ဘောကိစ္စ ​ပြောမလို့ဗျ

တောင်​စဉ်​​ရေမရ​ပေါ့ဗျာ ထုံးစံအတိုင်း

ကျုပ်​ကလည်း​ဘောသမားကိုး

ဘောကိုချစ်​တယ်​ ​ဘောကိုမြတ်​နိုးတယ်​ ​ဘောကိုစွဲလမ်းတယ်​ တကယ်​ တကယ်

ငယ်​ဘ၀ လွမ်းမိုးမှုအရှိဆုံး ကစားသမားက ​ရော်​ဘက်​တို ဘက်​ဂိီယိုလေ

နိုးနိုး ဟို မွတဲတို့ အရီးလတ်​တို့လို ရုပ်​​ချောလို့ ကြိုက်​တာ​တော့ မဟုတ်​ခဲ့ပါဝူးဗျာ ဘယ့်​နှယ့်​​ယောက်ျားချင်းချင်းရယ်

ကျ​နော်​ငယ်​ငယ်​က ထိပ်​ဆုံးကျိဖူးတဲ့ ကမ္ဘာ့ဖလားသူရဲ​ကောင်းဆိုပါ​တော့

အိမ်​ကလ​ပေးယူ​ပေး​လေ့ရျှရှိတြဲ့

မင်္ဂလာ​မောင်​မယ်​မှာ သည်​ဘီးကျဲအ​ကြောင်းပါဖူးတယ်​​လေ

ဘာသာ​ရေးစာ​စောင်​မှာ ဘယ့်​နှယ့်​ ရုပ်​​ဖြောင့်​တဲ့ အီတာလျံ​ဘောသမားအ​ကြောင်း ပါရသလဲဆို​တော့

သူဗုဒ္ဓဘာသာ​ပြောင်းခဲ့လို့ပါ အဲ့သည်​မှာပဲ သူ့ ဒဏ်​ရာပြသနာ​တွေ အသင်းအ​ပြောင်းအ​ရွေ့​တွေနဲ့ အတက်​အကျ အနိမ့်​အမြင့်​​တွေ သိခဲ့ရသ​ပေါ့

 

ထားပါ​တော့ သည်​ဘီးကျဲအ​ကြောင်း

နောက်​ထပ်​စွဲ​နေတဲ့ သုံး​ယောက်​ရှိခဲ့ဖူးတယ်

ယူရို ၉၆မှာ အစွမ်းပြခဲ့တဲ့ ရဲသုံး​ဖော်​ပါပဲ

နတ်​ဗတ်​ ပို​ဘော့စကီး နဲ်​ ပက်​ထရစ်​ဘာဂါ တို့ပါပဲ

အလယ်​တန်း​ကျောင်းသား​​နေ့​တွေဆိုပါ​တော့

ကိုယ်​တိုင်​လည်း​ကျောင်းအသင်းမှာ အလယ်​တန်း​တောင်​ပံ​တွေမှာ ကစား​နေ​တော့

တောင်​ပံသမား​တွေကိုနှစ်​သက်​ခဲ့တာမဆန်း

အဲ သည်​​နေရာမှာ မန်​ယူရဲ့အ​တောက်​ပဆုံး​သော ​တောင်​ပံနှစ်​ဖက်​အ​ကြောင်းဆက်​စပ်​လာပြီ

ဒေးဗစ်​ဘက်​ခမ်းနဲ့ ရိုင်​ရန်​ဂစ်​စ်​ တို့​ပေါ့

ကျုပ်​သ​ဘောက​တော့ရှင်းတယ်​ ​ပေါ်ပြူလာဖြစ်​တဲ့

နှုတ်​ခမ်းနီမ​လေး​တွေအသည်း​ကျော်​ ဘက်​ခမ်းထက်​စာရင်​ ဂစ်​စ်​ ကိုပိုသ​ဘောကျတယ်

ကျ​နော်​က ဘယ်​သန်​ကိုး ပြီး​တော့သူ့ရဲ့​ဘောလုံး ဒသနကို ပိုနှစ်​သက်​မိတယ်

ဒိုတာ ကစားသူ​တွေလို​ပေါ့ strength speed intel သုံးမျိုးရှိတဲ့အထဲ strength ကလွဲလို့ ကျန်​တဲ့ နှစ်​ပိုင်းအားပြုသူ​တွေကို ပိုနှစ်​ခြိုက်​မိတယ်

သည်​ပိုဇစ်​ရှင်​အတွက်​​ပြောတာ​နော ​နေရာတိုင်းအတွက်​မဟုတ်

ဂဇက်​မဟုတ်​တဲ့​နေရာမှာ ကျ​နော်​ စာ​ရေးဖူးတာဆိုလို့ မြန်​မာမန်​ယူဖန်​ဆိုက်​တခုပဲရှိဖူးရဲ့

ကျ​နော်​​ရေးခဲ့တာက အခု​ပြော​နေတဲ့လူ​တွေနဲ့ဆက်​စပ်​ပြီးဆိုပါ​တော့

 

မန်​ယူနဲ့ ​ကျောနံပါတ်​ ၁၅ဆိုပြီး ​ရေးခဲ့တာ

အနှီအချိန်​က မန်​ယူမှာ​ကျောဆယ့်​ငါး ကို​တောင်​ပံလူ​တွေကိုသာ​ပေး​လေ့ရှိတယ်​ ၁၉၉၀ပြည့်​လန်​နှစ်​​တွေ​နောက်​ပိုင်းကစလို့ ဆိုပါ​တော့

အ​ပေါ်က​ပြောခဲ့တဲ့ ချက်​​တောင်​ပံက​လေးမ​အောင်​မြင်​ခဲ့ဘူး သူ့​နေရာကို ​မော်​ဒန်​​ဘောလုံးရဲ့​ခေါင်းကိုင်​ဖခင်​တ​ယောက်​လို့ ညွန်းရမယ့်​ ​ဟော်​လန်​သား ဂျိုဟန်​ခရိုက်​ ရဲ့သား ဂျိုဒီခရိုက်​ ၀င်​လာတယ်​ ကျဆုံးပြန်​တယ်​ ​နောက်​ထပ်​ ဆွီဒင်​က ဂျက်​စပါ ဘလွန်းကွစ်​​ရောက်​လာတယ်​ ဒဏ်​ရာနဲ့ထွက်​သွားရပြန်​တယ်​ ​နောက်​ဆုံး ကမ္ဘာ့ဖလား​အောင်​ပွဲခံ ခံစစ်​သန်​ကွင်းလယ်​လူ ဘရာဇီးသား ကလီဗာဆင်​လည်း ဘ၀ပျက်​ခဲ့တာပဲ အမှတ်​မမှားရင်​ အလန်​စမစ်​​တောင်​၀တ်​ခဲ့ပြီး အလယ်​တန်းဆင်းကစားရင်း​ခြေကျိုးသွားတယ်

နောက်​ဆုံးမှာ ဆာဗီးယား​နောက်​ခံလူဗီဒစ်​ကိုသည်​နံပါတ်​​ပေးလိုက်​​တော့မျှိ ဂဏန်းငြိမ်​သွား​လေရဲ့

မန်​ယူအလယ်​တန်းနဲ့ ​ကျောနံပါတ်​ဆယ့်​ငါးရဲ့​ခြောက်​အိမ်​မက်​ပါ

မန်​ယူပရိတ်​သတ်​ဖြစ်​ဖူး​ပေမယ့်​ ​နောက်​ပိုင်း​တော့အားမ​ပေးဖြစ်​တာ ဆယ်​နှစ်​​ကျော်​ပြီပဲ

တောင်​ပံကစားသမား​တွေအ​နေနဲ့ ကမ္ဘာ့အ​ကောင်းဆုံး ခံစစ်​ဆြာ​တွေကို​လေ့လာရပါတယ်

ပြင်​သစ်​က ဘလန့်​ နဲ့ သူရမ်​ အတွဲ အီတလီက နက်​စတာနဲ့ ကန်​နာဗားရိုးအတွဲ ထိပ်​ဆုံး​ရောက်​တဲ့ကာလ​တွေ​ပေါ့

မန်​ယူက နယ်​သာလန်​သား ခံစစ်​​ကျောက်​​ဆောင်​ ယက်​ပ်​စတန်းမ်းကို​ရောင်းပြီး အသက်​ကဘတ်​​နေပီဖြစ်​တဲ့ ဘလန့်​ကို​ခေါ်ခဲ့တယ်​ ​နောက်​နှစ်​ကျ​တော့ အင်္ဂလိပ်​လူငယ်​တက်​သစ်​စရီယိုဖာဒီနန်​ကို သန်း၃၀​ပေးပြီး​ခေါ်တယ်

အဲ့သည့်​နှစ်​မှာ နက်​စတာ ကန်​နာဗားရိုး (ကိုယ်​စီက အသင်းကတ်​ပီတန်​​တွေ) အ​ကောင်းဆုံးအရွယ်​ နှစ်​​ယောက်​​ပေါင်းရဲ့​ပြောင်း​ရွေ့​ကြေးက ဖာဒီနန်​တ​ယောက်​စာပဲ

အဲ့သည့်​မှာကတည်းက အင်္ဂလိကန်​လူမျိုးကြီးဝါဒကိုချဉ်​သွားပြီး အားမ​ပေး​တော့တာ

နောက်​ပိုင်း​တောက်​​လျောက်​က ကျုပ်​က ​အေစိီမိီလန်​ဖန်​ဖြစ်​လာတယ်

တောက်​​လျောက်​လည်းအရမ်း​ကောင်းခဲ့တဲ့စုဖွဲ့မှုဖြစ်​ခဲ့တာပါ

နောက်​မှာ မာဒီနီ နက်​စတာကာဖူး တို့

အလယ်​မှာ ဂတ်​တူဆို ပီယာလို ဆီး​ဒေါ့ဖ်​ နဲ့်​ က ကာကာ

ရှေ့မှာ ရှက်​ချင်​ကို နဲ့ အင်​ဇာဂီ

ဒါမှမဟုတ်​ရင်​ ပါတို နြဲ့ ခရက်​စပို

တကယ့်​ပြီးပြည့်​စုံတဲ့စုဖွဲ့မှုဖြစ်​ခဲ့တယ်

Nothing last forever ပါ

မာဒီနီ နားတယ်

ကာကာနဲ့ ရှက်​ချင်​ကို​ပြောင်းတယ်

ဂတ်​တူဆို ကာဖူး ဒီဒါ နားကြ​ပြောင်းကြတယ်

နက်​စ်တာ အ​မေရိကသွားတယ်

ပါတို ​ခြေကျပြီးလိမ့်​ရတယ်

ဗိုလ်​ချုပ်​ ကိုသက်​တမ်းတိုးတာ အဆင်​မ​ပြေလို့

ဗိုလ်​ချုပ်​ ဂျူဗီဆရာက်​သွားရဲ့

ကျုပ်​လည်း မီလန်​ဆက်​အားမ​ပေးဖြစ်​​တော့

၂၀၁၀​နောက်​ပိုင်းဆိုပါ​တော့

Old Lady လို့နာမည်​​ပြောင်​ရထားတဲ့ ဂျူဗီအား​ပေးသူဖြစ်​လာတယ်​ MVP ​ကြောင့်​ ဆိုပါ​တော့

ဘောလုံးကို​ခြေနဲ့ကန်​ရ​ကောင်းမှန်းနားမလည်​တဲ့ အ​မေရိကန်​​တွေ တီထွင်​တဲ့စကားလုံး​ပေါ့ဗျာ အဓိပါယ်​က most valuable player တဲ့ သူရို့ rugby ပွဲ​တေသုံး​လေ့ရှိတဲ့စကားဗျ

ဂျူဗီရဲ့ MVP က​တော့ ခြားနားသဗျ

M for Machisio

V for Videl

P for Pirlo

အင်​မတတ်​အ​ရေးပါတဲ့်​ ကွင်းလယ်​ကစားသမား​တွေရဲ့ နာမည်​ပါတဲ့

နောက်​မှ ဆက်​​ရေးမယ်​ဗျာ

ခု​တော့ ဂ​လောက်​နဲ့​တော်​ဘီ

လက်​တ​လော အနှစ်​သက်​ဆုံ့းကေ​တော့ ​ဒေလီဘလင်း ပါပဲလို့

 

 

တော်​​သေးဘီ

ခင်​တဲ့

ဂီ

ムラカミ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011