သူခိုး….သူခိုး….
အိမ်ကြားမှာလား….လမ်းကြားမှာလား….
အဲယားကွန်းခန်း…
စားပွဲကြီးနဲ့ ဖုန်းကြီးနဲ့….
…..
…..
ဒမြ…ဒမြ…
တောထဲမှာလား…တောင်ထဲမှာလား…
မြို့လယ်ခေါင်မှာ…
မောင်းတံကြီးနဲ့ ဖြတ်ပိုင်းနဲ့…
…..
…..
အကြမ်းဖက်သမား…အကြမ်းဖက်သမား…
အာရပ်မှာလား…အာဖရိကမှာလား…
မြန်မာပြည်မှာ
လက်ပတ်နီနဲ့ တုတ်ကြီးနဲ့….
….
….
လူလိမ်…လူလိမ်….
ကလေကချေလား…အုတ်ကြားမြက်ပေါက်လား…
ရုံးပြင်ကနား…
တိုက်ပုံကြီးနဲ့ ခေါင်းပေါင်း နဲ့…
….

.ပြည်သူ…ပြည်သူ….
အမိအရာလား…အဖအရာလား…
ကျုးကျော်တဲမှာ…
ထရံအစုတ် …ငပိဖုတ်နဲ့….
…..
…..
သူတောင်းစား…သူတောင်းစား…
ခွက်ဆွဲလို့လား…လမ်းဘေးမှာလား…
လမ်းထောင့်ကြီးမှာ…
ယူနီဖောင်းနဲ့ ခရာနဲ့…
….
….
((တော်ပြီ…တော်ပြီ…ဆက်မရေးတော့ဘူး….
တော်ကြာ ကဗျာစမ်းရေးကြည့်တာ အစိုးရက ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်တာ ခံနေရဦးမယ်…သားသား ကြောက်ကြောက်…))

johnnydeer

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...