တဝုန်းဝုန်း တဒိုင်းဒိုင်း

မုန်တိုင်းရိုင်းကြီးပမာ

မနောမြေမဟာဆီက တိုက်ပွဲ

အလဲလဲ အကွဲကွဲ

အသည်းနာရတဲ့အဖြစ်

ပစ်နေကြတာက ကိုယ့်အချင်းချင်း

စစ်တလင်းကြားက မြေဇာပင်

ကချင်ပြည်က စစ်ပြေးများ

ရစ်ထွေးထားတဲ့ ဒုက္ခတွေအောက်

အားလုံးကို ကြောက်နေရ

တဖြောက်ဖြောက်ကြွေနေတဲ့ အသက်တွေ

အနှစ်မရှိလေတဲ့ ငြိမ်းချမ်းရေး စကားဝိုင်း

နေပြည်တော်တိုင်းမှာ လက်ဆွဲလို့နူတ်ဆက်

ကျုပ်တို့မြေဘက်မတော့ ဗုံးကြဲ

ကဲ  ကောင်းကြသေးရဲ့ လား

အမုန်းတရားအတွက် အပြုံးများပျက်

အသက်တွေ စတေးသွား

ဝေးဝါးဝါး အနာဂတ်အတွက်

ဘာဆက်လုပ်ကြဦးမည်နည်း ၊၊

4

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..