ဟောဒီသင်္ကြန် ရောက်လာပြန်တော့

မေ့လျော့မရ ရင်မှမှန်းဆ

လွမ်းရဖြစ်အင် ဇာတ်လမ်းစဉ်

မှတ်တမ်းဝင်စွာ ရင်နာစေမဆုံး

အပြုံးကွယ်စေ့ သီဟပတေ့ရဲ့

ချစ်လှတဲ့စောလုံ ချစ်ဇောအဟုန်ကြောင့်

မောင့်နှမငယ်စောလုံရယ်

များလှမိဖုရား အဲဒီကြားမှ

ဘုရင့်နှလုံးသား ဆွဲထားကိုင်လှုပ်

နှုတ်မှမချတမ်း အချစ်စမ်းမိ

လောင်းသည့်သင်္ကြန်ရေ ရွှဲပါစေ

သို့လေသော်လည်း အရှက်တော်ကွဲရ

နာကျည်းလှသမို့  ဆက်ဖို့ပြင်ဆဲ

စားတော်ပွဲမှာ မကြံသာအဆိပ်

တိတ်တိတ်ထည့်မိ ပေါ်လေသည့်အခါ

ဘုရင့်အာဏာ စူးလှစွာပို

မီးဖိုထက်တွင် တံလျိုကျင်သတ်

တစ်ခွင်ရပ်ရွာ အံ့ပါလေမဆုံး

ဖြစ်လေတုန်းမှာ မဟာဘုရင်

သိတရားဝင်သည် မှားပြီဆိုလည်း

ရင်သာကွဲ၍  မမေ့တစ်သက်တာ

ဆိုပါသော်လည်း လွန်ကဲအမျက်

ထိုတစ်ချက်ကြုံ မောင့်စောလုံရယ်

ပြန်ဆုံဖို့တွေး သင်္ကြန်ရေလေးနဲ့

ကျီစားခဲ့ကြောင်း ပြန်ပြောင်းဗြောင်းဆန်

တောင်းပန်လိုလည်း နှောင်းပြီပဲမို့

ဆို့နင့်ရင်မှာ တမ်းတမကုန်

အိုဘယ့်စောလုံ မောင့်စောလုံ ။

4

 

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..