အမှန်တော့ ဒီ စာ တွေကို မှတ်ချက် လိုမျိုး ပေးချင်မဲ့ ဒါ့ပုံလေး တစ်ပုံလဲ ပြချင်လို့ ပို့စ် ရေးပြီး ဘဲ တင်လိုက်ပါတယ်။

P10

Arakan Army Commander-in-Chief Brig-Gen. Tun Myat Naing attends an ethnic armed groups’ conference in Wa region’s Panghsan town on Monday. (Photo: JPaing /The Irrawaddy)

ဒီပုံ ကို ကြည့်ကြည့် ကြပါ။
ဒီ အရီး တော့ ဖွန်ကြောင်နေပြီ ပြောလဲ ပြောပေရော့။ :wink:
ဟုတ်ပါတယ်။
တကယ် သဘောကျလိုက်လို့ တင်တာပါ။
စိတ်ထဲ အတော်လေး ကြည့် ကောင်း တယ် လို့ ထင်မိတယ်။

လူတွေ က အဲလို ယူနီဖောင်း ဝတ်ထားချိန် ပရော်ဖက်ရှင်နယ် ဆန်ပြီး ပိုပြီးလဲ တင့်တယ် သွားသလားဘဲ။
အထူးသဖြင့် စစ်သားတို့၊ လေယာဉ်မှူး တို့ ပေါ့။
ယူနီဖောင်း က နေ သူ့ရဲ့ ပရို အလုပ် ကို ဖော်ပြပြီး အထင်ကြီး အားကျ စေတယ်။

အခု ပုံကလဲ ရခိုင်သူပုန် လို့ အမည်တပ် နိုင်ပေမဲ့ သူ နဲ့ အဲဒီ စစ်ယူနီဖောင်း က မင်းသားတောင် လုပ်လို့ ရအောင် ဆွဲဆောင်မှု ရှိနေပါတယ်။
အဲဒါကို သူ့ကို သူ မင်းသား လိုလို မော်ဒယ်လိုလို မျက်နှာပေး နဲ့ ပို့စ် တွေပေးပြီး ဆဲလ်ဖီ ကြည့်ပါလား။
ဘယ်လို ဖြစ်သွားမယ်ထင်လဲ။
သူ့ရဲ့ တိုက်ရည် ခိုက်ရည် အစွမ်းရှိတဲ့ ပရို တစ်ယောက် ရဲ့  image ပျက်သွားမှာ လေ။
သူက မင်းသား မှ မဟုတ်တာ။ စစ်မြေပြင်မှာ တိုက်နေတဲ့ စစ်သားဘဲ။
သူ့ ဒီ ယူနီဖောင်း ဝတ်ချိန်မှာ စစ်သား ဟန် နဲ့ မာန်ပါ နေတဲ့ ပုံရိပ်သာ ဖြစ်သင့်တာပေါ့။

ဒီ အရီး တော့ ဘာတွေ လျှောက်ပြောနေတယ် မသိလို့ မျက်စိလည် သွားပြီလား။
ဒါ့ပုံ ပြပြီး မဆိုင်တဲ့ စကား တွေ ရှုပ်ထားမိလို့ ခွင့်လွှတ်ပါ Gen. ထွန်းမြတ်နိုင်။

တကယ် ပြောချင်တာ က သူ့ ပုံ ကို မဟုတ်ပါဘူး။
ဒီရက်ထဲ ဖဘ စာမျက်နှာပေါ် မှာ အတော် ပွ နေအောင် မျှထား တဲ့ မိန်းကလေး လေယာဉ်မှူး တစ်ယောက် ပုံ ကို ပြောချင်တာပါ။
အသက်ငယ်ငယ် ရုပ်ချောချော နုနု လေး တွေ က ဒီ လို လူတိုင်း မလုပ်ရဲ တဲ့ အလုပ်မျိုး တွေ မှာ အားမာန် အပြည့် နဲ့ လုပ်ပြလာတာ အတော်လေး ဂုဏ်ယူမိပါတယ်။
မိန်းကလေးတစ်ယောက် က ယောကျာင်္းတွေ နဲ့ ရင်ဘောင်တန်းပြီး လေယာဉ်မောင်း လာနိုင်ကြတာ ကို အားလဲကျမိပါတယ်။
အဖြူရောင် ယူနီဖောင်းလေး ဝတ်ထားတဲ့ ပရို မိန်းကလေး ဟာ ကြွကြွရွရွ မဟုတ်ဘဲ ကျားကျားယားယား မာမာထန်ထန် မျက်နှာပေး နဲ့ ဟန် ဖြစ်သင့်တယ်။ အဲဒီလိုမျိုး ဖြစ်လဲဖြစ်ရမယ်။
ဒါမှ သူမောင်းတာကို စီး ရမဲ့ ခရီးသည်များရဲ့ စိတ်ထဲ လုံခြုံမှု ရှိပေတော့ မပေါ့။
ဒီလို မဟုတ်ဘဲ  လေယာဉ်ခေါင်းခန်းထဲ ထိုင် မော်ဒယ် တစ်ယောက်လို မျက်နာပေးနဲ့ ဆက်စီဖြစ်အောင် နှုတ်ခမ်းထော်ပြီး လေယာဉ် သွားနေချိန် တိမ်တွေ နဲ့ ဆဲလ်ဖီ ရိုက်နေတာ တွေ့လိုက်ရင်တော့
ဒါ ပရို တစ်ယောက် အနေနဲ့ အလုပ်လုပ် နေတာ မဟုတ်တော့ ဘူး။
ဒီလို အီရုပ် နဲ့ မိန်းကလေး ကို လဲ လေယာဉ်မောင်း သူ တစ်ယောက်လို အထင်ကြီး လို့ မရနိုင်ဘူး။ သူမောင်းမဲ့ လေယာဉ်ကိုလဲ မစီးရဲဘူး။
မော်ဒယ် လို ရိုက်ချင်ရင် အလုပ်ချိန် ပြင်ပ မှာ ရိုက်နိုင်ပါတယ်။
ပရို အလုပ်လုပ်ချင်ရင် အလုပ်ချိန်မှာ အလုပ်ထဲမှာ ပရို လို နေမှ တင့်တယ်ပါတယ်။

အာ့လေး ပြောချင်တာ ဖဘ ထဲ
. ပြောလဲပြောချင်တယ်။
မပြောလဲ မပြောရဲ လို့။ lol;-)))

. နောက်တစ်ချက်က
ဒီ ရွာ ထဲ က စာ တွေ ကို ရွှေပြည်ကြီးက တစ်ခြားသော စီနီယာ လေယာဉ်မှူး များ  မတော်တဆ ကြုံကြိုက်လို့ ဖတ်ခဲ့မိကြ ရင်လဲ သိနိုင်အောင်လို့၊ သိစေချင်လို့ လဲ ဒီမှာ ရေးပါတယ်။

မြစပဲရိုး

About မြစပဲရိုး

Khin Latt has written 240 post in this Website..