.ကျေးငှက်ကလေးများရဲ့ ကျီကျီကျာကျာ အော်မြည်သံအောက်မှာ မင်္ဂလာရှိသော နေ့သစ်တစ်ရက်ကို အိပ်ရေးမ၀စွာ နိုးထလာခဲ့ရပြန်ပါပြီ။ .ဒါကြောင့် ဒီတစ်ပါတ်ပိတ်ရက်ကိုတော့ အိမ်မှာ ကောင်းကောင်း အနားယူအိပ်စက်ဖို့ စိတ်ကူးထားသည်။ သို့သော် တထစ်ချ .ကား ပြော၍မရသေးပါ။ တစ်ပါတ်ခုနစ်ရက်၊ တစ်ရက်နှစ်ဆယ့်လေးနာရီဆိုတာ အလင်းချိုအတွက်တော့ သိပ်မလောက်ချင်။ .အလုပ်ကတစ်ပါတ်ကို ခြောက်ရက်ဆင်းရပြီး ကျန်တစ်ရက်မှာ တစ်ပါတ်စာအိမ်အလုပ်တွေနှင့် ပရဟိတအလုပ်တွေကို .အပြေးအလွှားလုပ်ရသည်။ အလုပ်ပိတ်ရက်ကို အိမ်မကပ်ရသည်မှာ ဘယ် နှစ်ပါတ်မှန်းပင် မမှတ်မိတော့။ စိတ်ကူးလေးမှ  .မဆုံးချင်သေး မေမေက ဒီတစ်ပါတ်ကို နိုင်ငံခြားမှ အလည်လာသော မေမေ့တူလေးကို ထမင်းဖိတ်ကျွေးရင်း သားသမီးတွေ .အားလုံးနဲ့ပါဆုံရအောင် စီစဉ်ထားကြောင်း ပြောလာသောကြောင့် လေထဲဆောက်ထားသော တိုက်အိမ်လေးမှာ လေထဲတွင် .ပင် ပျောက်ကွယ်သွားရရှာလေပြီ။

.အလင်းချိုတို့ မိသားစုမှာ မောင်နှမငါးယောက်ရှိပြီး အလင်းချိုကအငယ်ဆုံးဖြစ်သည်။ အကြီး လေးယောက်မှာ အိမ်ထောင်သည် .များဖြစ်ကြသည်။ ထို့ကြောင့် အလင်းချိုတွင် တူ၊တူမများ များစွာရှိ သည်။ ထိုကလေးလေးများမှာ မျောက်နှင့်မှားလောက်အောင်ပင် .အလွန်အဆော့သန်ကြ၏။ ယောက်မ နှင့်မှားလောက်အောင်ပင် အလွန်အမွှေတော်ကြ၏။ မြန်မာပြည်မှမက်ကဲနစ်များလိုပင် အလွန် .အဖျက်ဆီးတော်ကြ၏။ အပြင်သွားနေတုန်း အဲဒီကောင်လေးတွေလာသွားလျှင် အိမ်ထဲဝင်လိုက် သည်နှင့် မပြောဘဲသိနိုင်၏။

.မောပန်းနွမ်းနယ်ကာ ခြေကုန်လက်ပန်းကျစွာဖြင့် တံခါးလာဖွင့်ပေးသော အမေ့မျက်နှာ၊ အလှ ကျောက်ပြားများပေါ်ပေကျံနေသော .အကွက်များနှင့် ခြေရာသေးသေးလေးများ၊ အလင်းချိုရဲ့ သူပုန် ၀င်မွှေသွားသလားထင်ရလောက်အောင် မွစာကြဲရှုပ်ပွနေသော .အခန်းလေးစသည်တို့သည် ဒင်း ကလေးတို့ နယ်မြေကျူးကျော်ဝင်ရောက်လာသော အမှတ်အသားသက်သေများပင် ဖြစ်ကြသည်။ .ယခုလည်း ပိတ်ရက်တွင်တ၀ကြီးအိပ်လိုက်မည်ဟု လေထဲတိုက်အိမ်ဆောက်ထားသမျှ ဒင်းလေးတွေ လာမည်ဆိုသော .အသံကြားသည်နှင့် အနုမြူဗုံးကြဲလိုက်သလိုတစ်စစီ လွင့်ပြေးကုန်ရသည်။ ဤမျှ လောက်ထိ စွမ်းကြပါပေ၏။

.သို့သော် ထိုတူ၊ တူမတော်များသည် အကြီးဆုံး ၁၉-နှစ်မှ အငယ်ဆုံး ၃-နှစ်လေးအထိ ဤ အဒေါ်၏လက်မှ တစ်ယောက်မျှမလွတ်ခဲ့ချေ။ .အလင်းချိုက အငယ်ဆုံးလည်းဖြစ်ပြန် အထက်က အစ်ကို၊ အစ်မများနှင့် အသက်ကလည်းကွာပြန်တာကြောင့် အလင်းချို .၇-တန်းနှစ်လောက်မှာပင် အကြီးဆုံးအစ်ကိုက ပထမကလေးရနေပြီဖြစ်သည်။ ထိုတူမဦးလေးမှစ၍ အလင်းချို၏ မရှိမဲ့ရှိမဲ့ ပိုင်ဆိုင်ခွင့် .(မုန့်၊ကစားစရာ၊အကျီင်္စသော အသုံးအဆောင်ပစ္စည်းများ)နှင့် ရပိုင်ခွင့်များ (အငယ်ဆုံး ဆိုသော ဆိုးနွဲ့ပိုင်ခွင့်များ)ကိုဝေမျှပြီး ကလေးက .ကလေးပြန်ထိန်းရင်းတစ်မျိုး၊ ကလေးများနှင့် ကလေး လိုဆော့ရင်းတစ်ဖုံ ထိန်းကျောင်းလာရခြင်းဖြစ်သည်။

.ကလေးများနှင့် ကလေးမိဘများသာ ပြောင်းလဲသွားသည်၊ ဒီအဒေါ်ကတော့ ပြောင်းလဲမသွား။ အသစ်အသစ်သော .တူ၊တူမလေးတွေရတိုင်း အသစ်အသစ်သော အချစ်လေးများဖြင့် ချစ်ဆဲသာ ဖြစ်သည်။ အခြားချစ်စရာကလည်းမရှိလေတော့ .ဒင်းလေးတို့ကိုပဲ အချစ်ပိုရသည်ပေါ့။ ဒင်းလေးတို့ ကလည်း လည်သည်။ အိမ်ရောက်ပြီဆိုတာနှင့် သူတို့၏အဖေ၊ အမေများကို .လှည့်မကြည့်ကြတော့၊ ငယ်ငယ်၊ ငယ်ငယ်နှင့် အလင်းချိုနားသာကပ်ကြသည်။ ကပ်မှာပေါ့ – သူတို့ကို စိတ်ရှည်တာကလည်း .အလင်းချိုပဲရှိတာကိုး။ သြော် သူတို့မိဘတွေကတော့ သားရေး၊ သမီးရေး၊ အိမ်ထောင်ရေးကိစ္စတွေ နဲ့ဆိုတော့ လူလွတ်ဖြစ်တဲ့ .အလင်းချိုလောက် ဘယ်စိတ်ရှည်ပါ့မလဲနော်၊ ဒီလိုပဲဖြေပါတယ်။ ကစား ချင်တယ်ဆိုလည်း (မကြီးမငယ်နဲ့) အတူကစားပေး၊ သူတို့ .စစ်စစ်ပေါက်ပေါက် မေးသမျှကိုလည်း စိတ်ရှည်ရှည်နှင့် ရှင်းပြပေး၊ ထမင်းမစားရင်လည်း .လက်မှာထမင်းများ ခြောက်ကပ်နေအောင် ချော့ကျွေးပေး၊ ချီသိပ်မှအိပ်မယ်ဆိုလည်း ဒီအဒေါ်အပျိုလေးပိန်သေးသေးကပဲ ဒင်းတို့ရဲ့ .၀၀ကစ်ကစ် ခန္ဓာကိုယ်ကြီးတွေကို လက်တွေထုံကျင်နေအောင် ချီသိပ်ပေးတာမဟုတ်လား။ ဒင်းတို့သောင်းကျန်း သမျှ သည်းခံပြီး ဆူခဲ၊ .ရိုက်ခဲတော့ ဒီအဒေါ်ကိုပဲ ကပ်ကြတာတော့ မဆန်းချေ။ ကလေးဆိုတာက လက်သာရာနေမည်ပေါ့။ ခက်သည်က အလင်းချို…

.အရွယ်ကလေးရောက်လာလျှင် ကလေးတွေက ဆယ်ကျော်သက်တို့ရဲ့ သဘာဝအတိုင်း စိတ် ကစား၍ ရည်းစားထားချင်လာ၊ မိဘများနှင့် .ဂျစ်ကန်ကန် ဖြစ်လာတတ်ကြတော့သည်။ ဤသည်ကို မိဘများကရော အဖိုးအဖွားများကပါ ဒင်းလေးတို့ကို .နားဝင်အောင် ချော့မော့ပြောပေးဖို့ တာဝန်ကို အလင်းချိုအား တညီတညွတ်တည်း ပေးအပ်လာကြသည်။ အဲဒီမှာ စတွေ့တာပါပဲ။

.စဉ်းစားကြည့်ကြပါ။ ကိုယ့်တူလေး၊ တူမလေးတွေမို့ ချစ်မိတာအပြစ်လား၊ သူတို့မိဘတွေ စိတ်မရှည်လို့ ကိုယ်က စိတ်ရှည်လက်ရှည်နဲ့ .သူတို့သိချင်တာလေးတွေ ရှင်းပြပေးတာ အပြစ်လား၊ ကလေးတွေ ချစ်အောင်နေမိတာ အပြစ်လားလို့။ အလင်းချိုလေးခမျာမှာ .ကိုယ့်တူလေး၊ တူမလေးတွေမို့ ချစ်လွန်းလို့ အနစ်နာခံ၊ သည်းညည်းခံပြီး ကိုယ့်ရဲ့ ငယ်ရွယ်တဲ့အသက်အရွယ်၊ ရည်းစားထားဖို့ .အခွင့်အရေးတွေကို လက်လွတ်အဆုံးရှုံးခံပြီး အပျိုကြီးအဖြစ်ခံကာ ဒင်းလေးတွေကို ထိန်းကျောင်းပြုစုလာတဲ့ ဟာကို .ဒီလိုစကားမျိုး ပြောစရာလားလို့။

.ဒါကို မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်ပြီး ကိုယ့်ကလေးကိုယ်မနိုင်တာနဲ့ ဘာအတွေ့အကြုံမှ မရှိတဲ့ ဒီအဒေါ်အပျိုကြီးကိုမှ .လာဆုံးမခိုင်းရတယ်လို့ ဒါသက်သက် အပျိုကြီးကို သိက္ခာချတာ၊ နှိမ်တာမဟုတ်လို့ ဘာလဲ။ နောက်ပြီး ဆုံးမခိုင်းတဲ့ .အကြောင်းအရာကိုလည်း ကြည့်ဦး၊ ကလေးတွေ စိတ်မကစားအောင်၊ ရည်းစားမထားအောင်တဲ့။ အခုဘ၀မှာတောင် .အပျိုကြီးဖြစ်နေတဲ့ဟာကို လုပ်ပုံ ကကြည့်ကြဦး။ ဒါတောင် ကလေးတွေက သူ့စကားဆို နားထောင်တတ်လို့ ဆုံးမခိုင်းတာ စိတ်ဆိုး .စရာလားတဲ့- အလင်းချိုဘက်က မစဉ်းစားပေးပုံများ ပြောပါတယ်။ မသိရင်တမင်များ လာစနေသလား ထင်ရတယ်။ အဲဒါကို အလင်းချိုက .စိတ်မဆိုးသင့်ဘူးလားလို့၊ စိတ်ဆိုးမိတာ အလင်းချိုအလွန် လားဆိုတာ လေးစားရသော ရွာသူ ရွာသားများကတွေပဲ .စဉ်းစားကြည့်ကြပါတော့နော်။

 

About Alincho

Alin cho has written 5 post in this Website..

အချို တကာ့အချို တွေထဲမှာ ဘေးဥပါဒ်မဖြစ်တဲ့ အချို ဆိုတာ အသိဥာဏ်ပညာဆိုတဲ့ အလင်းချို ချို လေးတွေပဲ ရှိတယ်...(အ လင်း ချို )