မျက်​ရည်

ပူ​ဆွေးရတက်​ကယ်​မ​အေး လွမ်းမျက်​ရည်​စီးကာကျ
အ​ဝေး​ရောက်​သားမို့ ​မျှော်​ကာမှန်းတမ်းတဆဲပါ​မေ​မေ
တစ်​ရိပ်​ရိပ်​နဲ့ မိုးသားတို့ ထက်​​ကောင်​ကင်​ပျံကာဝဲ​ပေမယ့်
မေ့သားက​တော့ ပူ​ဆွေးကာလွမ်းရစဲပါ​မေ​မေ

မေ​မေသိ​နေမလား မျက်​ရည်​များခိုတွဲလို့
သားအရမ်းအထီးကျန်​​နေတယ်​​မေ​မေ

ရပ်​​ဝေးကသား​လေ အလွမ်းအ​ဆွေးဆိုတာ
ဆေးခါးတစ်​ခွက်​ပါ​ လစ်​ဟာ​နေတဲ့​မေတ္တာများက
မေ​မေဖြန်းမှ လန်းမည့်​ပန်းပါ

ငြိုးကာနွမ်း​ရော့ လွမ်း​လျှော့မ​ပြေ
ကျမျက်​ရည်​သည်​ ​​ဆွေးလည်းမ​ပြေ
အ​ဝေးရပ်​​နေ သားတစ်​​ယောက်​မို့
မေ​မေ့​မေတ္တာ ​ထွေးကာ​ပွေ့ရင်း
သားအ​ပြေးလာ​တော့မယ်​​လေ
ေ​မ​မေသိပါ​စေ

ကာရံ ၄့ ၎့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..