အဆောင် ၄ ရဲ့ ဘေး ခရေတန်းလေးမှာ

ရှေးအခါက မဟုတ်တဲ့ ပုံပြင်တစ်ပုဒ်ဟာ

တကယ်သရုပ်ပါစွာနဲ့ ရှိခဲ့ဘူးလေတယ် ၊

ထူးပေကွယ် မဆိုသာပေမယ့်

ပျိုကညာနွဲ့ပန်းကြိုက်သူ

နန်းထိုက်တမူ လှမ်းလိုက်ယူ ခရေပန်း

အကြွေအနွမ်းတောင်မွှေးမြ ရွေးပြလို့သီကုံး

ကြည်အပြုံးနဲ့ သူလက်ခံ ချူရတက်မာန်ပွားရသူမို့

ကိုယ့်ဘဝကိုယ်နားလည်

အပါးဝယ်ထားရန်ဝေး

ပေးသမျှကံ မဟန်လှသူခမျာ

မတန်ရာလို့ယူမျှော်တွေးဆ

ကယ်ကူရာဖေါ်ဝေးစွ တော်လေးဝဝင်သူပျို

တမင်အမူပိုမဟုတ်ပါပဲ ဆုတ်ခါလည်းလမ်းခွဲရ

နွမ်းအသည်းကငိုကြွေးသံ ဟိုအဝေးထံလွင့်ပျံ

သခင့်ထံစေတဲ့ သည်ဆုစကား

ခရေကြိုက်သူလေး ကြားစေသား ၊

20150325_151602

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..