အခုခေတ်လူငယ်တွေကအတိတ်နိမိတ်တွေသိပ်မယုံတော့ဖူး
ကြီးပြင်းတာကလည်းဒုံးပျံခေတ်
စီဒီ တီဗွီခေတ်
အန်ကယ်တို့ကြီးပြင်းလာတာကက်ဆက်ခေတ် ရေဒီယိုခေတ်
၁၀တန်းအောင်လို့ မန်းလေးအလုပ်လုပ်ဖို့ရောက်တော့ဈေးချိုမှာအလုပ်သင်ဝင်ရတယ်
အဲဒီအချိန်ဈေးချိုမှာအလုပ်သင်ဝင်ဖို့ကထမင်းကျွေးပညာသင်
ဘာပိုက်ဆံမှမရ အခုခေတ်လိုငွေဘယ်လောက်ရမှထားမှာဆိုဘယ်ဆိုင်မှမခေါ်တော့
အဓိကပြောချင်တာက
ဆိုင်ရှင်တွေအဓိကသင်တာကစကားအပြော
ဈေးရောင်းရင်းဘယ်လိုပြောဘယ်လိုရောင်း
ဈေးဝယ်မေးရင်မေးတဲ့ကုန်ကိုယ့်ဆီမရှိရင်တောင်မရှိဆိုတဲ့စကားမပြောရ
မထားဖူးကုန်နေတယ်ပြောရတယ်
အဓိကကမရှိဆိုတဲ့စကားနိမိတ်မကောင်းလို့တဲ့
အခုခေတ်ဆိုမဆီရယ်တဲ့အိုမဆိုင်လုပ်ကြမှာ
ဒါပေမဲ့နိမိတ်ဆိုတာမယုံလို့လဲမရ

ကြုံဖူးတယ်မန်းလေးမှာမီးသတ်ကားဥသြသံကိုသီချင်းရှေ့မှာတီးလုံးထည့်တဲ့သီချင်း
ခေတ်စားတဲ့အချိန် မသိရင်မီးသတ်ကားလာနေတာ
အဲဒီအချိန်မန်းလေးမှာမီးတွေမကြာခဏအကြီးအကျယ်လောင်တာ
တနိုင်ငံလုံးလည်းမီးမကြာခဏလောင်တယ်

နောက်အိုးလေးလှုပ်ပါဟေ့ဖြစ်လာရော
ဖွင့်လိုက်တဲ့သီချင်းဘယ်သွားသွားဒါပဲ
မကြာပါဖူးနာဂစ်ဖြစ်ပြီးမြန်မာနိုင်ငံရဲ့ဆန်အိုးကြီးသွက်သွက်ခါသွားတာ

အခုလည်းသီချင်းတပုဒ်ထွက်လာပြန်ရော
မင်းသီချင်းကလည်းကွာနိမိတ်မကောင်းဖူးလို့သားတော်မောင်ကိုပြောမဆုံးသေး
လောက်ကိုင်တိုက်ပွဲတဲ့
တနိုင်ငံလုံးလဲတလှုပ်လှုပ်
သီချင်းကရွာကိုသူပုန်ဝင်တာရေးထားတာ
ရွာကလူတွေဟိုပြေးဒီပြေး
ဟိုအော်ဒီအော်
သေနတ်သံတွေတညံညံ

About uncle gyi

uncle gyi has written 17 post in this Website..