…အသက် ၈၈ နှစ်အရွယ် တဏှာရူး အာဏာရူး အဖိုးကြီးတစ်ယောက်ကြောင့်….
…လောက်ကိုင်ဆိုတာ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
…အရုပ်ဆိုးဆိုး…စိတ်ဓာတ်ဆိုးဆိုး…လုပ်ရပ်ဆိုးဆိုး လူတစ်ယောက်ကြောင့်…
…ကျောက်ဆည်ဆိုတာလဲ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
…တိုင်းပြည်မျက်နှာ တစ်ခုပဲကြည့်တတ်တဲ့… အမှန်တရားကို ပိသလေးဘေးပစ်ပြောတတ်တဲ့… အသံဝါ၀ါ လူတစ်ယောက်ကြောင့်…
…နတ်မောက်ဆိုတာလဲ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
…ကြိုတင်စီမံထားတဲ့ အမည်မသိ လူအုပ်ကြီးဆိုတာနဲ့အတူ…
…မိတ္ထီလာ ဆိုတာလဲ…
…နာမည်ကြီးလာရပြန်ပါတယ်…
……
…ရည်ရွယ်ချက်ရှိရှိ မိုက်မိုက်မဲမဲ ပြု မူမှု နှင့်အတူ…
…ဒီပဲယင်း ဆိုတာ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
…မီးလောင်ဗုံး…၀မ်ပေါင်…ရဟန်းသံဃာ ဆိုတာနဲ့အတူ…
…လက်ပတောင်း ဆိုတာ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
…စိတ်ဓာတ်ခပ်ညံ့ညံ့လူတစ်ယောက် ကျွေးတဲ့ ဒံပေါက်တစ်ထုတ်နဲ့အတူ…
…တောင်သာ ဆိုတာလဲ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
…ကျောင်းသားတွေ လူမြင်ကွင်း ပက်ပက်စက်စက် အရိုက်ခံရမှုနဲ့အတူ…
…လက်ပံတန်းဆိုတာလဲ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
…ရွှေဝါရောင်တော်လှန်ရေးဆိုတာ နဲ့အတူ…
…ရန်ကုန်ဆိုတာလဲ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
….ဗေဒါပျံ အံကိုခဲ…ပန်းပန်လျှက်ပဲ ဆိုတဲ့..
….ပန်းအမြဲပန်တဲ့…အမျိုးသမီးတစ်ယောက်ကြောင့်…
….မြန်မာနိုင်ငံဆိုတာ…ကမ္ဘာ့ အလယ်မှာ…
…နာမည်ကြီးလာရပြန်ပါတယ်…
…..
….ဒီလို…ဒီလို ပါပဲဗျာ…
….နေရာဒေသ…သဘာဝတရားတွေကတော့…
….အရင်ကလဲ ဒီလိုပါပဲ…
….ခုလဲ ဒီလိုပါပဲ…
….နောင်လဲ ဒီလိုပဲနေမှာပါ…
….ဒါပေမယ့်…ဒီဒေသတွေက ထွက်ပေါ်လာခဲ့တဲ့ အမျိုးမျိုးသောစိတ်ဓာတ်ပိုင်ရှင် လူတွေကြောင့်…
….ကောင်းသောနာမည်ကြီးခြင်း…
….ဆိုးသော နာမည်ကြီးခြင်း…စသဖြင့်…ကွဲပြားသွားရတာပါ…
….
…အဲ့ဒါ….သမိုင်းပါပဲ…
….

johnnydeer

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...