“ဘယ် ဘက်မှာ နေမလဲ”

ခေတ်တစ်ခေတ်ရဲ့
အပြောင်းအလဲမှာ
ကာလပေါ်စကားလုံးများ
ဘဝများစွာနဲရင်းနှီး
လူထုအတွင်း
စီးဆင်းရောက်ရှိ
ထိရှတဲ့ဗန်းစကား
ကျနော် တို့အားလုံး
အလိုလိုသုံးမိကြသပေါ့။
စွန့်လွှတ်ခြင်းနဲ့ဒီမိုကရေစီ
ခရိုနီနဲ့ဇီးသီးဗန်း
ပုံပြောင်းအစိုးရ-နဲ့ပြည်သူ့ခေါင်းဆောင်
ဖုံးကွယ်ခြင်းနဲ့ပွင့်လင်းမြင်သာ
စစ်သွေးကြွနဲ့အမျိုးသားနိုင်ငံရေး
စစ်လော်ဘီနဲ့ဝန်းရံပြည်သူ
ဖွင့်ဆိုချက်မတူ
တန်ဘိုးမတူ
ရည်ရွယ်ချက်မတူ
လားရာမတူ
မတူခြားနား
စကားလုံးများစွာ
ဘယ်ဘက်မှာနေမလဲ
ခပ်ရဲရဲ
ဆုံးဖြတ်ဘို့ဘဲ လိုတယ်နော်။

ကိုပေါက်လက်ဆောင်အတွေးစဉ်
၇ -၅-၂၀၁၅

 

ကိုပေါက်(မန္တလေး)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1570 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။