အမြန်လမ်း ကားမောင်းရတော့မယ်ဆိုတော့လဲ…..
အမြန်လမ်းတလျှောက် တိုက်ကြ မှောက်ကြ သေကြတာတွေ မေ့ထားပါတယ်….
….
လေယာဉ်စီးတော့မယ် ဆိုပြန်တော့လဲ….
စီးလုံးပျောက်သွားတဲ့ မလေးရှားလေယာဉ်ကြီးအကြောင်း မေ့ထားပါတယ်…
….
ရာသီဥတုအကြောင်းတွေးမိပြန်တော့လဲ…
သစ်တောတွေ ခုတ်ချင်သလို ခုတ်နေကြတဲ့ ခရိုနီဆိုတာတွေ မေ့ထားပါတယ်…
….
မြေယာအကြောင်း စဉ်းစားမိပြန်တော့လဲ…
ကိုယ့်တိုင်းကိုယ့်ပြည်မှာ နေစရာမရှိ ကျုးကျော်ဖြစ်နေကြတာတွေ မေ့ထားပါတယ်…
….
မြန်မာ့ထိပ်ပိုင်း အာဏာရခေါင်းဆောင်ဆိုသူများအကြောင်း တွေးမိပြန်တော့…
မုသာဝါဒ ဆိုတာကြီးကို မေ့ထားပါတယ်…
….
ကလေးတွေ ကျောင်းပို့ရမယ် ဆိုပြန်တော့လဲ…
ဆိုးဝါးလှတဲ့ ပညာရေးစနစ်အကြောင်း မေ့ထားပါတယ်…
….
သူငယ်ချင်းတွေအကြောင်း စဉ်းစားမိပြန်တော့…
နိုင်ငံရပ်ခြားက မိဝေးဖဝေး သူငယ်ချင်းတွေအကြောင်း မေ့ထားပါတယ်…
….
ထမင်းစားတော့မယ် ဆိုပြန်တော့လဲ…
လယ်မဲ့ ယာမဲ့ ထောင်ထဲရောက်နေတဲ့ တောင်သူဦးကြီးတွေကို မေ့ထားပါတယ်…
….
ရုံးပြင်ကနားသွားရပြန်တော့လဲ…
လာဘ်ပေး…ရန်မလို ဆိုတာကြီးကို မေ့ထားပါတယ်…
….
မြန်မာပြည်အကြောင်း စဉ်းစားမိပြန်တော့…
မြန်မာ အစိုးရအကြောင်း မေ့ထားပါတယ်….
….


ဒီလို…ဒီလို နဲ့ပဲ…
မြန်မာပြည်မှာ ပျော်အောင်နေရတာပါပဲဗျာ…

johnnydeer

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...