ဒီတပတ် အလင်းခြုံတဲ့ သတင်း Zone သို့မဟုတ် …

.အောင်ဇေမီဒီယာကနေ တင်ပြပေးမယ့် သတင်းတွေကတော့ …

 

• မြန်မာပြည်မှာ ပုဂ္ဂလိကစီးပွါးရေးကဏ္ဍ အားကောင်းလာဖို့အရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသတင်း ၊

• တစ်ထောင်ကျပ်တန်အတုတွေ သယ်ဆောင်လာတဲ့ အိန္ဒိယနိုင်ငံသားနှစ်ယောက်ကို ဖမ်းဆီးမိတဲ့ သတင်း ၊

• မိဘနှစ်ပါးကို သတ်ဖြတ်ပြီး ချက်ပြုတ် စားသောက်ခဲ့တဲ့ အမှု နောက်ဆက်တွဲသတင်း

• တပ်မတော်သား လွှတ်တော်အမတ်တွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုမှုသတင်း ၊

• မြန်မာပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ နောက်ကွယ်က မြှောက်ပေးခဲ့တာတွေ ကြောင့်လို့ သိရကြောင်း သတင်းထုတ်ပြန်ချက် ၊

• မြန်မာအစိုးရ အကြီးအကဲတွေကို စစ်အာဏာရှင် ဆိုတဲ့ စကားလုံး သုံးစွဲပြီး ကြွေးကြော်ဆန္ဒပြသူတွေကို ဖမ်းဆီးလိုက်တဲ့သတင်း၊

• မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သတင်းများနဲ့ ပြည်တွင်းစစ်ပွဲ-သတင်းများ ၊

• ရိုက်နှက်ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်ဆိုတဲ့ သတင်းနဲ့ နောက်ဆက်တွဲသတင်းများ ။

• လက်ပံတန်း အရေးအခင်းအတွင်း ကျောင်းသားတွေ ရိုက်နှက်ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်တဲ့ အစိုးရလုပ်ရပ်ကို US အပါအဝင် နေရာဒေသအသီးသီးမှာ ကန့်ကွက်ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်နေကြတဲ့သတင်းများ ၊

• ဆရာတော် အရှင်ဝီရသူက ‘‘ယန်ဟီးလီကို သင်ခန်းစာပေးရမယ်’’လို့ ပြောဆိုခဲ့ပြီးနောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ နောက်ဆက်တွဲကြေညာချက်သတင်း၊

• နာရေးကူညီမှုအသင်း ဥက္ကဌ၊ မင်းသား ကျော်သူ ပြန်လည်ပါဝင် သရုပ်ဆောင်မယ့် ‘‘ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ သတင်း၊

• ရန်ကုန်မြို့က မြို့ပတ်ရထားတွေကို အဲကွန်းရထားတွဲများနဲ့ အစားထိုးပြောင်းလဲတော့မယ်ဆိုတဲ့ သတင်း ၊

• ကချင်ပြည်နယ်မှာ တရားမဝင် သစ်ခိုးထုတ်လို့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား တစ်ရာကျော်ရဲ့ နောက်ဆုံးရ သတင်းအခြေအနေများ ၊

• မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခြေအနေနဲ့ US ရဲ့ ပြောဆိုမှုများ ၊

• US မှာ ပြုလုပ်မယ့် ပွဲလမ်းသဘင်ဆိုင်ရာ သတင်းများ….

• အခြား သိမှတ်ဖွယ်ရာ သတင်းထူးများကို စုစည်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။
*******************************************************************

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၅ ။
မြန်မာငွေကျပ် တစ်ထောင်တန်အတုတွေ သယ်ဆောင်လာတဲ့ အိန္ဒိယနိုင်ငံသားနှစ်ယောက်ကို ဖမ်းဆီးမိတဲ့အတွက် မြန်မာနိုင်ငံဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅၊ ၁၀၆ နဲ့ အမှုဖွင့်ထားကြောင်း သတင်းရရှိပါတယ်။
အိန္ဒိယနိုင်ငံအခြေစိုက် Fox Star Studio ကနေ ပုဂံဒေသကို မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးဖို့ ရောက်လာတဲ့ ရိုက်ကူးရေးအဖွဲ့ဝင် (၁၂) ယောက်ဆီက မြန်မာကျပ်ငွေ (၁) ထောင်တန်ပုံစံတူ ၃၆၃ သိန်းခန့် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အိန္ဒိယနိုင်ငံသားတွေထဲက ခေါင်းဆောင်(၂) ယောက်ကို ရန်ကုန်လေကြောင်း ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားကြောင်း သိရပါတယ်။
ခေါင်းဆောင် နှစ်ယောက်ကိုပဲ တရားစွဲဆိုထိန်းသိမ်းလိုက်တာ ဖြစ်ပြီး ကျန်တဲ့သူတွေကိုတော့ ပြန်လွှတ်ထားပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အိန္ဒိယသံရုံးကိုလည်း အကြောင်းကြားထားပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅ အရ ငွေစက္ကူအတုမှန်းသိလျက်နဲ့ သုံးစွဲမှုဖြစ်ပြီး ထောင်ဒဏ် သုံးနှစ်ထိ ကျနိုင်ပါတယ်။
ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၆ အရ ငွေအတုကို ပြည်ပမှ တင်သွင်းမှု (သို့) တင်ပို့မှုအဖြစ် သတ်မှတ်လို့ရလျှင်တော့ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၂၀ အထိ ကျနိုင်ကြောင်း သိရပါတယ်။

၁၇

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၅ ။
ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ သားအရင်းက မိဘနှစ်ပါးကို သတ်ဖြတ်ပြီး ချက်ပြုတ် စားသောက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သတ်ဖြတ်စားသောက်ခဲ့တဲ့ သားဖြစ်သူကို သေဒဏ်အမိန့်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်က ဖြစ်ပွါးခဲ့တဲ့ ဒီအမှုဟာ ဟောင်ကောင်ဒေသတစ်ခုလုံး တုန်လှုပ်ခြောက်ခြား စေခဲ့တာ ဖြစ်ပါတယ်။
အသက် (၃၁)နှစ် အရွယ် သားဖြစ်သူ ဟင်နရီချောင်က အသက် (၆၃)နှစ်အရွယ်ဖြစ်တဲ့ မိခင်နဲ့ အသက် (၆၅)နှစ်အရွယ် ဖခင်တို့ကို အပိုင်းပိုင်း ခုတ်ထစ်ပြီး မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ ချက်ပြုတ် စားသောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျန်တဲ့ မိခင်ဖခင်တို့ရဲ့ ဦးခေါင်းတွေကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားခဲ့ပါတယ်။
ဟင်နရီချောင်ဟာ မိဘတွေနဲ့ စကားများခဲ့ပြီး မိဘနှစ်ပါးကို သူငယ်ချင်းဖြစ်သူရဲ့အိမ်ကိုခေါ်သွားပြီး သတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။
ဟင်နရီချောင်ရဲ့ အစ်ကိုဖြစ်သူက မိဘနှစ်ပါး ပျောက်ဆုံးနေခြင်းကို စုံစမ်းရာကနေ အခုလို သတ်ဖြတ်မှုကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

တရားသူကြီးကတော့ ဟင်နရီချောင်ရဲ့လုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိတာကြောင့် ထိုက်တန်တဲ့ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

၁၆

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၅ ။

မြန်မာပြည်မှာ ပုဂ္ဂလိကစီးပွါးရေးကဏ္ဍ အားကောင်းလာဖို့အရေးနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ ဟန့်အတားတွေကို ဖယ်ရှားပေးဖို့ လိုအပ်နေကြောင်း ကမ္ဘာ့ဘဏ်က အစီရင်ခံစာတစ်ခု ထုတ်ပြန်ဖေါ်ပြလိုက်ပါတယ်။
‘‘ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေ ဆန်းစစ်လေ့လာချက်’’ဆိုတဲ့ အဆိုပါ အစီရင်ခံစာမှာ ကာလကြာရှည်စွာ ဖွံ့ဖြိုးမှု ရပ်တန့်နေခဲ့တဲ့ မြန်မာပြည်အနေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့ကာလမှာ ငွေကြေးအကူအညီ ရရှိနိုင်မှုဟာ အကြီးမားဆုံး အခက်အခဲဖြစ်နေကြောင်း၊ ပြောဆိုထားပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေး မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းပေါင်း (၁) ထောင်ကျော်ထဲမှာ ဘဏ်ချေးငွေအနည်းငယ်သာရှိပြီး၊ မြေယာသုံးစွဲခွင့် ခက်ခဲမှု၊ လျှပ်စစ်ဓါတ်အားမလုံလောက်မှုနဲ့ ကျွမ်းကျင်လုပ်သားမလုံလောက်မှုတွေကို ရင်ဆိုင်နေရကြောင်းလည်း ဖော်ပြထားပါတယ်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ အကောင်အထည်ဖေါ်ရာမှာ ရှေ့နောက်ညီညွတ်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ သတင်းထုတ်ပြန်မှုတွေလည်း တိကျမှန်ကန်ဖို့ အလွန်အရေးကြီးကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဖော်ပြထားပါတယ်။
၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ ၈.၃ % အထိ ရှိလာမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်းထားကြောင်းလည်း သိရပါတယ်။
အစိုးရအသုံးစရိတ် တိုးတက်လာပြီး လုပ်ခလစာတွေလည်း တိုးလာမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒီနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းက ၈.၄ ရာနှုန်းအထိ မြင့်တက်လာပေမဲ့ နောက်နှစ်မှာ ၆ ရာနှုန်းအထိ ပြန်ကျသွားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

၁၅

 

 

 

 

 

 

 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၂၄ ။
တပ်မတော်သား လွှတ်တော်အမတ်တွေဟာ လွှတ်တော်ထဲမှာ ဘက်မလိုက်ဘဲ အကြံပြုဆွေးနွေးနေကြတဲ့အပြင် တပ်မတော်သား လွှတ်တော်အမတ်တွေကို ပြည်သူလူထုကလည်း လက်ခံလျက်ရှိတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

 

လွှတ်တော်တွင်း လေးပုံတစ်ပုံ နေရာယူထားတဲ့ တပ်မတော်သား အမတ်တွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တပ်မတော်အနေနဲ့ ပါတီနိုင်ငံရေး ဆောင်ရွက်ခြင်း မဟုတ်ဘဲ အမျိုးသားနိုင်ငံရေးအတွက် ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၊ လွှတ်တော်တွင် တပ်မတော်သားများ ပါဝင်ပြီး ပြည်သူများအတွက် လိုအပ်ချက်တွေ၊ ပြင်သင့်ပြင်ထိုက် တာတွေကို ဘက်မလိုက်ဘဲ အကြံပြု ဆွေးနွေးလျက်ရှိကြောင်း လူမူကွန်ယက်စာမျက်နှာကနေ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ အခုလို ပြောဆိုမှုကို ပြည်သူတချို့က Facebook လူမှုကွန်ယက် စာမျက်ပေါ်မှာ ပြန်လည် တုံ့ပြန် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

၁၄

 

 

 

 

 

 

 

 

 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မတ်လ ၂၄ ။

မြန်မာပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေထဲမှာ နောက်ကွယ်ကနေ မြှောက်ပေးခဲ့တာတွေ ရှိတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောဆိုလိုက်ပါတယ်။
မန္တလေးမှာ မနှစ်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ ၊ ရုန်းရင်းဆန်ခတ်မှုတွေကို လေ့လာသုံးသပ်ပြီး Justice Trust လို့ခေါ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

 

 

၂၀၁၄ ခုနှစ် ဂျူလိုင်လမှာဖြစ်ပွါးခဲ့တဲ့ မန္တလေးက ဘာသာရေး၊ လူမှုရေးအကြမ်းဖက်မှုတွေကို မြန်မာနိုင်ငံက ရှေ့နေများ ၊ တက်ကြွလှုပ်ရှားသူများနဲ့အတူ Justice Trust အဖွဲ့က သုတေသနပြုခဲ့ရာကနေ အခုလို တွေ့ရှိလိုက်တာလို့ ဆိုပါတယ်။
ယခုထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာကို “မြန်မာ ဘာသာရေး၊ လူမှုရေးအကြမ်းဖက်မှု နောက်ကွယ်က လက်များ၊ မန္တလေးရုန်းရင်းဆန်ခတ်မှု လေ့လာချက်” လို့ ခေါင်းစဉ်ပေးပြီး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

 

နောက်ကွယ်က သွေးထိုးလှုံ့ဆော်တဲ့သူတွေသာ မရှိခဲ့ရင် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်မလာဘူးလို့ ပြောထားတဲ့အပြင် မြှောက်ပေးသူတွေ ရှိလို့သာ ရခိုင်ကနေ မိတ္ထီလာ၊ အဲ့ဒီနောက်… လားရှိုး၊ မန္တလေးတို့မှာ ဖြစ်ခဲ့တဲ့ ပြင်းထန်လွန်းတဲ့ အကြမ်းဖက်မှုတွေအဆင့်အထိ ရောက်ခဲ့တာလို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံသားတွေအနေနဲ့ ဘာသာရေးအခြိမ်းခြောက်ခံနေရတဲ့ အဖြစ်မျိုး ဖြစ်လာတာဟာလည်း အလိုလိုနေရင်း ဖြစ်လာတာမဟုတ်ဘဲ ၉၆၉ လို့ခေါ်တဲ့ အစွန်းရောက်တစ်ဖွဲ့က လှုံ့ဆော်လိုက်တာကြောင့်လို့ Justice Trust အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ‘‘နော်မန်’’က ပြောဆိုလိုက်ပါတယ်။

၁၃

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မတ်လ ၂၄ ။

မြန်မာအစိုးရ အကြီးအကဲတွေကို ‘‘အို့အို့’’ ဆိုတဲ့ စကားလုံးသုံးပြီး ကြွေးကြော်ခဲ့တဲ့အပြင် ‘‘စစ်အာဏာရှင်’’ဆိုတဲ့ စကားလုံးကိုပါ သုံးစွဲခဲ့တဲ့ ဆန္ဒပြခေါင်းဆောင် နှစ်ယောက်ကို ပြည်ခရိုင် ပြည်မြို့မရဲစခန်းက တရားစွဲဆိုလိုက်ပါတယ်။
ဒီမိုကရေစီ ပညာရေးအတွက် သပိတ်မှောက် ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချခြင်းနဲ့ သုံးစားမရသော မြန်မာအစိုးရ နုတ်ထွက်ပေးရေး ဆိုပြီး စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ကြသူတွေကို စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉) နဲ့ အမှုဖွင့် အရေးယူလိုက်တာ ဖြစ်ပါတယ်။

 

ပြည်မြို့က အဆိုပါဆန္ဒထုတ်ဖော်ပွဲမှာ မြန်မာ အစိုးရ အကြီးအကဲတွေကို “သိန်းစိန် သိန်းစိန် အို့ အို့” “ဥာဏ်ဝင်း ဥာဏ်ဝင်း အို့အို့ ” “သက်ထွန်း သက်ထွန်း အို့အို့” “၀င်းစိန် ၀င်းစိန်အို့အို့”စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ပြီး ဆန္ဒပြခဲ့တာကြောင့်ဆိုပြီး အရေးယူလိုက်တာ ဖြစ်ပါတယ်။

 

ရဲတပ်ဖွဲ့က ကြွေးကြော်ဆန္ဒပြမှုကို သွားရောက်တားမြစ်ခဲ့ပေမဲ့ ဆန္ဒပြသူတွေဟာ ဆက်လက် ပြုလုပ်ခဲ့တာကြောင့် ခွင့်မပြုတဲ့ ကြွေးကြော်သံများ အော်ဟစ်ခဲ့သူတွေထဲက ကိုဝင်းလှိုင် ၊ ကိုကျော်ဆွေတို့နှစ်ဦးကို အမှုဖွင့်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။

၁၁

 

 

 

 

 

 

 

 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၂၂ / ၂၃ ။

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး မူကြမ်း NCA ထဲက တိုင်းရင်းသားတွေရဲ့ရပ်တည်မူနဲ့ ပတ်သက်တဲ့ အချက်တွေကို မတ်လ ၃၀ ရက်နေ့မှာ ဆက်လက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့တဲ့ ၇ ကြိမ်မြောက် ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးနောက်ပိုင်း နှစ်ဖက်ပူးပေါင်းပြီး ပြည်ထောင်စုအဆင့် ပူးတွဲ လေ့လာ့စောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့စည်းဖို့နဲ့ NCA စာချုပ်ကို လွှတ်တော်မှာ အတည်ပြုနိုင်ဖို့အပါအဝင် လုံခြုံရေးအဆင့် ပေါင်းစည်းရေး… စတဲ့ အချက်တွေကို ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြန်လည် ကျင်းပနိုင်အောင် အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF မဟာမိတ်ပါတီတွေကလည်း တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ ကို တိုက်တွန်းလိုက်ပါတယ်။

၁၂

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၃ ။

လက်ပံတန်းကျောင်းသားသပိတ်ကို အာဏာပိုင်ဘက်ကရဲတွေက အကြမ်းဖက်ဖြိုခွဲပြီး သာယာဝတီ အကျဉ်းထောင်အတွင်း ဖမ်းဆီးခံရတဲ့ ကျောင်းသား တချို့ဟာ ကျန်းမာရေးအခြေအနေမကောင်းဘူးလို့ သိရပါတယ်။
အကြမ်းဖက် ဖြိုခွဲခံရတုန်းက ဦးခေါင်းကို ရိုက်နှက်ခံထားခဲ့ရတာကြောင့် နာကျင်မူးဝေတာတွေ ခံစားနေကြရတဲ့အပြင် အမြင်အာရုံ ထိခိုက်ထားတဲ့ ကျောင်းသားတချို့ လည်း ရှိနေပါတယ်။
ဖမ်းဆီးခံကျောင်းသားတွေဟာ လုံလောက်တဲ့ ဆေးဝါးကုသမှုလည်း မရနိုင်ဘူးလို့ မိသားစုဝင်တွေက သံသယ ရှိနေကြပါတယ်။
မတ်လ ၂၃ ရက်နေ့မှာတော့ ဖမ်းဆီးခံထားရသူတွေကို အာဏာပိုင်တွေက ထောင်ဝင်စာတွေ့ခွင့် ပိတ်လိုက်ပြန်ပါတယ်။

 

ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားနဲ့အရပ်သားတွေဟာ သာယာဝတီထောင်ထဲမှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရပဲ ဦးခေါင်းနဲ့မျက်စေ့တွေ ထိခိုက်ဒဏ်ရာရထားတဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေပါတယ်။
မောင်သန်းဆွေဆိုတဲ့ ပြည်-တက္ကသိုလ် အဝေးသင်ကျောင်းသားတစ်ဦးဆိုရင် မျက်လုံးတစ်ဖက် မမြင်ရတော့ကြောင်းကို မတ်လ ၂၁ ရက်နေ့က ထောင်ဝင်စာသွားတွေ့တဲ့ ဖခင်ဖြစ်သူ ဦးခင်မောင်ကြည်က ပြောပြပါတယ်။

 

ဒဏ်ရာရသူတွေကို ဆေးကုသခွင့်ရနိုင်ဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို စုံစမ်းနေဆဲဖြစ်ပြီး အမြန်ဆုံးပြန်လွှတ်ပေးမှသာ ဆေးကုပေးနိုင်မှာဖြစ်ကြောင်းလည်း ကျောင်းသားမိဘတွေက ပြောဆိုနေပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို မတ်လ ၂၅ ရက်နေ့မှာ လက်ပံတန်းတရားရုံးက ပုဒ်မ ၅ ခုနဲ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

၁၀

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၃ ။

မြန်မာပြည်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို လက်မှတ် ရေးထိုးဖို့ ၆ ရက်ကြာ ဆွေးနွေးပွဲတွေ ပြုလုပ်ပြီး အချိန်မှာပဲ ကချင်ဒေသမှာ တိုက်ပွဲတွေ ပိုဖြစ်နေတယ်ဆိုတဲ့ သတင်း ကြားရပါတယ်။

 

မတ်လ ၂၂ ရက်နေရအထိ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်းမှာ အချက် လေးချက်ကို သဘောတူညီမှု မရသေးပဲ ထိပ်ပိုင်းဆိုင်ရာနဲ့ ဆွေးနွေးစရာတွေ ရှိသေးတာကြောင့်ဆိုပြီး ကျန်တဲ့ ဆွေးနွေးစရာတွေကို လာမယ့် မတ်လ ၃၀ ရက်နေ့ကျမှ ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မတ်လ ၃၀ ရက်နေ့မှာ ပြုလုပ်မယ့် (၈) ကြိမ်မြောက် ဆွေးနွေးပွဲမှာတော့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းကို အပြီးသတ် လုပ်ဆောင်ကြမယ်လို့ သိရပါတယ်။

 

အဆိုပါ ဆွေးနွေးမှုတွေ ပြုလုပ်စဉ်မှာ ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေ အဖွဲ့လည်း တက်ရောက်ခဲ့ပေမယ့် အခုလက်ရှိအချိန်ထိ ကချင်တပ်ကို မြန်မာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။
အခုလိုတိုက်ပွဲတွေဖြစ်နေပေမယ့် KIA ဘက်က အပစ်အခပ်ရပ်စဲရေး အတွက် ဆက်လက်ဆွေးနွေးကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ဒါ့အပြင် ရှမ်းပြည် ကျောက်မဲ ဘက်မှာလည်း PNLA တအောင်း (ပလောဝ်) လွတ်မြောက်ရေးတပ်မတော်နဲ့ မြန်မာစစ်တပ်တို့ဟာ မတ်လ ၂၃ ရက်နေ့အထိ တိုက်ပွဲတွေ ဖြစ်နေကြောင်း သိရပါတယ်။
အခုလို တွေ့ဆုံမှုတွေ လုပ်ပြီးနောက်ပိုင်းမှာတောင် ကချင်တွေအပေါ် ထိုးစစ်ဆင်နေတာဟာ မြန်မာစစ်တပ်အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ဝေဖန်ပြောဆိုတာတွေ ရှိနေပါတယ်။

၉

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၁ / ၂၂ / ၂၃ ။

လက်ပံတန်းကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးခဲ့တဲ့ အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတဲ့အနေနဲ့ မန္တလေးမြို့တိုင်း အတွင်းရှိ တက္ကသိုလ် အသီးသီးမှ ကျောင်းသားများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများဟာ လူစုလူဝေးနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူ ၁၅၀ကျော်ဟာ မတ်လ ၂၁ ရက်က မန္တလေးမြို့ မြတောင်ကျောင်းတိုက်ရှေ့မှာ လူစုပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
မူလက မတ်လ ၁၆ ရက်နေ့မှာ အင်အား ၁,၀၀၀ ခန့်နဲ့ ဆန္ဒပြဖို့ စီစဉ်ထားပေမဲ့ မြို့မိမြို့ဖများနဲ့ သံဃာတော်များရဲ့ မေတ္တာရပ်ခံမှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအပြီး မတ်လ ၂၁ရက်ကို ပြောင်းရွှေ့ လိုက်တာပါတယ်။
အဆိုပါ ဆန္ဒပြသူများဟာ မန္တလေး မြတောင်ကျောင်းတိုက်ရှေ့ကနေ ချမ်းအေးသာစံ၊ အောင်မြေသာစံနဲ့ မဟာအောင်မြေမြို့နယ်များကို ဖြတ်သန်းပြီး မြို့ပတ်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြသူ အင်အား (၂၀၀)ခန့်ထဲမှာ သံဃာ ၁၀ပါးခန့်နဲ့ တောင်သူများကလည်း ဝန်းရံကြတာ တွေ့ရပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင် တချို့ကတော့ လိုက်လံ စောင့်ကြည့်ခဲ့ပေမဲ့ တားဆီးပိတ်ပင်မှုတော့ မရှိခဲ့ပါဘူး။
ဒါ့အပြင် ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာလည်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ နာမည်တွေကို မိုးပျံပူဖောင်းအလုံး (၂ဝဝ) ကျော်မှာ ချိတ်ဆွဲပြီး အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းခဲ့ကြပါတယ်။
ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေ ဖမ်းဆီးခံထားရတဲ့အပေါ် ဝမ်းနည်းတဲ့အနေနဲ့ လက်ပတ်မဲလှုပ်ရှားမှုတစ်ခုကိုလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စတင်လိုက်ပါတယ်။
ပြည်၊ ပုသိမ်နဲ့ မော်လမြိုင်မြို့တွေမှာတော့ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေးအတွက် လက်ပတ်ဖြူ လှုပ်ရှားမှုဆိုပြီး ပြုလုပ်ကြပါတယ်။
ဒါ့အပြင် ကျောင်းသားတွေ အမြန်ဆုံး လွတ်မြောက်ရေးနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်လာအောင် သမ္မတဦးသိန်းစိန်အစိုးရကို US သမ္မတ အိုဘားမားအနေနဲ့ ဖိအားပေး တိုက်တွန်းပေးပါ ဆိုပြီး US ၊ ဝါရှင်တန်ဒီစီမြို့တော် သမ္မတအိမ်ဖြူတော်ရှေ့မှာလည်း မြန်မာ့အရေး လှုပ်ရှားသူတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
လက်ပံတန်း ကျောင်းသားသပိတ် ပင်မစစ်ကြောင်းကို အကြမ်း ဖက်ဖြိုခွင်းခဲ့ခြင်းနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ပြောကြားချက်ကတော့ ဒီလို ဖြိုခွဲဖမ်းဆီးတာဟာ ရဲတပ်ဖွဲ့အနေနဲ့ ရဲလုပ်ငန်းကို အဆင့်ဆင့်ပြုလုပ်ခြင်းသာဖြစ်ပြီး နိုင်ငံတကာ လုပ်ထုံးလုပ်နည်းထက်ကျော်လွန်ခြင်း မရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ကျောင်းသားတွေကို ဒီလို ရိုက်နှက်ဖမ်းဆီးတာဟာ နိုင်ငံတော် ကာကွယ်ရေး၊ တည်ငြိမ်အေးချမ်းရေး အတွက် ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းကို အဆင့်ဆင့်လုပ်ဆောင်ခြင်း ဖြစ်ပြီး International Practice ထက် ကျော်လွန်ခြင်းမရှိကြောင်း ၊ ဒါ့ထက်ဆိုးတဲ့ ထိန်းသိမ်းမှုများ အနောက်နိုင်ငံတွေမှာ ဖြစ်ဖူးကြောင်း ပြောဆိုလိုက်တာပါ။

၈ ၈-၁

 

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၀ / ၂၁ ။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကို မြန်မာနိုင်ငံမှာ လူသိရှင်ကြား စော်ကားမော်ကား ပြောဆိုတာတွေ၊ အမုန်းပွားအောင် လှုံ့ဆော်ဟောပြောတာတွေကို နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူပေးဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ် ။
Ms. Yanghee Lee ကို ပုဂ္ဂိုလ်ရေးအရစော်ကားတိုက်ခိုက်ပြောဆိုပြီး လူသိရှင်ကြား ခြိမ်းခြောက်တဲ့ဟောပြောပွဲတွေ မြန်မာနိုင်ငံမှာ အနည်းဆုံးနှစ်ကြိမ်လောက်ပြုလုပ်ခဲ့ကြောင်း မတ်လ (၂၀) ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေရဲ့ ကြေညာချက်တစ်ခုမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
တာဝန်အရ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ လုံခြုံမှုရှိဖို့နဲ့ ဂုဏ်သိက္ခာ မထိခိုက်ဖို့ မြန်မာအစိုးရက တာဝန်ယူဆောင်ရွက်ပေးဖို့လည်း ကုလသမဂ္ဂ အနေနဲ့ တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် Ms. Yanghee Lee ကို မြန်မာပြည်တွင်း ခရီးစဉ်အပြီးမှာ မစိုးရိမ်တိုက် ဆရာတော် ဦးဝီရသူက စကားလုံး ကြမ်းကြမ်းတမ်းတမ်းတွေသုံးပြီး အများပြည်သူရှေ့မှာ တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတပါး အနေနဲ့ အဲ့ဒီလို တိုက်ခိုက် ပြောဆိုတာဟာ သာသနာညှိုနွမ်းစေမှု၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်မှု… စတဲ့ ပုဒ်မတွေနဲ့ အရေးယူလို့ရကြောင်းလည်း ပြောဆိုထားပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေရဲ့ အကဲဖြတ်အစီရင်ခံစာတွေကို ကန့်ကွက်ခွင့်၊ ဝေဖန်ပြောဆိုခွင့် ရှိတယ်လို့ သိရပါတယ်။
ဒါပေမဲ့ အဖွဲ့ဝင် (၄၇) နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ တာဝန်အပြည့် အပ်နှင်းထားတဲ့ အထူးကိုယ်စားလှယ်တွေကို အကြမ်းဖက်ခြိမ်းခြောက်တာတွေ၊ လူသိရှင်ကြား စော်ကားပြောဆိုတာတွေကို ကုလသမဂ္ဂအနေနဲ့ လက်မခံနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ဆရာတော် အရှင်ဝီရသူက ‘‘ယန်ဟီးလီကို သင်ခန်းစာပေးရမယ်’’လို့ မကြာခင်ကပြောဆိုခဲ့တာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြစ်တင်ဝေဖန်ခဲ့တဲ့အပြင် ကြေညာချက်ပါ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

၆

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မတ်လ ၃၁ ။

ရုပ်ရှင်မရိုက်ကူးသည်မှာ ကြာပြီဖြစ်တဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ၊ မင်းသား ကျော်သူ ပြန်လည် ပါဝင် သရုပ်ဆောင်မယ့် ‘‘ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား’’ဆိုတဲ့ ရုပ်ရှင်ဇာတ် ကားကြီးရဲ့ သတင်းကို တင်ပြပါမယ်။
အဲဒီ ဇာတ်ကားထဲမှာ မင်းသား ရန်အောင်ကလည်း သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ တစ်ကြိမ်မှ မရိုက်ခဲ့ဖူးတဲ့ သုဘရာဇာ သူတောင်းစား ဇာတ်ရုပ်ကို ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
အဆိုပါဇာတ်ကားဟာ ဒီနေ့ခေတ်မှာ အတွေ့ရများနေတဲ့ ဖန်စီဇာတ်ကားပုံစံ မဟုတ်ပေမယ့် ဇာတ်ကားတွေ မရိုက်ဖြစ်တာနေတဲ့ ကျော်သူ ပါဝင်ရိုက်ကူးထားတဲ့အတွက် ပရိသတ်တွေ စိတ်ဝင်စားမယ့် ဇာတ်ကားတစ်ကားဖြစ်နေပါတယ်။
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ဇာတ်ကားကို မတ်လ ၁၈ ရက်နေ့က မြရိပ်ညိုဟိုတယ်မှာ ကန်တော့ပွဲပေးကာ ရိုက်ကူးရေး စတင်ခဲ့ပြီး ချောင်းသာနဲ့ သင်္ချိုင်းတချို့မှာ သွားရောက် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

၃

 

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၁ ။

ရန်ကုန်မြို့က မြို့ပတ်ရထားတွေကို အဲကွန်းရထားတွဲများနဲ့ အစားထိုးပြောင်းလဲမယ့်အပြင် လျှပ်စစ်ရထားများ ပြေးဆွဲခြင်းကို အခုနှစ်အတွင်းမှာပဲ အပြီးသတ် အကောင် အထည်ဖော်မယ်လို့ သိရပါတယ်။
ရထားပို့ဆောင်ရေးကဏ္ဍကို အဆင့်မြှင့်တင်တဲ့အနေနဲ့ အခုလာမယ့် စက်တင်ဘာလမှာ ရထားတွဲတွေကို ပြောင်းလဲအသုံးပြုမှာဖြစ်ပြီး ကမ်းနားလမ်းတလျှောက်က လျှပ်စစ်ရထားပြေးဆွဲမှုကိုလည်း စတင်အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။
လက်ရှိ မြို့ပတ်ရထားလမ်းပိုင်းမှာ ရထားစီးရေ (၂၃) စီးခန့် ပြေးဆွဲနေပြီး အဲကွန်းရထားကတော့ လေးစီးသာ ပြေးဆွဲနေပါတယ်။

လက်ရှိပြေးဆွဲနေတဲ့ အဲကွန်းရထားတချို့ဟာ အအေးလျော့နည်းနေတာကြောင့် တံခါးတွေဖွင့်စီးနေရတာကို ခရီးသည်တွေက ဝေဖန်နေပါတယ်။
မြို့ပတ်လမ်းပိုင်းတစ်ခုလုံးကို လျှပ်စစ်ရထားအဖြစ် ပြောင်းလဲ ပြေးဆွဲမယ်ဆိုရင် ဒေါ်လာဘီလီယံနဲ့ချီ ကုန်ကျနိုင်ပြီး ကမ်းနားလမ်း ရထားလမ်းပိုင်း တစ်ခုတည်းအတွက်တောင်မှ ဒေါ်လာသန်းချီ ကုန်ကျမှာ ဖြစ်ပါတယ်။
အဲဒီ ကုန်ကျငွေကို ဂျပန်နိုင်ငံရဲ့ ချေးငွေနဲ့ပဲ လုပ်ဆောင်မယ်လို့ သိရပေမဲ့ လုပ်ငန်းစဉ်တွေအတွက် ချေးငွေပမာဏ ဘယ်ရွေ့ဘယ်မျှနဲ့ အကောင်အထည် ဖော်မယ်ဆိုတာကိုတော့ အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့ခြင်းတော့ မရှိပါဘူး ။

၂

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၁ ။
လက်ပံတန်းကျောင်း သားသပိတ်ဖြိုခွဲမှုကို ကန့်ကွက်တဲ့အနေနဲ့ ကမာရွတ်မြို့နယ်လှည်းတန်းမှာ ဆန္ဒပြရာကြတဲ့ ဦးဆောင်သူ (၆) ယောက်ကို ပုဒ်မငါးခုနဲ့ အမှုဖွင့်ထားကြောင်းသိရပါတယ်။
အမှုဖွင့်ခံရသူ ခြောက်ယောက်ထဲမှာ အမျိုးသမီးတစ်ယောက်ပါဝင်ပြီး သူတို့ကို ဖမ်းဆီးဖို့ ၀ရမ်းများ ထုတ်ထားတာ ဖြစ်ပါတယ်။
ဆန္ဒထုတ်ဖော်ချင်သူတွေဟာ ရဲစခန်းထံမှာ ခွင့်ပြုချက်ရမှာ ဖြစ်ပြီး အခုလို ဆန္ဒပြမှုတွေကြောင့် ဈေးငအရောင်းဆိုင်ခန်းများ ပိတ်ရခြင်၊ ပြည်သူလူထု ထိတ်လန့်ခြင်းတို့ ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဆန္ဒပြပွဲများမှာ ပါဝင်သူတွေ အားလုံးကို တရားစွဲခြင်းမဟုတ်ဘဲ ဦးဆောင်သူတွေကိုသာ တရားစွဲဆိုခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
လက်ပံတန်းသပိတ်စခန်း ဖြိုခွင်းပြီး နောက်ပိုင်းမှာ ဆန္ဒပြသူတွေကို သက်ဆိုင်ရာရဲစခန်းတွေက အမှု ဖွင့်အရေးယူဆောင်ရွက်ခြင်းတွေ ရှိလာပါတယ်။
ဦးဆောင် ဆန္ဒပြသူ (၆) ယောက်ကို ပုဒ်မ ၁၈၊ ၁၄၃၊ ၁၄၅၊ ၁၄၇၊၅၀၅(ခ) စတဲ့ ပုဒ်မတွေတပ်ပြီး တရားစွဲဆို ထားခြင်းဖြစ်ပါတယ်။

၁

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၀ ။

ပြီးခဲ့တဲ့ဇန်နဝါရီ လဆန်းပိုင်းက ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရားမဝင် သစ်ခိုးထုတ်လို့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား တစ်ရာကျော်ကို တရားစွဲဆိုဖို့ ဗဟိုအစိုးရက ခွင့်ပြုမိန့် မပေးသေးဘူးလို့ သိရပါတယ်။
မတ်လ ၂၀ ရက်က မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ လူထုတွေ့ဆုံပွဲမှာ ကချင်ပြည်နယ်တရားသူကြီးချုပ်က ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသားတွေကိစ္စဟာ အရေးကြီးတဲ့အတွက် ပြည်ထောင်စုအဆင့်တာဝန်ရှိသူတွေကို တင်ပြထားရဘူးလို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ပြောပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရတဲ့ တရားမဝင်သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား တစ်ရာကျော်ကို အမြန်ဆုံးပြန် လွှတ်ပေးဖို့အတွက် သူတို့ရဲ့မိသားစုဝင်တွေက တရုတ်နဲ့ မြန်မာနိုင်ငံနယ်စပ် ထိန်ချုံးမြို့မှာ မတ်လ ၂၃ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဖမ်းဆီးခံထားရတဲ့ သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား(၁)ရာကျော်ကို သစ်တောရေးရာ ဌာနနဲ့ လ.ဝ.က တို့က တရားစွဲဆိုထားပြီး မြစ်ကြီးနားအကျဉ်းထောင်မှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။

၅

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မတ်လ ၂၀ ။
မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေဟာ နိုင်ငံတကာ သဘောတူစာချုပ်ပါ အချက်တွေကို အပြည့်အ၀ လိုက်နာဆောင် ရွက်ခြင်း မရှိဘူးလို့ US နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
US အနေနဲ့ ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာမှာ ဖေါ်ပြလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ US နိုင်ငံခြားရေး ၀န်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ အစီရင်ခံစာမှာ တနိုင်ငံချင်း အလိုက် အခြေအနေတွေကို ဖေါ်ပြထားပါတယ်။
အဆိုပါ အစီရင်ခံစာ အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်နေဆဲဖြစ်ပြီး မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ်က စပြီး ဘိန်းစိုက်ဧက ပိုတိုးလာတယ်လို့ ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ မူးယစ်ဆေးတိုက်ဖျက်ရေးအတွက် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပေမယ့် ဘိန်းစိုက်ပျိုးတဲ့ ဒေသတွေကို ပိုပြီး လက်လှမ်းမီအောင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းတာမျိုး မရှိဘူးလို့လည်း US ကွန်ဂရက် လွှတ်တော်ကို တင်သွင်းတဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျုဟာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
NGO အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေရဲ့ ခိုင်လုံတဲ့ဖော်ပြချက်တွေအရ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေမှာ အလယ်အလတ်အဆင့် စစ်ဖက်နဲ့ အစိုးရတာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေတာ တွေ့ရပြီး ဗိုလ်မှူးကြီး အဆင့်ထက်မြင့်တဲ့ အရာရှိတွေကို အရေးယူတာမျိုး မရှိဘူးလို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဆိုပါ အစီရင်ခံစာနဲ့ ပတ်သက်ပြီ ‘‘မူးယစ်ဆေး တိုက်ဖျက်ရေးမှာ နိုင်ငံတကာနဲ့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်နေတယ်’’လို့ မြန်မာ အာဏာပိုင်တွေဘက်ကတော့ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

၇

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 
US ၊ ဂျော်ဂျီယာပြည်နယ် ၊Atlanta မြို့ ၊ Milan Park မှာ မြန်မာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်နဲ့ နိဗာန်ဈေးပွဲတော် ကျင်းပမယ်လို့ သိရပါတယ်။
ပွဲတော်ကျင်းပမှာကတော့ ဧပြီလ ၊ ၁၉ ရက် ၊ မနက် ၁၁ နာရီကနေ စတင် ကျင်းပမှာဖြစ်ပြီး နေရာကတော့ 3867 Norman Rd., Clarkston, GA 30021 ဖြစ်ပါတယ်။
မြန်မာမိတ်ဆွေများ စုပေါင်းပါဝင်ဆင်နွှဲစေလိုကြောင်း ဖိတ်ခေါ်ထားပါတယ်။ အသေးစိတ် သိရှိလိုသူများအနေနဲ့ ဖုန်း – (၆၇၈) ၈၈၆- ၁၈၄၀ နဲ့ (၄၀၄) ၇၂၉-၆၉၉၂ ကို ဆက်သွယ်နိုင်ကြောင်း ကြားသိရပါတယ်။

 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ နယူးယောက် မြန်မာအသိုင်းအဝန်းရဲ့ ၂၀၁၅ ရိုးရာ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၂ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီအထိ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။
သုံးပါးကျောင်းလို့ ခေါ်တွင်တဲ့ ဝိသုဒ္ဓာရုံဓမ္မရံသီကျောင်း ဝေယျာဝစ္စအဖွဲ့က ကြီးမှူးစီစဉ်တာဖြစ်ပြီး မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို အစီအစဉ်အမျိုးမျိုးနဲ့ ကျင်းပမှာ ဖြစ်ပါတယ်။
နံနက် ၁၀ နာရီကနေ နေ့လယ် ၁း၃၀ နာရီအထိ မြန်မာတွေအကြိုက် စားသောက်ဖွယ်များ ရောင်းချမယ့် နိဗ္ဗာန်ဈေးပွဲတော်၊ နေ့လယ် ၁း၃၀ ကနေ ၂ နာရီအထိကတော့ ရိုးရာအစဉ်အလာ သက်ကြီးပူဇော်ပွဲနဲ့ နေ့လယ် ၂ နာရီကနေ ၄ နာရီအထိ ဖျော်ဖြေရေးအစီအစဉ်များပါဝင်မယ်လို့ သိရပါတယ်။
အသက် ၇၀ အထက် မြန်မာလူကြီးသူမ၊ မိဘဘိုးဘွားများကို ဂါရဝပြု ပူဇော်မှာဖြစ်တဲ့အတွက် အမည်စာရင်းကို ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး သုံးပါးကျောင်း ဆရာတော်ထံ စာရင်းပေးသွင်းကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
ကျင်းပမယ့်နေ့ရက်
နဲ့ အချိန် ကတော့ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့ ၊ နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီ ဖြစ်ပါတယ်။

ကျင်ပမယ့်နေရာကတော့ I.S. 5 – The Walter Crowley Intermediate School
50-40 Jacobus Street, Queens, Ny 11373 ဖြစ်ပါတယ်။
အသေးစိတ် သိရှိလိုသူများအနေနဲ့ Phone: 718-205-6788 ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။
ဆရာတော် 718-639-3834
ကိုမိုးချမ်း 646-643-8689
ကိုအေးခိုင် 347-280-4602
မေစန္ဒာစိုးညွန့် 646-400-8905
မအေးအေးမူ 917-254-6084
မသူဇာ 718-753-1654
မနီနီအေး 646-812-0407
မမျိုးမျိုး 718-578-1811 တို့ကိုလည်း ဆက်သွယ် စာရင်းပေးနိုင်ပါတယ်။

 

 

=================================

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

 

 

 

Untitled-1

 

 

 

 

 

 

 

 

 

====================

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 599 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013