပါ။
Was this answer helpful?
LikeDislikeအလွန်ကောင်းတဲ့ အစီအစဉ်ပါပဲ ခင်ဗျာ။ မန္တလေးက စီးပွားရေးသမားတွေနဲ့ ကုမ္ပဏီပိုင်ရှင်တွေ အနေနဲ့ ဝိုင်းဝန်း ကူညီမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။
ကျနော်အမြင်ကတော့ စာလုံးတွေကို ရွှေအိုရောင်နဲ့ ထားရင် ပိုကောင်းမယ်ထင်ပါတယ်ခင်ဗျား ….
Was this answer helpful?
LikeDislikeSout yuu!
Stupid idea,
Important thing is how to upgrade Mandalay’s people standard.
Ha ha . Sout yuu stupid, foolish guy.
Was this answer helpful?
LikeDislikeသူတို့မလုပ်ရင် ဘာမှမတတ်နိုင်ဘူးလေ။
သူတို့ကအရေးကြီးပုဂ္ဂိုလ်တွေလေ..။
Was this answer helpful?
LikeDislike