Love you forever မေမေ

အားမငယ်​ပါနဲ့ သားတို့ရင်​မှာ​မေ​မေက ထာဝရပါ
မေ​မေ​မော့ကြည့်​​ပေးပါ ​ကောင်းကင်​ထက်​ကလမင်း​လေးက
မေ​မေ့အပြုံးရိပ်​ပါ

မေ​မေ့​မေတ္တာရိပ်​က ​အေးမြတဲ့စမ်း​ချောင်း​လေးပါ
အ​တွေးအတ္တကမ္ဘာက ​မေ​မေနိုးထလှည့်​ပါ
ပါးပြင်​ကကျစီး​နေတဲ့ ​မေ​မေ့မျက်​ရည်​စက်​များ
လွမ်းလို့ဖြစ်​တည်​ခြင်းလား

သားတို့အ​ဝေးရပ်​မို့ လွမ်း​တေးဆိုညည်းဖူးတယ်
မေ​မေ​ချော့သိပ်​ဖူးတဲ့​ တေးတစ်​ပုဒ်​​ပေါ့

အနားမှာမရှိ​ပေမယ့်​ ​မေ​မေ့​မေတ္တာရိပ်​မှာသားတို့
ပျော်​မြူး​နေကြတယ်​ ​မေ​မေသိပါ​စေ​လေ

လမင်းအလင်း သာတည့်​ညခင်း
ငှက်​​ကျေး​တေးဆို ​မေ​မေ​ချော့သည်
အားအင်​ပြည့်​ဝ ​မေ့မရမို့
မေတ္တာအိမ်​ငယ်​ အ​ဝေးရပ်​က
ချစ်​သား လွမ်း​ဆွေးရမို့
မေ​မေသိ​စေ love you forever ​မေ​မေ​ရေ

ကာရံ ၁၂့ ၂့ ၂၀၁၅

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..