ကျွန်တော်သူငယ်တန်းက၄တန်းအထိမူလတန်းကျောင်းတခုမှာ
၎တန်းအောင်တော့အထက်တန်းကျောင်းကိုပြောင်းရပါတယ်
အဲဒီကျောင်းမှာအတွေ့အကြုံလေးတခုပြောချင်ပါတယ်
အမှိုက်ပစ်တာကအစကျောင်းသားကြီးတွေကကျောင်းသားငယ်တွေကိုထိမ်းပါတယ်
တံတွေးရမ်းမထွေးရပါဖူး
ကျောင်းသားငယ်တွေကလည်းကျောင်းသားကြီးတွေကိုလေးစားရပါတယ်
၇တန်းတုန်းကအတန်းတူစီနီယာသူငယ်ချင်းတယောက်ရှိပါတယ်
စာမေးပွဲဖြေရင်စာရွက်တွေထထတောင်းပြီးဖြေတာအတော်အားကျမိပါတယ်
ကိုယ်ကသူ့လိုစာရွက်ထထမတောင်းနိုင်ဖူးလေ
စာမေးပွဲအောင်စာရင်းထွက်တော့သူကျပါတယ်
ကိုယ်တွေကအောင်ခဲ့ပါတယ်
အခုပြန်တွေးမိတာသူကလိုရင်းရောက်အောင်တနည်း

မေးခွန်းဆိုလိုရင်းကိုမိအောင်မဖြေနိုင်တာ
ဒါကြောင့်စာရွက်တွေတထပ်ကြီးရေးဖြေပြီးမအောင်ခဲ့တာ

အခုမေလ၃ရက်နေ့က တကဘာလုံးကစောင့်စားကြည့်ခဲ့တဲ့လက်ဝှေ့ပွဲတိုက်ရိုက်ပြတုန်း
မကြည့်လိုက်ရပါဖူး ဖဘ မှာတက်လာကြတဲ့စာတွေကြည့်ပြီးပက် နိုင်သင့်တယ်ပြောသူနဲ့
မေ၀ယ်သာကိုအပြေးချံပီယံဆိုပြီးချီးကျူးသူနဲ့ဒိုင်တွေဘက်လိုက်တယ်ဆဲသူနဲ့
ပွထနေမှလက်ဝှေ့ပွဲကြီးပြီးသွားတယ်ဆိုတာသိလိုက်ရပါတယ်
ဒါနဲ့ပြန်ပြတဲ့ပွဲကိုစောင့်ကြည့်မိပါတယ်
တကယ်ဆိုနာမည်ကြီးသလောက်ပွဲကကြည့်မကောင်းခဲ့ပါဖူး
ပက် ကလိုက်ထိုးသလောက် မေ၀ယ်သာကပတ်ပြေးနေတာလည်းအမှန်ပါ
ဒါပေမဲ့ပက် ကမေ၀ယ်သာကိုချောင်ပိတ်ပြီးစိတ်ကြိုက်ကိုထိုးတာ
၁စက်ကန့်ကိုလက်သီး၂လုံးလောက်ဝင်အောင်ထိုးသွားတာ
မေ၀ယ်သာကလက်၂ဖက်နဲ့ပိတ်ကာသွားတာစံနစ်တကျနဲ့ထိချက်တွေမကောင်းတာအမှန်
်မေ၀ယ်သာကတချက်တချက်ထောက်လက်သီး ဖြတ်လက်သီးတွေသွင်းလိုက်တော့
ပက် မခုခံနိုင်တာလည်းအမှန်
တကယ်တော့လဲအောင်မထိုးနိုင်ရင်အမှတ်နဲ့အနိုင်ပေးတာ
မြန်မာလက်ဝှေ့လိုပူးတွဲသရေမရှိတဲ့အနောက်တိုင်လက်ဝှေ့မှာ
အမှတ်မယူနိုင်တာ အာရှကြိုက်စိတ်ကြိုက်ထိုးနိုင်ပေမဲ့
စည်းကမ်းအရအမှတ်မရခဲ့တော့ပက် ရှုံးခဲ့ရတာ
ကိုယ့်အာရှသားကိုအနိုင်ပေးချင်ပေမဲ့
ထိုးနိုင်တိုင်းအနိုင်မဟုတ်ပဲအရှုံးလည်းဖြစ်တယ်ဆိုတာ
လက်မခံချင်ပေမဲ့လက်ခံလိုက်ရပါတယ်
အနိုင်အရှုံးဆိုတာ

ကိုယ်နိုင်မယ်ထင်ပေမဲ့ရှုံးတတ်သလို

ကိုယ်ရှုံးမယ်ထင်ပေမဲ့နိုင်တတ်တာကြောင့်
သတ်မှတ်ချက်တခုမျှသာလို့ဆိုချင်ပါတယ်

About uncle gyi

uncle gyi has written 17 post in this Website..