အလွဲတစ်​ခု​တော့ ပြီးခဲ့ပြန်​ပြီ

အလွဲအမှားတို့ ​ပေါင်းစည်းပြီး ရလာဒ်​က မြန်​မာလူမျိုးလို့​တောင်​​ပြောလိုက်​ချင်​​သေးရဲ့ ။ ကိုယ်​ပိုင်​ဆိုလို့ မာမာထန်​ထန်​ လက်​ညိုးထိုးပြစရာ တစ်​ခုမှမရှိပါဘဲ အငှားပစ္စည်းများနဲ့ အကြွားထူတာလဲ မြန်​မာ​တွေပါပဲ ။ အလွဲ​တွေထဲမှာ အလွဲအကြီးဆုံးက​တော့ သင်္ကြန်​ ဆိုတာပါပဲ ။ နှစ်​​ပေါင်းတစ်​​သောင်း​လောက်​ရှိတဲ့ ဗြဟ္မဏ ပြက္ခဒိန်​ကို သက္ကရာဇ်​​တွေဖြို ခပ်​တည်​တည်​ယူသုံး ။ ပြက္ခဒိန်​နဲ့ အတူပါလာတဲ့ ဗြဟ္မဏ အယူအဆနဲ့ နှစ်​သစ်​ကူး ပွဲ​တော်​ကို မြန်​မာမှုပြုပြီး ကိုယ်​ပိုင်​ ယဉ်​​ကျေးမှု လုပ်​ခဲ့တာ နှစ်​​ပေါင်း တစ်​​ထောင်​​ကျော်​ခဲ့ပါပြီ ။ ပ​ဒေသရာဇ်​ ​ခေတ်​​ အဆက်​ဆက်​မှာ သင်္ကြန်​ဟာ မင်းပွဲစိုးပွဲသက်​သက်​ပဲလား ။ ပြည်​သူ​တွေနဲ့​ကောသက်​ဆိုင်​ရဲ့လားမသိ ။ ကုန်း​ဘောင်​​ခေတ်​မှာသာ စာဆိုတို့ သင်္ကြန်​ကိုဖွဲ့တာဖတ်​ဖူးရ ။ ကျန်​တဲ့​ခေတ်​​တွေမှာ​တော့ သင်္ကြန်​မှာ ပြည်​သူတို့ ပါဝင်​ဆင်​နွဲပုံကို ရာဇ၀င်​မှာရှာမရ ။ ခိုင်​လုံတဲ့ အ​ထောက်​အထားမ​တွေ့ ။ ​မှေးမှိန်​လှ​ချေ၏ ။ ရာဇ၀င်​ သင်္ကြန်​ဇတ်​လမ်း ​ပြောပြပါဆိုလျှင်​​တောင်​ နရသီဟပ​တေ့မင်းနဲ့ ​စောလုံမိဖုရားတို့ဇာတ်​လမ်းကလွဲပြီး ​ပြောပြစရာမရှိ​အောင်​ ဆင်းရဲ​လေ​တော့ ။ ပ​ဒေသရာဇ်​ မင်းအဆက်​ဆက်​က​ကော သင်္ကြန်​ ဆိုတဲ့နှစ်​သစ်​ကူးပွဲ ဆင်​ယင်​ခဲ့​လေသလား ။ မ​သေချာပြန်​။

ကိုလိုနီ ​ခေတ်​မှာ အဓိပ္ပာယ်​တစ်​မျိုးနဲ့ သင်္ကြန်​ကိုအသက်​သွင်းခဲ့တာက​တော့ ဖတ်​ဖူးတဲ့ စာ​ပေ​တွေမှာအထင်​အရှား ။ ဘယ်​လိုအဓိပ္ပာယ်​နဲ့ ဆင်​ယင်​တာလဲ ။ ရှင်းရှင်း​လေးပါပဲ ။ အင်္ဂလိပ်​လက်​​အောက်​ ငြိမ်​၀ပ်​ပိပြား​အောင်​ အအုပ်​အချုပ်​ခံ​နေရချိန်​မှာ နှစ်​သစ်​ကူးပွဲ လုပ်​လိုက်​​တော့ ။ လူမျိုးတစ်​ခုရဲ့ ရိုးရာဓ​လေ့ မတားသာဘူး ။ ဒီအချိန်​မှာ လူထုကို စည်းရုံးဖို့ အခွင့်​အ​ရေးရတာ​ပေါ့​လေ ။ သင်္ကြန်​ သံချပ်​တို့ သင်္ကြန်​သီချင်းတို့က​နေ ၀ံသာနုစိတ်​ဓာတ်​ ပြန်​လည်​​ဖော်​ထုတ်​ဖို့ သင်္ကြန်​ကို လက်​နက်​တစ်​ခုအဖြစ်​အသုံးချလာခဲ့ကြတယ်​ ။ လွတ်​လပ်​​ရေး ဒီဘက်​​ခေတ်​မှာ​တော့ သင်္ကြန်​က အစဉ်​အလာ ကြီးမား​နေပြီ ။ ကိုယ်​ပိုင်​မဟုတ်​ဘူးဆိုလည်း လုပ်​မှာပဲ ။ သင်္ကြန်​အစဉ်​အလာတစ်​ချို့ မြန်​မာမှုလည်းပြုပြီးသားဆို​တော့ ။ ကိုယ့်​လက်​ထဲ​ရောက်​​နေတာ ကိုယ့်​ဟာလို့ပဲ သ​ဘောပိုက်​လိုက်​ကြသလား​တော့မသိ ။ နားလည်​သူတို့ကလည်း အများနဲ့တစ်​​ယောက်​ တုံဏိဘာ​ဝေ ​နေ​ပေး​လေကြ​လေ​တော့ ။ ခုလက်​ရှိအချိန်​မှာ ” မြန်​မာ့ရိုးရာ မဟာသကြန်​ ” ဆိုတဲ့အထိ ဆိုင်းဘုတ်​တင်​ရဲလာပြီ ။

တစ်​ရက်​က သူငယ်​ချင်းတစ်​​ယောက်​နဲ့ စကားစပ်​မိ​တော့
” ဟ ငါတို့မြန်​မာပြည်​မှာတင်​မဟုတ်​ဘူး။ ဗုဒ္ဓ မ​ပေါ်ခင်​ နှစ်​​ပေါင်းနှစ်​​ထောင်​​လောက်​ကတည်းက အင်​ဒိုချိုင်းနား ကျွန်းဆွယ်​ တစ်​ခုလုံးမှာ ဗြဟ္မဏ ဝါဒ ထွန်းကားခဲ့တာ ။ အဲ့ဒိ​တော့ သင်္ကြန်​ဆိုတဲ့ နှစ်​သစ်​ကူးပွဲက နိုင်​ငံ​တော်​​တော်​များများမှာရှိခဲ့တာ ။ အဲ့ဒိ​တော့ ဗြဟ္မဏ က​ရှေ့က ​နောက်​မှ ဗုဒ္ဓ ဝါဒ ၀င်​လာတာ ။ အိမ်​ရှင်​အ​ဟောင်းရဲ့ အ​တွေးအ​ခေါ် အယူအဆ ​တွေကအ​ခြေခံ အဖြစ်​ကျန်​​နေခဲ့မှာပဲ ။ အဲ့ဒါ​တွေ လိုက်​ပြင်​​နေလို့​တော့ရမှာမဟုတ်​ဘူး ”

“အဲ့ဒိ​တော့ လမ်းလွဲကြီးအတိုင်း ဆက်​​လျှောက်​​နေရမှာ​ပေါ့ ”

“မင်းဖာသာ မ​လျှောက်​ချင်​​နေခဲ့​ပေါ့ ။ သီချင်းစဆိုကတည်းက နရီက လွဲလာခဲ့တာ သီချင်းအလယ်​ကျမှ ပြင်​လို့ရမလားဟ ။ ပြီး​တော့ ဆို​နေတဲ့ သီချင်းက အများနဲ့ဆို​နေတဲ့ သံပြိုင်​သီချင်း ။ လွဲ​နေမှန်းသိရင်​ မင်းလိုက်​မဆိုနဲ့ လွဲ​နေမှန်းမသိတဲ့​ကောင်​​တွေ ဆက်​ဆိုပ​လေ့​စေ​ပေါ့

စစ်​ကူ​တောင်းလိုက်​ကာမှ အရှုံး​ပေါ်​တော့တာပါပဲ ။ ​နေ၀န်းနီ ဒီသီချင်း မဆိုဖြစ်​တာ နှစ်​နှစ်​ဆယ်​​ကျော်​​ရော​ပေါ့ ။ လွန်​ခဲ့တဲ့ နှစ်​နှစ်​ဆယ်​ သုံးဆယ်​တစ်​၀ိုက်​က မြန်​မာ​တွေ နှစ်​ကူးတာက ညင်​သာတာက တစ်​​ကြောင်း ​နေ၀န်းနီကလည်း ​ထေရဝါဒ ပီပီပြင်​ပြင်​မဖြစ်​​သေးတာကတစ်​​ကြောင်းဆို​တော့ ။ရေစီး​ကြောင်းအလွဲထဲ အသက်​အစိတ်​​လောက်​ ​မျောခဲ့ဖူးပါရဲ့ ။ ဒီဘက်​နှစ်​ပိုင်းမှာ​တော့ တစ်​နှစ်​ပြီးတစ်​နှစ်​ ” အင်း အလွဲတစ်​ခါ ပြီးပြန်​​ပေါ့ ” လို့​ရေရွတ်​ရင်းနဲ့ …………. :)

နေ၀န်းနီ
10:24 PM
2015 Apr 16

naywoon ni

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010