အိပ်​​ရေးပျက်​တဲ့ ‘ည’

လေတိုက်​လို့ သစ်​ပင်​လှုပ်​တာလား
သစ်​ပင်​လှုပ်​လို့ ​လေတိုက်​တာလား
မကွဲပြား​ပေမယ့်
ခု​တော့ လှုပ်​စရာ သစ်​ပင်​လည်းမရှိ​တော့ဘူး
လေလည်းမတိုက်​​တော့လို့
ပူ​လောင်​အိုက်​စပ်​​နေတဲ့ ညထဲမှာ
အိပ်​မရလို့ ‘ည’ ဟာ
တိတ်​ဆိတ်​တဲ့ လမ်းမ​ပေါ် လမ်း​လျှောက်​ထွက်​လာတယ်​ ။
မှုံရီရီ ဓာတ်​မီးတိုင်​​အောက်​​ရောက်​​တော့
‘ည’ဟာ ​ဆောင်းထားထဲ ကတ္တီပါ ဦးထုပ်​ မဲမဲ​လေးကို
ခပ်​ငိုက်​ငိုက်​​လေး​ဆောင်းပြီး
ဓာတ်​ရှင်​မင်းသားလို အိုက်​တင်​​ပေးလို့ ။
အချိန်​တန်​​တော့လည်း
အိပ်​​ရေးမ၀တဲ့ညဟာ
သူ့​နေရာသူပြရဦးမှာ​ပေါ့ ။
အဲ့ဒိလိုနဲ့
‘ည’ဟာ အိပ်​​ရေးပျက်​​နေခဲ့ရတာကြာ​ပေါ့ ။

နေ၀န်းနီ
10:53 PM
2015 Mar 25

naywoon ni

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010